ဂျပန်နိုင်ငံက ယုန်တွေနေတဲ့ ကျွန်း...
ဂျပန်နိုင်ငံ Hiroshima နဲ့ Shikoku အကြားမှာ တည်ရှိတဲ့ ကျွန်းငယ်တစ်ခုဖြစ်ပါတယ်... ဒီနေရာဟာ ဒုတိယ ကမ္ဘာစစ်အတွင်းက ထုတ်လုပ်ပြီး အဆိပ်ဓါတ်ငွေ့တွေနဲ့ အခြားဓါတုလက်နက်တွေကို ဂျပန်စစ်တပ်က လျှို့ဝှက်စွာ စမ်းသပ်ဖောက်ခွဲခဲ့တဲ့ နေရာတခုလို့လည်း ဆိုပါတယ်...။
အခုချိန်မှာတော့ ဒီကျွန်းငယ်ကလေးဟာ ချစ်စဖွယ် ဒေသခံ ယုန်ကလေးတွေနဲ့ ပြည့်နေပါတယ်...
ဒီကျွန်းမှာနေတဲ့ ယုန်တွေကို အန္တရာယ်ပေးနိုင်တဲ့ ခွေး၊ ကြောင် စတဲ့ အလားတူ တိရစ္ဆာန်တွေကိုလည်း တာဝန်ရှိသူတွေက မွေးမြူခွင့် မပေးဘူးလို့ ဆိုပါတယ်.. ကျွန်းရဲ့အကျယ်အ၀န်းဟာ 700,000 square meters ရှိပြီး... လူတွေနဲ့ ရင်းနှီးကျွမ်းဝင်နေတဲ့ ယုန်ငယ်လေးတွေကို နေရာတိုင်းမှာ တွေ့ရမှာပါ...
ဒုတိယကမ္ဘာစစ် ပြီးတဲ့နောက်ပိုင်းအချိန်မှာ ဒီယုန်တွေဟာ ဘယ်ကလာပြီး ဘယ်သူတွေ လွှတ်သွားတယ် ဆိုတာက ပဟေဋိတခု ဖြစ်နေပါတယ်... တချို့အဆိုအရ ၁၉၇၁ ခုနှစ်မှာ တောင်တက်ကျောင်းသား တစု ရောက်လာပြီး ယုန် ၈ ကောင် လွှတ်ခဲ့ရာမှ ယခုလို များပြားလာတယ်လို့လည်း ဆိုပါတယ်...
မည်သို့ပင်ဖြစ်စေ ယခင်အတိတ်က ဓါတုလက်နက်တွေနဲ့ ပတ်သက်တဲ့ လုပ်ရပ်တွေကြောင့် ဒီယုန်ကျွန်းငယ်လေးဟာ ယနေ့အချိန်ထိ လုံခြုံစိတ်ချမှု ရှိ၊မရှိ ဆိုတာကိုတော့ သံသယရှိနေဆဲပါ....။
- (အရှေ့သို့) British ပန်းချီဆရာ Neil Simon ရဲ့ ဆီဆေးပန်းချီလက်ရာ... ဆေးစွမ်းထက်သော သလဲသီး...Abortion causes ကိုယ်ဝန်ပျက်စေတဲ့ အကြောင်းတရားတွေ (+18)Syphilis Tests ဆစ်ဖလစ်ရောဂါ စမ်းသပ်နည်းများ (+18)သတိထားရမည့် တို့ဆေးနှင့် မေ့ဆေး အန္တရာယ်မိန်းကလေးတိုင်း သိထားသင့်တဲ့ မိမိခန္ဓာကိုယ်ပေါ်က ယောင်္ကျားလေးများ စိတ်ဝင်စားဆုံးနေရာများ...Jennifer Lawrence..
- (အနောကျသို့) The Statistically Most Deadly Things.... ဆေးစွမ်းထက်သော သလဲသီး...Abortion causes ကိုယ်ဝန်ပျက်စေတဲ့ အကြောင်းတရားတွေ (+18)Syphilis Tests ဆစ်ဖလစ်ရောဂါ စမ်းသပ်နည်းများ (+18)သတိထားရမည့် တို့ဆေးနှင့် မေ့ဆေး အန္တရာယ်မိန်းကလေးတိုင်း သိထားသင့်တဲ့ မိမိခန္ဓာကိုယ်ပေါ်က ယောင်္ကျားလေးများ စိတ်ဝင်စားဆုံးနေရာများ...Jennifer Lawrence..