ဗိုက်အောင့်ခြင်းကို သက်သာစေမယ့် အချစ်ဟော်မုန်း
Health Updates Journal No. 106
အောက်ဆီတိုဆင်ဟော်မုန်းကို အချစ်ဟော်မုန်းလို့ လူသိများပါတယ်။ ဒါပေမယ့် အချစ်ဟော်မုန်းမှာ နာတာရှည်ဗိုက်အောင့်ခြင်းကို သက်သာစေတဲ့ အစွမ်းရှိနေကြောင်း သုတေသနတစ်ရပ်မှာ ဖော်ပြ ထားပါတယ်။
Queensland တက္ကသိုလ်မှ ပါမောက္ခ Paul Alewood ဟာ အောက်ဆီတိုဆင်ဟော်မုန်းဟာ နာတာရှည်ဗိုက်အောင့်၊ ဗိုက်နာခြင်းကို သက်သာစေတယ်ဆိုတာကို တွေ့ ရှိခဲ့ပါတယ်။ အဲဒီဟော်မုန်းဟာ လူမှုဆက်ဆံရေး နှောင်ဖွဲ့မှုကို တိုးပွားစေပြီးချစ်တင်းနှောတဲ့အခါ ထွက်ပေါ်တတ်တဲ့ ဟော်မုန်းဖြစ်ပါတယ်။ “အစာခြေစနစ်မှာ အောက်ဆီတိုဆင် ဟော်မုန်းဟာ ကြာကြာနေနိုင်ပြီး ဟော်မုန်းရဲ့ မော်လီကျူးတွေဟာ အူနဲ့ အစာအိမ်ရဲ့ အာရုံကြော receptorတွကို သက်ရောက်မှုရှိစေပါတယ်”လို့ ရှင်းပြထားပါတယ်။
အောက်ဆီတိုဆင်ဟာ နာတာရှည်ဗိုက်အောင့်ခြင်းကို ဖြစ်စေတဲ့ irritable bowel syndrome့ ကို သက်သာစေတယ်လို့ ဖော်ပြထားပါတယ်။ ဒါပေမယ့် ရောဂါမဖြစ်ပွားတဲ့ အူနံရံကိုတော့ ဘာဆိုးကျိုးမှ မပေးကြောင်းကိုလည်း သိရှိရပါတယ်။
အခုတွေ့ရှိမှုကို Journal Nature Communications မှာ ဖော်ပြထားပါတယ်။
သက်နှင်း
ref;ANI
- (အနောကျသို့) HIV ပိုး ကူးစက်ခြင်းကို ကာကွယ်ပေးနိုင်မယ့် မိန်းမကိုယ်လိမ်းခရင် Pregnancy expectation ကိုယ်ဝန်ရချင်လို့Flibanserin အမျိုးသမီးတွေ အတွက်ဆေးAbortion Pills ဖျက်ဆေးတွေအကြောင်းစိတျဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... လာမယ့် ဧပြီလ (၁၁) ရက်နေ့တွင် မန္တလေးမြို့မှာ ကျင်းပမယ့် Past & Present SOE THU LIVE @ Mandalay စာနယ်ဇင်းရှင်းလင်းပွဲ သရုပ်ဆောင် ဆုပန်ထွာ နဲ့ မယားကြီးရဲ့ ကြေငြာချက် ဥက္ကာကျော် ရှင်းလင်း