အမေရိကန်နိုင်ငံတွင် ဖန်တီးပြုလုပ်ထားသော မြင်လွှာဖြင့် အောင်မြင်စွာ ခွဲစိတ်ကုသနိုင်ခဲ့
Health Updates Journal No. 106
အမေရိကန်နိုင်ငံမှာ မျက်စိအမြင်ကွယ်လုနီးပါးဖြစ်နေတဲ့ လူနာနှစ်ဦးမှာ ဖန်တီးပြုလုပ်ထားတဲ့ မြင်လွှာအတု (artificial retina)ုကို ခွဲစိတ်တပ်ဆင်ပေးနိုင်တယ်လို့ လေ့ လာမှုတစ်ရပ်မှာဖော်ပြထားပါတယ်။
တပ်ဆင်ပေးခဲ့တဲ့ မြင်လွှာကို Argus II retinal prothesis လို့ခေါ်ဆိုပြီး အမေရိကန်နိုင်ငံအစား အသောက်နဲ့ ဆေးဝါးကွပ်ကဲမှုအဖွဲ့ရဲ့ ထောက်ခံချက် ရရှိပြီးဖြစ်ပါတယ်။ လူနာဟာ အမြင်အာရုံကို နဂိုအတိုင်း ပြန်ရဖို့ လေ့ကျင့်မှုတွေ ပြုလုပ်ရမှာ ဖြစ်ပြီး တစ်လကနေ သုံးလအထိ ကြာမြင့်နိုင်ပါတယ်။
ပထမလူနာကို ဇန်န၀ါရီလ၁၆ရက်မှာ တပ်ဆင်ပေး နိုင်ခဲ့ပြီး ဒုတိယလူနာကို ဇန်န၀ါရီ လ၂၂ရက်မှာ တပ်ဆင်ခဲ့ပါတယ်။ ခွဲစိတ်ထားတဲ့လူနာတွေဟာ ကင်မရာပါဝင်တဲ့ မျက်မှန်တွေကို တပ်ဆင်ထားရမှာဖြစ်ပြီး အဲဒီကင်မရာကနေ လျှပ်စစ်စီးချက်ကလေးတွေနဲ့ ပုံရိပ်တွေအဖြစ် ပြောင်းလဲပေးမှာ ဖြစ်ပါတယ်။ အဲဒီလျှပ်စစ်စီးချက်ကလေးတွေက မြင်လွှာအတု မျက်နှာပြင်က အီလက်ထရုပ်ကို လှုံ့ဆော်ပေးတာကြောင့် အမြင်အာရုံကို ရရှိစေမှာပါ။
ဒီခွဲစိတ်မှုကို မွေးရာပါမျက်လုံး ရောဂါ retinitis pigmentosa ဖြစ်နေသူနှစ်ဦးမှာ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီရောဂါဖြစ်နေရင် မြင်လွှာက အလင်းအာရုံခံဆဲလ်တွေ ယိုယွင်းပျက်စီးပြီး နောက်ဆုံးမှာ အမြင်အာရုံတောင် ကွယ်နိုင်တယ်လို့ သိရပါတယ်။ ခွဲစိတ်မှုကို University of Michigan Kellogg ၊ မျက်စိကုဌာနမှ ခွဲစိတ်ဆရာဝန် Dr.Thiran Jayasundera နဲ့ Dr.David N Zacks တို့က ဦးဆောင်ခဲ့တာဖြစ်ပါတယ်။ “လူနာနှစ်ဦးလုံးဟာ ခွဲစိတ်ပြီး မြင်လွှာအတုကို ထည့်သွင်းပြီးနောက်ပိုင်းမှာ သူတို့ရှေ့မှာရှိတဲ့ အရာအားလုံးကို ကြည်လင်စွာမြင်ရပါတော့မယ်။ အခု တပ်ဆင်ပေးလိုက်တဲ့အတွက် အမှီအခိုကင်းကင်းနဲ့ ဘ၀အရည်အသွေး တိုးတက်လာတော့မှာ ဖြစ်ပါတယ်”လို့ Dr.Thiran ကပြောပြခဲ့ပါတယ်။
သန့်စင်
ref;ANI
- (အရှေ့သို့) ကမၻာ့ ကင်ဆာရောဂါဆိုင်ရာနေ့ ဆေးစွမ်းထက်သော သလဲသီး...Abortion causes ကိုယ်ဝန်ပျက်စေတဲ့ အကြောင်းတရားတွေ (+18)Syphilis Tests ဆစ်ဖလစ်ရောဂါ စမ်းသပ်နည်းများ (+18)သတိထားရမည့် တို့ဆေးနှင့် မေ့ဆေး အန္တရာယ်မိန်းကလေးတိုင်း သိထားသင့်တဲ့ မိမိခန္ဓာကိုယ်ပေါ်က ယောင်္ကျားလေးများ စိတ်ဝင်စားဆုံးနေရာများ... LG Chromebase All In One Review
- (အနောကျသို့) ဗိုက်အောင့်ခြင်းကို သက်သာစေမယ့် အချစ်ဟော်မုန်း ဆေးစွမ်းထက်သော သလဲသီး...Abortion causes ကိုယ်ဝန်ပျက်စေတဲ့ အကြောင်းတရားတွေ (+18)Syphilis Tests ဆစ်ဖလစ်ရောဂါ စမ်းသပ်နည်းများ (+18)သတိထားရမည့် တို့ဆေးနှင့် မေ့ဆေး အန္တရာယ်မိန်းကလေးတိုင်း သိထားသင့်တဲ့ မိမိခန္ဓာကိုယ်ပေါ်က ယောင်္ကျားလေးများ စိတ်ဝင်စားဆုံးနေရာများ... LG Chromebase All In One Review