လူငယ်တို့အတွက် လက်ခုပ်သံ
ဘဝနှင့်ရှင်သန်ခြင်း ခရီးလမ်းတစ်လျှောက်အားလုံး လျှောက်လှမ်းဖြတ်သန်းနေကြသည်။ အချို့က လမ်းကောင်းလမ်းချောမှဖြတ်သွားရသည်။ အချို့က လမ်းကြမ်း လမ်းညံ့က ဖြတ်နေကြရသည်။ လမ်း ကောင်းတွေ့သူတိုင်းလည်း ခရီးမဆုံး၊ အရှုံးပေးသွားကြသည်။ လမ်းကြမ်းကြမ်းက လာရသူထဲက လိုရာခရီးတိုင်ရောက်ကြသူများလည်း ရှိသည်။ အချောအညံ့ ဘယ်လမ်းမျိုးကသွားရသည်ဖြစ်စေ ကိုယ့်ခရီးကိုယ့်လမ်းကိုလျှောက်ဖို့ ယုံကြည်ချက်ခိုင်ခိုင်မာမာရှိဖို့က အရေးကြီးသည်ဟုမြင်သည်။
ရှင်သန်ရပ်တည်မှုအတွက် ဘဝတစ်ခုဖြင့်ပိုင်ဆိုင်မှုအရင်းပြုကြရာတွင် အရင်းခံကောင်းမကောင်းဟူ၍ ရှိပါမည်။ လက်တွေ့ဘဝတွင် အရင်းကောင်းတိုင်းအမြတ်ကောင်းချင်မှ ကောင်းသည်။ အရင်းအနှီး နည်းငြားလည်း အကျိုးစီးပွားဖြစ်ထွန်းမှုက အံ့ဘနန်းရှိနိုင်ပြန်သည်။ ရှောင်မရလွှဲမရသော ရင်ဆိုင်ရမှု အတွက် အကောင်းအဆိုးအဖုံဖုံကို 'နင်လားဟဲ့လောကဓံ' ဟုစိန်ခေါ်အားမာန်ဖြင့် ရင်ဆိုင်ကြရမည် သာဖြစ်သည်။ ရှောင်၍မှမရပေပဲကိုး။ အထူးသဖြင့်အပြောင်းအလဲတွေလည်း မြန်ဆန်၊ အပြိုင်အဆိုင် တွေလည်းကြီးမား၊ သူဦးသူကိုယ်ဦးကိုယ်ဖြစ်နေသော ကျင့်ဝတ်ပါးသည့် ယခုလိုကာလမျိုးတွင် အရိုင်း ဆန်သောအားမာန်မွေးပြီးရင်ဆိုင်ကြစတမ်းဟူ၍ ကားမဖြစ်သင့်။ နှေးကောင်းနှေးမည်၊ လေးသည်ဟု မဆိုသာသောအချိန်ယူလျက် မိမိဘဝမိမိအစကို တာထွက်မှန်စေရန် အစီအမံကောင်းဖို့တော့ လိုမည်။ ဒါကိုလုပ်ကိုလုပ်ရမည့် လိုအပ်ချက်ဟုလည်း ခံယူထားသင့်သည်။ ထို့ကြောင့်စိတ်အားမာန်ကြီးမား ထက်သန်စေသော ယုံကြည်ချက်မွေးယူရေးကို လူငယ်များကိုယ်စီရှိသင့်သည်။
သို့အတွက်ထင်ရှားကျော်ကြား အောင်မြင်သူတို့၏ အဆိုအမိန့်စကားများနှင့် ဘဝပေးမှတ်ချက်များကို လည်း အကိုးအကားပြု ဖော်ပြလိုပါသည်။ အောင်မြင်သူတို့၏အတွေ့အကြုံဟု ဆိုအပ်သောဘဝပေး အသိသည် ရယူတတ်သူများအတွက် အဖိုးအနဂ္တတန်ရှားပါးပစ္စည်းများဖြစ်သလို ယုံကြည်ချက်ကို ခိုင်မာစေသော အထောက်အပံ့ကောင်းရစေပါသည်။
မိမိအနေအဖြင့် တစ်ကြိမ်မကကြိမ်ဖန်များစွာ ပြဿနာဟုဆိုရမည့် ကိစ္စရပ်များကို အများနည်းတူရင် ဆိုင်ကြရဖူးပါလိမ့်မည်။ တစ်ခါတစ်ရံငါ့မှ ဖြစ်ရလေခြင်းဟူ၍လည်း မိမိဘဝကိုပုံချမိသူလည်း ရှိတတ် ကြသည်။ အမေရိကန်မှ တီထွင်သူလည်းဖြစ်၊ အင်ဂျင်နီယာလည်းဖြစ်၊ စီးပွားရေးလုပ်ငန်းရှင်လည်းဖြစ် သူ Charles Franklin Kettering သည်တီထွင်မှု မူပိုင်ခွင့် ၁၈၆ ခုပိုင်ဆိုင်နိုင်ပြီး Delco ကိုစတင်ထူ ထောင်သူဖြစ်သည့်အပြင် General Moter ၏သုတေသနအရာရှိချုပ်ဖြစ်ခဲ့သည်။ Refrigeration နှင့် Air conditioning systems တီထွင်မှုများတွင် ပါဝင်ခဲ့သူဖြစ်သည်။ သူ့ဘဝတာ ၁၈၇၆ မှ ၁၉၅၈ ကာလအတွင်း မည်ကဲ့သို့သောပြဿနာများမည်မျှသော ပမာဏဖြင့်ရင်ဆိုင်ခဲ့ရမည်ကို တွက်ဆနိုင်ပါ သည်။ ထိုသို့သောဘဝအတွေ့အကြုံများကို ဆင်ခြင်၍ A Problem well-stated is a problem half-solved ဟူသောမှတ်ချက်စကားပေးခဲ့သည်။ သို့ဆိုပါလျှင် ပြဿနာကြီးငယ် ရင်ဆိုင်ရသည့် အခါတိုင်း ပြဿနာရင်းမြစ်ကို ဦးစွာရှာရမည်ဟူသော problem solving နည်းစနစ်အရ ဘယ်လိုပြဿနာလဲ၊ ဘယ်လိုဖြစ်တာလဲ၊ ဘာကြောင့်ဖြစ်ရတာလဲ စသည်ဖြင့် စေ့ငုဆန်းစစ်ခဲ့ပါ လျှင် ပြဿနာကို ထက်ဝက် မျှဖြေရှင်းပြီးဖြစ်သည်ဟူသော နည်းပေးလမ်းပြအားပေးစကားကို မှတ်ယူကြသင့်သည်။ စဉ်းစားဆင် ခြင်တတ်မှုသည် တစ်ဦးတစ်ယောက်အတွက် လက်နက်ကိရိယာ တစ်မျိုးအဖြစ် ပိုင်ဆိုင်ထားကြရပါ မည်။ အခက်အခဲပြဿနာကြုံတိုင်း ဝေဖန်ပိုင်းခြားဆင်ခြင်မှုရှိရန် ညွှန်ပြချက်ကိုမှတ်သားလိုက်နာကြ ရန်လိုပါသည်။
ထိုသို့ပင်လူတိုင်းကိုယ်စီရရှိပိုင်ဆိုင်နေကြသည့် ၂၄ နာရီင်္တည်းဟူသော အချိန်ပိုင်းအခြားကို အသုံးချ ပုံအသုံးချနည်းမတူ၊ တန်ဖိုးထားပုံထားနည်းမတူသဖြင့် အကျိုးရလဒ်ခံစားရပုံချတင်း မတူညီရာမှသည် ဘဝချင်းခြားနားသွားရသည်များ မိမိပတ်ဝန်းကျင်မှ ကြားသိကြုံတွေ့ရသော သာဓကများစွာရှိနိုင်ပါ သည်။ The Secret of Yours Future is Hidden in Your Daily Routings ဟူ၍ Micheal Dean Murdock (an American Televangelist) ကအချိန်အသုံးချမှုနှင့် စပ်လျဉ်းသောသူ၏အမြင်ကို မှတ်ချက်ပြုထားသည်မှာ အချိန်၏လေးနက်သောတန်ဖိုးကို မြင်နိုင်ပါသည်။ Murdock သည်သူ၏ ကြီးပွားချမ်းသာနည်းလမ်းရှာ သီအိုရီ (Prosperity Theology) ကို ဟောပြောခဲ့ပြီး The Wisdom Keys With Mike Murdock တီဗီအစီအစဉ်ကိုလည်း လွှင့်ထုတ်ခဲ့သူဖြစ်သည်။
BBA (Business Administration) တက်နေကြသော တပည့်ကျောင်းသားများကို လေ့လာခဲ့ရာ မိမိတစ်နေ့တာတွင် နေ့စဉ်မှန်မှန် ကိုယ်ပိုင်စာကြည့်ချိန်ထား လေ့လာသူနှစ်ရာခိုင်နှုန်းမျှသာရှိကြောင်း အံ့သြဖွယ်တွေ့ရပြီး Facebook and Internet တွင်နေ့စဉ်ပျမ်းမျှ နှစ်နာရီခန့်အချိန်ပေးထားကြသည့် အပြင် သာမန်နေနေစားစား ကုန်လွန်သောအချိန်များက လွန်စွာများနေကြောင်း တွေ့ရပါသည်။ ဤ သည်ပင်ကျောင်းသားတစ်ဦး နေ့စဉ်တာဝန်ဖြင့် ဖြတ်သန်းနေသည့်တိုင်အချိန်ကို ထိထိရောက်ရောက် အကျိုးရှိရှိအသုံးချမှုတွင် မူမမှန်သေးသော အချက်ကိုတွေ့နိုင်ပါသည်။ ဘဝပုံစံအမျိုးမျိုးဖြင့် ရှိနေကြ သောအခြားလူငယ်များ မည်သို့ရှိကြလေမည်ကို စဉ်းစားရင်းပူပန်စိတ် ဝင်ခဲ့ရပါသည်။ ထို့ကြောင့် အချို့ ညည်းတွားကြသည့် ငါ့ကံကိုက မကောင်းပါဘူးကွာဟူသော ချို့ယွင်းချက်ထွက်ပေါက်ရှာ စကားကို ကြားဖူးကြမည်ထင်ပါသည်။ သို့သော်မိမိတစ်နေ့တစ်နေ့ ကုန်လွန်နေသော အချိန်တွေကို အသုံးချတာ မကောင်းလျှင်အလုပ်မကောင်း၍ ကံမကောင်းသောဘဝကို ပိုင်ဆိုင်ရခြင်းပါလားဟု အဖြစ်မှန်အခြေ အနေမှန်ကို သိမြင်လျက်ပြုပြင်နေထိုင် သွားသော် မိမိ၏အနာဂတ်ကိုမိမိ၏နေ့စဉ်အချိန်အသုံးချမှုဖြင့် လိုရာ ပုံဖော်သွားနိုင်စွမ်းရှိသူ ဖြစ်မည်မုချ ဟူ၍ ဗေဒင်ဟောစာတမ်းမထုတ်ဘဲ ယုံကြည်လိုက်နိုင်ပါ သည်။ အနာဂတ်၏ အောင်မြင်ခြင်းတို့သည်မိမိ၏ စက္ကန့်၊ မိနစ်၊ နာရီများအတွင်းပုန်းကွယ်နေသည်ကို လူငယ်များရှာတွေ့နိုင်စေချင်ပါသည်။ အနာဂတ်ဟူသော ရှေ့ကာလအပိုင်းခြားတွေထဲ မှာ အောင်မြင် ခြင်းအပေါင်းလက္ခဏာများနှင့် ကျရှုံးခြင်းအနုတ်လက္ခဏာများ ရောထွေးနေပါ သည်။ နေ့စဉ်နေ့စဉ် တစ်ခုစီရွေးသွားသည့်တိုင်တစ်နှစ်ကုန်သောအခါ မိမိထံတွင်အောင်မြင်ခြင်းအတွက် အပေါင်းလက္ခ ဏာ ၃၆၅ ခုကတော့ အသေအချာစုမိပြီး ဖြစ်ပါလိမ့်မည်။
Dynamic Change and Turbulent Time ဟူ၍ပြောနေကြသော ယနေ့အခါတွင် စွမ်းနိုင်သောအခြေ အနေအလျောက် အားထုတ်နေကြသူများရှိသည်၊ ဒီနေရာတွင် အဖိုးတန်မှတ်ချက်ကလေး တစ်ခုကို ဖော်ပြလိုပြန်ပါသည်။ စကော့စာရေးဆရာ Samuel Smiles (1812-1904) က The shortest way to do many things is to do thing at once ဟူ၍မှတ်ချက်ပြုထားပြီး အလားတူဆိုထုံးများလည်း ရှိပါ သည်။ မိမိဘဝတက်လမ်းအတွက် ဖြစ်စေ၊ လုပ်ငန်းခွင်အတွင်း လုပ်ဆောင်ချက်ကောင်းစေရန်ဖြစ်စေ၊ ရည်မှန်းချက်တစ်ခုခုကိုရရှိအောင် အားထုတ်ရာတွင်ဖြစ်စေ ရှေ့သို့ရောက်လိုဇောဖြင့် လျင်လျင်မြန် မြန်ပြီးမြောက်စေလိုစိတ်သည် အမှားမှားအယွင်းယွင်း ဖြစ်စေတတ်သဖြင့် … Be not afraid still… (chineses proverb) ဟူ၍လည်း ဆိုထားသည်ဖြစ်ရာ ရှေ့မရောက်မှာစိုး၍ အလျင်လိုခြင်းထက် တစ်ခုဆိုဆို သလောက်ပြီးမြောက်ခြင်း သည် ရှေ့သို့တိုးသွားနေသော movement ကိုမိမိရနေခြင်းဖြစ် သည့်အပြင် sound step ဟုဆိုရမည့် ခိုင်မြဲသောခြေလှမ်းများကို ချသွားနိုင်သည်မည်၍ ခြေချော် လက်ချော်ခြေမခိုင် လက်မခိုင်အဖြစ်က လွတ်ကင်းနေပါမည်။ မိမိ၏လိုအင်အတွက် ဖြည့်ဆည်းရာ တွင် အစီအစဉ်ကျကျနနချတတ်ရန်က ပိုအရေးကြီးပြီး အစီအစဉ်ကောင်းတစ်နည်း strategic plann-ing ရှိသော် မှန်မှန်သာအကောင်အထည်ဖော်ပါ။ အောင်မြင်မှုသည် ရွှေပြည်တော်မျှော်မဝေးပြီဟူ၍ မှတ်ယူမျှော်မှန်းနိုင်ပါလိမ့်မည်။
လူ့ဘဝတစ်ခုနှင့် လူ့သမိုင်းထဲကလူဖြစ်နေသော မိမိအတွက် အတ္တနှင့်အောင်မြင်ခြင်းကို ခွဲခြားလျက် ဘဝတစ်သက်တာတွင် မြင့်မြတ်သော ရည်မှန်းချက်များဖြင့် အောင်မြင်ခြင်းများကို ဆင့်ကဲဆင့်ကဲ ရယူသွားနိုင်ရန် အားထုတ်နေခြင်းသည် ရှင်သန်ခြင်း၏ ဂုဏ်ကိုမြင့်မားစေပါသည်။ မိမိအကျိုးထက် လောကကောင်းကျိုးဟု ဆိုအပ်သော ပရဟိတအလုပ်များကို မရပ်မနားတရစပ် လုပ်နေခြင်းသည် မြတ် သောဂုဏ်ဖြင့်မြတ်သော လူအဖြစ်ရစေနိုင်သည်ဖြစ်ရာ အချို့သည်ဘဝမျှော်မှန်းချက်ပြည့်မြောက် သည်ထင်သည်နှင့် ငြိမ်သက်သွားလေတော့သည်။ တစ်နည်းမိမိအောင်မြင်ခဲ့လေပြီဟု မှတ်ယူကာ သေခြင်းတရားသို့စောင့်မျှော်လျက် လောကစည်းစိမ် ခံနေသည်နှင့် အလားတူလှသည်။ Zen Proverb တစ်ခုတွင် when you rearch the top, keep climbing ဟုဖော်ပြချက်ရှိသည်။ ဘဝကောင်းပိုင်ရှင် သည် ငွေကြေးဓနဥစ္စာကြွယ်ဝ ချမ်းသာသူ မဟုတ်ပါ။ လောကအလှတရားများ ကို ခြယ်မှုန်းနိုင်သော ပရဟိတသမားများသာ ဖြစ်သည်။ ထိုသူများတွင် ဘယ်သောအခါမှ ဆုံးခန်းမတိုင်နိုင်သော လုပ် ဆောင်စရာများရှိနေတတ်သည်။ သို့သော်၎င်းတို့သည် ပရဟိတလုပ်ငန်းများသာ ဖြစ်သည်။ ၎င်းပရ ဟိတအလုပ်သည် ဘယ်အခါမှမဆုံးနိုင်ပါ။ မိမိ၏တစ်ကိုယ်ရည်အောင်မြင်မှုမှသည် အများဆိုင်အောင် မြင်ခြင်းသို့ ရှေ့ရှုရန် ခံယူချက်သည် Zen proverb လာအတိုင်းဖြစ်သင့်ပါသည်။
မိမိ၏ရည်မှန်းချက်တို့သည် ဟိုရှေ့ကတစ်ပြ၊ ဟိုရှေ့ကတစ်ခေါ်မျှမဟုတ် မိုးကုတ်စက်ဝိုင်းထိတိုင် ရည်မှန်းချက်မြင့်မားအပ်ပါသည်။ အဘယ်ကြောင့်ဆိုသော် မိမိသည်သာမန်ဘဝအတွက် မွေးဖွား လာ ခြင်းမဟုတ်ဟု ခံယူထားသင့် ခံယူထားအပ်၍ဖြစ်ပါသည်။ သို့ဆိုပါလျှင် ကွယ်လွန်သူ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း Dag Ham Marskjold (1905-61) ၏စကားကို ညွှန်းရပါမည်။
Never lookdown to test the ground before taking your nextstep. Only he who keeps his eye fixed on the far horzin will find the rigt road ဟူ၍ဖြစ်ပါသည်။ နောက်အလေးအနက်မှတ် ဖွယ်ရာစကားမှာ Opportunities multiply as they are seized ဟူသော Sun Tzu 500 BC ၏ စကားပင်ဖြစ်ပါသည်။ ထိုအဆိုများသည် စဉ်းစားလေနက်နဲကျယ်ဝန်းလေဖြင့်သင့်ကို အောင်မြင်ခြင်း နိမိတ်ပုံပေးနေဘိသို့ အလားခံစားလာရစေနိုင်သည်ဟု ထပ်ခါတိုက်တွန်းအားပေးလိုပါသည်။ မိမိဘဝ အတွက်နှင့် အများအတွက်ပါ တစ်ထပ်တည်းထား အားထုတ်နိုင်ကြစေလိုလှပါသည်။
အနာဂတ်ကို ပိုင်စိုးသော လူငယ်တို့၏အောင်မြင်ခြင်းသည် လူငယ်တို့၏ တိုင်းနိုင်ငံအတွက် အောင်မြင်မှု များသာ ဖြစ်လေသောကြောင့် လူငယ်တို့စွမ်းသာနိုင်သမျှသည်လည်း တိုင်းပြည်၏အကျိုးစီးပွား မည်ပေရာ ရှေ့အနာဂတ်တွင် မြန်မာနိုင်ငံတော်ကြီးကို ဤကမ္ဘာမြေထက်ဝယ် ငြိမ်းချမ်းသာယာ ချမ်း မြေ့သော ပြည်ထောင်စုကြီးအဖြစ် တည်ဆောက်နိုင်သူတို့မှာလည်း လူငယ်တို့သာ အစစ်အမှန်ဖြစ် လေသည်ကြောင့် ရှေးရှေးအောင်မြင်သူတို့ထုံးနှလုံးမူအောင် လံထူနိုင်ကြစေရန် အလို့ငှာ ဖော်ပြမျှဝေ လိုက်ပါသည်။ လက်ဆောင်စကားထပ်ပါးရပါလျှင် Until we can manage time, we can manage nothing….(Peter Drucker) Never bend your head, Always hold it high. Look the world straight in the face….(Helen Keller) ဟူ၍ဖြစ်ပါသတည်း။
မော်ဒန်သတင်းဂျာနယ်
အမှတ်(၃၉၄)၊ ဇန်နဝါရီ ၃၁၊ ၂၀၁၄