Bringrr



ကားနဲ့ ခရီးဆက်နေရင်း ပါသင့်တဲ့ လက်စွဲပစ္စည်းတွေ အိမ်မှာ မေ့ကျန်တတ်ကြတဲ့ သူတွေအကြိုက် အချိန်မီ သတိပေး နိုင်မယ့် ပစ္စည်းလေး Bringrr အကြောင်း ဒီဆောင်းပါးမှာ မိတ်ဆက်ထားပါတယ်။

ဒီပစ္စည်းလေး နာမည် ကတော့ Bringrr လို့ ခေါ်ပါတယ်။ အရွယ်အစား ကတော့ ဓာတ်မီး အသေးစား လောက်ရှိပြီး တစ်ဖက်မှာ အားသွင်း လို့ရတဲ့ အတံနဲ့ တစ်ဖက် မှာတော့ စက်ဝိုင်းပုံ LED မီးနဲ့ သူ့အလယ် မှာတော့ USB အပေါက် ပါပါတယ်။ သူ့ကို သုံးချင်ရင် ကားမှာ Cigarette lighter receptacle ရှိဖို့ လိုပါတယ်။ အဲဒီ Cigarette lighter ဟာသယ်ဆောင် ရလွယ်တဲ့ လျှပ်စစ် ပစ္စည်းတွေ အားသွင်းနိုင်ဖို့ ကားဘတ် ထရီနဲ့ ဆက်သွယ် ထားတဲ့ အားသွင်း အတံလေး ဖြစ်ပါတယ်။ ပထမဆုံး အဆိုပါ Cigarette lighter နဲ့ Bringrr ကို ချိတ်ဆက် ပေးရပါမယ်။ ကားစက်နှိုး လိုက်တာနဲ့ Bringrr က Bluetooth ကို အသုံးချပြီး သူနဲ့ ချိတ်ဆက် ထားသမျှ လျှပ်စစ် ပစ္စည်း မှန်သမျှကို လိုက်ရှာ ပါတယ်။ အ ကယ်၍ မတွေ့ခဲ့ရင် သူ့ဆီမှာ ရှိတဲ့ LED မီးက အပြာရောင် မီးလင်းတဲ့ အပြင် အသံနဲ့လည်း အချက်ပြပါတယ်။



Bluetooth ပါတဲ့ လျှပ်စစ် ပစ္စည်းတင် မကပါဘူး။ စာအုပ်လို၊ အိတ်လို ပစ္စည်း တွေမျိုး လိုပါ ရှာနိုင်ပါတယ်။ ဒါပေမယ့် BringTag ဆိုတဲ့ အ ပြားလေး တွေတော့ လိုပါတယ်။ ဒီအပြားလေး တွေရဲ့ ပုံစံက စူပါမားကတ် တွေက အိတ်မှတ်တဲ့ အ၀ိုင်းလေး တွေနဲ့ ခပ်ဆင်ဆင် တူပါတယ်။ အရွယ်သေးတယ် ဆိုပေမယ့် သူ့မှာ တစ်နှစ်လောက် မလဲဘဲ သွားနိုင်တဲ့ ဘတ်ထရီ ပါရှိပါတယ်။ သူက ဒီအတိုင်း Bringrr ကို တန်းပြီး အ ချက်ပြတဲ့ အပြင် လက်ကိုင်ဖုန်းလို Mobile Devices တွေနဲ့ပါ ဆက်သွယ် နိုင်ပါတယ်။ မမေ့ဖို့ ကတော့ ကိုယ့်ဖုန်းမှာ Bringrr Applicationလေး သွင်း ထားဖို့ပါပဲ။ အဆိုပါ Application ကို iOS ကော Android မှာပါ သုံးလို့ ရပါတယ်။ ကောင်းတဲ့ အချက် ကတော့ လက်ကိုင်ဖုန်း မှာပါတဲ့ Bringrr App က ဖုန်းမှာ ပါတတ်တဲ့ GPS စနစ်နဲ့ပါ တွဲဆက်ပြီး BringTag တွေ တည်နေရာကို ရှာနိုင် တာပါပဲ။ အရေးကြီး ကိစ္စအတွက် ယူ ဆောင် သွားရမယ့် ပစ္စည်း တွေကို အလွယ်တကူ ရှာနိုင်တဲ့ အချက် ကတော့ သူ့ရဲ့ အားသာချက် ပါပဲ။



Bringrr ဟာ Google Glass နဲ့လည်း တွဲသုံးလို့ ရပါတယ်။ Bringrr က အချက်ပေး လိုက်တာနဲ့ Google Glass မှာကားပေါ်ကို ဘာပစ္စည်းတွေ ပါမလာ ဘူးလဲ ဆိုတာ နာမည် နဲ့တကွ တန်းပေါ် လာပါတယ်။ Google Glass နဲ့တွဲဖက်ဖို့ နောက်ကောင်းတဲ့ တစ်ချက် ကတော့ BringTag တပ်ပေး ချင်တဲ့ ပစ္စည်းကို Google Glass နဲ့ ဓာတ်ပုံ ရိုက်တာနဲ့ Virtual BringTag လုပ်ပေး နိုင်ပြီး တည်နေရာ ကိုလည်း မြှားတွေ သုံးပြီး ညွှန်ပြ နိုင်ပါတယ်။ ယခုလို အဆင်ပြေပြီး အသုံး ၀င်လှတဲ့ Bringrr တီထွင်သူများ ကတော့ Bringrr CEO Aldo Beqiraj နဲ့အဖွဲ့ ပဲဖြစ်ပြီး ၂၀၁၂ ခုနှစ် အောက်တိုဘာလ ကတည်းက စတင် တီထွင်ခဲ့ ကြတာပါ။ သူတို့လည်း တီထွင်သူ တွေကို လက်ကမ်း ကူညီပေး နေကြတဲ့ Kickstarter campaign နဲ့ပဲ စတင်ခဲ့ ကြတာပါ။ လောလောဆယ်တော့ သူတို့ရဲ့ ပစ္စည်းကို ကောင်းသထက် ကောင်းအောင် ပြုလုပ်နေပြီး လာမယ့် မေလ မှာတော့ စတင် ဖြန့်ချီမယ်လို့ သိရပါတယ်။ အကယ်၍ ဖြန့်ချီဖြစ်ရင် Bringrr တစ်ခုဟာ ၂၉ ဒေါ်လာ ရှိနိုင်ပြီး BringTag ကတော့ ၁၉ ဒေါ်လာ ရှိနိုင် ပါတယ်လို့ ခန့်မှန်းထား ကြပါတယ်။ ဒါပေမယ့် ၀ယ်သူ လက်ထဲ ရောက်မယ့် ဈေးနှုန်း ကတော့ လက်ဝယ် ရောင်းချတဲ့ သူတွေအပေါ် မူတည်ပါတယ်လို့ ဆိုပါတယ်။

Bringrr™ - Helping You Keep Track Of What Matters Most from Bringrr on Vimeo.

စိတ်ကူးကောင်းနဲ့ အကူပစ္စည်း ကောင်းတွေ ထုတ်လုပ်မှုဟာ လူသားတွေ လိုအပ်တဲ့ ကွက်လပ်တွေကို တစ်ဖက် တစ်လမ်းက ဖြည့်ဆည်းပေး နိုင်တဲ့ ကောင်းကျိုးကို ပေးပါတယ်။ အဓိက လိုအပ်ချက် ကတော့ Bringrr တီထွင်သူ တွေလို လတ်ဆက်တဲ့ အတွေးအမြင် တွေးခေါ်သူတွေ ကို လက်ကမ်း တွဲခေါ်ဖို့ပဲ ဖြစ်ပါတော့တယ်။

Images from vimeo, difitaltrends. Source: digitaltrends.com

Author Paing Hmu Ko
MYMC

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...