Hydatidiform mole စပျစ်သီး-ကိုယ်ဝန်


Feb 26, 2011 at 9:16 AM
H mole ဆိုရင် သားအိမ် ၂ ခါ ခြစ်ရတယ်ဆိုတာ ဆက်တိုက်ခြစ်ရတာလား ရက်ခြားပြီးမှခြစ်ရတာလား။ ကျမကတော့ ဘာဖြစ်တယ် ဆိုတာ အခုထိ မသိရသေးပါဘူး။ ဆရာ့စာထဲမှာ H mole ဆိုရင် နောက်ပိုင်းမှာ ကင်ဆာ Risk ရှိတယ်လို့ တွေ့ရလို့ သိချင်လို့ပါ။

• Molar pregnancy (H Mole) စပျစ်သီးကိုယ်ဝန်ဆိုတာ ပုံမှန်မဟုတ်ပါ။ အသက်ဆက်မရှင်နိုင်တဲ့ ပေါင်းစပ်ပြီးသား မျိုးဥက သားအိမ် အတွင်း နံရံမှာလာ တွယ်ကပ်တယ်။ မျိုးဥမှာ DNA ပျောက်သွားတယ်။
• ရာသီထိန်မယ်။ ၁၂ ပါတ်ကျော်ရင် ဗိုက်စမ်းတော့ သားအိမ်အမြင့်က ရာသီထိန်တာထက် ပိုမြင့်နေမယ်။
• (အာလ်ထွာဆောင်း) မှာ ကလေးမဟုတ်ဘဲ (တစ်ရှူး) တွေသာ တွေ့ရမယ်။
• Gestational trophoblastic disease ရောဂါလို့ခေါ်တယ်။
• Blood B-hCG levels ကို စစ်မယ်။ ကိုယ်ဝန်ရှိ-မရှိစစ်ရတဲ့ ဟော်မုန်းကို သွေးမှာစစ်ရင် နည်းနည်း လာတာ တွေ့ရမယ်။ ပုံမှန်ကိုယ်ဝန်က များများလာရမယ်။
• D and C အထဲရှိတာ အားလုံးထွက်အောင် သားအိမ်ခြစ်ရမယ်။ နောက်တလနေရင် တခါ ထပ်ခြစ်မယ်။
• သိပ်ရှားရှားပါးပါး Hysterectomy သားအိမ် ထုတ်ရတယ်။
• အသားစကို ဓါတ်ခွဲစစ်တာ Biopsy လုပ်မယ်။
• သားအိမ်ခြစ်ပြီးနောက် သွေးထဲက HCG အနည်း-အများ စစ်တယ်။ ကျန်နေသးတာ သိအောင်လို့ လုပ်တာပါ။ ၁ ပါတ် ၂ ခါစစ်ကြတယ်။ ၁ဝ ပါတ်နေရင် ပုံမှန်ဖြစ်နေတာ တွေ့မယ်။
• ပုံမှန်မဟုတ်တာ တွေ့လာရင် ဦးနှောက်၊ ရင်ပတ်၊ ဗိုက်၊ တင်ပါးဆုံနေရာတွေကို Computed Tomography (CT) ရိုက်စစ်မယ်။ အဆုပ်မှာ ရောဂါရှိ-မရှိသိအောင် Chest x-ray ရင်ပတ် ဓါတ်မှန်ရိုက်မယ်။
• လိုအပ်သူတွေကိုမှ Methotrexate နဲ့ Chemotherapy ဆေးပေးမယ်။ တချို့ကို Dactinomycin ဆေး စတာတွေပါ ပေးတယ်။
• စပျစ်သီး-ကိုယ်ဝန် ဖြစ်ထားသူတွေကို နောက်ထပ် ၁ နှစ်အတွင်း ကိုယ်ဝန်မဆောင်သေးဘို့ အကြံပေးတယ်။ ဘာလို့လဲ ဆိုတော့ ကိုယ်ဝန်ကြောင့် HCG levels မြင့်လာစေလို့ အရင်ရောဂါကို ဆန်းစစ်ရင် လွဲမှာစိုးရတယ်။ နောက်တခါ ထပ်ဖြစ်မှာလဲ စိုးရိမ်လို့ဖြစ်တယ်။
• နောင်အလားအလာ ကောင်းပါတယ် ၈ဝ% ဘာမှ မဖြစ်ပါ။ ၁% က ဒါမျိုး ပြန်ဖြစ်နိုင်တယ်။
• သားအိမ် ၂ ခါခြစ်ရတာကို အရင်က ပုံသေနည်းနဲ့ သတ်မှတ်ခဲ့တယ်။ ခုခေတ်လို ဓါတ်ခွဲတာ၊ စစ်ဆေးတာတွေ သိပ် မကောင်းသေးချိန်ကပါ။ ဒါတောင်မှ ခေတ်မီ-ခေတ်ပေါ်ဆိုတာ နေရာတကာက လက်လှမ်း မမီကြသေးပါ။ ဒီတော့ ကုသပေတဲ့ OG ကနေ အကောင်းဆုံး ဆုံးဖြတ်ပါမယ်။
• ၈ဝ% က စိုးရိမ်စရာလိုပါ။
• ၁ဝ-၁၅% ကတော့ Invasive moles ဆိုးတာဖြစ်မယ်။ သားအိမ်ခြစ်ပြီးနောက် ဗိုက်နဲ့ ရင်ပတ်ဓါတ် မှန်ရိုက်စစ်သင့်တယ်။
• ၂-၃% ကတော့ Choriocarcinoma ကင်ဆာဖြစ်နိုင်တယ်။ ကြီးတာ၊ ပြန့်တာမြန်တယ်။
• ပြန်ဖြစ်တာက ၁% သာရှိပါတယ်။

Dr. တင့်ဆွေ
၂၆-၂-၂ဝ၁၁

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...