Pregnancy and Vomiting ကိုယ်ဝန်နှင့် အန်ခြင်း


ဆရာ သမီးခုကိုယ်ဝန် ၇ လကျော်မှာ အစားသောက်ပျက်တာအန်ချင်တာ ထမင်းမစားနိုင်တာ ပြန်ဖြစ်နေတယ်ဆရာ။ ၃/၄ရက်လောက်ရှိနေပါပြီဆရာ။ အရည်တော့ဝင်ပါတယ်။ ဘာကိုမှ ကောင်းကောင်းစားချင်စိတ်မရှိဘူဖြစ်နေပါတယ်။ အဲဒါဘာကြောင့်ပါလဲဟင်။ အဖတ်မစားပဲနွားနို့တို့ overtine maltmilk တို့ပဲ သောက်ရင်ရပါသလားရှင့်။ လနုတုန်းကလို အနံ့တွေလဲ မခံနိုင်ဘူးဖြစ်နေပါတယ်။

• ကိုယ်ဝန်ဆောင်သူ ၇ဝ-၈၅ ရာနှုန်းမှာဖြစ်တတ်တယ်။
• ကိုယ်ဝန်ရှိစအန်ခြင်း Morning sickness ကိုယ်ဝန်ရှိစ အိပ်ရာထ ရောဂါအတွက် တခါတရံ ဆေးတွေ အသုံးမကျ ဖြစ်တတ်ပါတယ်။ ဒါ့ကြောင့် မဖြစ်မနေပေးရတဲ့ ဆေးတချို့က လူနာစိတ်သက်သာရစေတဲ့ဆေးလို့ ခေါ်တယ်။
• B-Natal TheraPops နဲ့ B-Natal Lozenges တို့ဟာ ဗီတာမင် ဘီ-၆ ပါတဲ့ ဆေးတွေဖြစ်တယ်။
• Psi Bands Acupressure ကို လက်ကောက်ဝတ်မှာ ပတ်ထားနိုင်တယ်။
• Bands Organic Morning Wellness Tea နဲ့ Organic Heartburn Relieving Tea QueaseEASE နဲ့ Essential Oil Therapy လက်ဘက်ရွက်နည်းနဲ့ အဆီသုံးကုသနည်းတို့ကလည်း ခေတ်သုံးဆေးများ ဖြစ်တယ်။
• Nosic က အန်တာ သက်သာစေတဲ့ဆေး ဖြစ်တယ်။ မနက်ပိုင်းဖြစ်ဖြစ် ညနေပိုင်းဖြစ်ဖြစ် အန်တတ်တဲ့အချိန်လိုက်ပြီး သောက်နိုင်ပါတယ်။ ကိုယ်ဝန်ဆောင်တွေကို ပေးတဲ့ဆေးပါ။ မစိုးရိမ်ပါနဲ့။
• အန်နေသူတိုင်း ORS ဓါတ်ဆားရည် သောက်သင့်တယ်။ အုန်းရည်၊ ရေနွေးကြမ်း သောက်ပါ။ ဓါတ်ဆားရည်ကိုတောင် လိုသလောက် သောက်မရဖြစ်ရင်၊ BP လဲ နည်းရင် RL drip သွင်းရမယ်။ Hyperemesis Gravidarum ကိုယ်ဝန်ဆောင်စဉ် အလွန်အကြွံအန်ခြင်း
• ဘာ့ကြောင့်ဖြစ်ရတယ်ကို တိတိပပမသိပါ။ ကိုယ်ဝန် ၂ဝဝ မှာ ၁ ယောက်မှ ၄ ယောက်ထိ ဖြစ်တတ်တယ်။
• ဆိုးရွားတယ်။ ကြာရင် ကိုယ်အလေးချိန်လျော့၊ အာဟာရနည်း၊ ဓါတ်ဆား အချိုးအဆပြောင်းလဲတာတွေ ဖြစ်လာနိုင်တယ်။
• ကိုယ်ဝန် ၈-၁၂ ပတ်ရှိချိန်မှာ အဖြစ်များတယ်။ ၂ဝ ပတ်ဆိုရင် ၁ဝ% ကလွဲလျင် ပျောက်နိုင်သွားတယ်။
• အနားယူပါ။ အစာကို နည်းနည်းနဲ့ အကြိမ်ခွဲစားပါ။ ပရိုတင်းများများစားသင့်ပြီး အဆီနဲ့အစပ် လျော့သင့်တယ်။
• Normal saline or Lactated Ringer solution သွင်းပေးဘို့ လိုနိုင်တယ်။ ဂလူးကို့စ်၊ ဗီတာမင်ဘီ ၁၊ ဘီ ၆၊ မဂ္ဂနီဆီယမ် ပေးရမည်။
• အအန်သက်သာဘို့ Pyridoxine (B6) 10 mg ဗီတာမင် ဘီ ၆နဲ့ Doxylamine 10 mg ရောပေးသင့်တယ်။ Promethazine 12.5-25 mg ကို ၄ နာရီခြား၊ Prochlorperazine 25 mg ကို စအိုမှ ၁၂ နာရီခြား ပေးနိုင်တယ်။ Meclizine, Dimenhydrinate, Metoclopramide တို့ကိုလည်း ပေးနိုင်တယ်။
• Corticosteroids (Methylprednisolone 16 mg စားဆေး or IV every 8 hours) ကို နောက်ဆုံးအဖြစ် ပေးနိုင်တယ်။ ၃ ရက်နဲ့သက်သာရင် ၂ ပတ်အထိ ဆက်ပေးပါ။ မသက်သာရင် ရပ်ပါ။ ကိုယ်ဝန်နုစဉ် Corticosteroids (စတီရွိုက်) ဆေး မပေးတာ ကောင်းတယ်။
• ဂျင်း (ချင်း) Ginger capsules 250 mg တနေ့ ၄ ကြိမ်လည်း ကောင်းတယ်။
• တရုပ်အပ်စိုက်နည်းမှာ Acupuncture point P6 နေရာမှာ စိုက်ပေးရတယ်။

မိခင်ရော ကလေးပါ ကျန်းမာ-ချမ်းသာကြပါစေ။

Dr. တင့်ဆွေ
၁၈-၂-၂ဝ၁၄

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...