5D Mark III ၏ ေယ်ဘူယ် အားနည်းချက်နှင့် အားသာချက်…

ဒီနေ့ကတော့ တကယ် မင်္ဂလာရှိတဲ့ နောက်ထပ်နေ့တစ်နေ့ပါပဲဗျာ…။

ရှေးဘဝက ပြုခဲ့တဲ့ ကုသိုလ်ကောင်းမှုတွေ လာဆုံသလို…။ မိဘနှစ်ပါးနဲ့ ဇနီးရဲ့ ကျွန်တော့်အပေါ် နားလည်ပေးမှု၊ အားပေးမှု၊ ယုံကြည်မှုတွေကြောင့်…။ ကျွန်တော် အရမ်းလိုချင်ခဲ့တဲ့ Camera တစ်လုံး ဒီနေ့ ကျွန်တော် ပိုင်ဆိုင်ခွင့် ရခဲ့ပြီ ဖြစ်ပါတယ်…။

ဒီလိုရခဲ့ခြင်းဟာ ကျွန်တော့် Tutorial တွေကို အားပေးကြတဲ့ ညီအစ်ကို မောင်နှစ်မတွေ ကြောင့်လဲ အများကြီးပါပါတယ်…။ ဘာလို့လဲဆိုတော့..။ စစခြင်း ကျွန်တော် ဝယ်ခွင့်တောင်းတုန်းက အဖေကလက်မခံပါဘူး..။ သက်သက် ဖြုန်းတာလို့ သတ်မှတ်ပါတယ်…။ ဒါပေမယ့် ကျွန်တော့် Page မှာ ရှိတဲ့ Like တွေ Comment တွေ..။ အားပေးစကားတွေကို ပြလိုက်တဲ့အချိန်မှာတော့ သူလက်ခံ သွားပါတယ်…။ အဲ့ဒါကြောင့် ကျွန်တော့် Page မှာ ရှိတဲ့ ညီအစ်ကို မောင်နှစ်မတွေ အားလုံးကိုလဲ အထူးပဲ ကျေးဇူးတင်ကြောင်း ပြောပါရစေ…။

အခု ကျွန်တော်ရေးမယ့် အကြောင်းကတော့ Canon EOS 5D Mark III ရဲ့ First Impression တွေ ပဲ ဖြစ်ပါတယ်…။

အတိုဆုံးနဲ့ အရှင်းဆုံး…။ ကျန်တဲ့ Camera တွေနဲ့ ဘာကွာသလဲဆိုရင်..။ ဘာမှမဆိုင်လောက်အောင် ကွာပြီး…။ ဘာသာသလဲဆိုရင်…။ ပြောမပြတတ်အောင် သာတယ်လို့သာ ဆိုပါရစေ…။ ကျွန်တော် အပိုပြောတာ မဟုတ်ဘူးဆိုတာ ..။ အောက်မှာ ပြထားတဲ့ Test Shot ပုံတွေက အဖြေပေးပါလိမ့်မယ်…။

Impression No.1 - Display က 3.2″ Widescreen ဖြစ်သွားပါတယ်..။ အရင်လို 3″ မဟုတ်တော့တဲ့ အတွက် ပုံတွေကို ပြန်ကြည့်တဲ့နေရာနဲ့…။ Composition ချတဲ့နေရာမှာ တော်တော် အားသာပါတယ်…။ 60D မှာလည်း 3.2″ ဖြစ်တဲ့အတွက်…။ 60D သမားတွေဆိုရင် အဲ့ဒီ့ အားသာချက်နဲ့ …။ အရသာကို သိပြီးသားဖြစ်ကြပါလိမ့်မယ်..။ 3″ နဲ့ o.2 သာ ကွာတယ်ဆိုပေမယ့်…။ တကယ်တမ်း Composition အပိုင်းမှာတော့ အများကြီး အားသာချက် ရှိသွားပါတယ်…။

Screen Resolution ကလည်း 1,040,000 ဖြစ်တဲ့အတွက် ပုံတွေက တော်တော်လေးကို ကြည်ကြည် လင်လင်နဲ့ Accuracy မှန်တာကိုတွေ့ရပါတယ်…။ အရင် Camera တွေတုန်းက ဖြစ်ခဲ့သလို Camera Display မှာတစ်မျိုး..။ Computer ထဲမှာ တစ်မျိုးမဟုတ်တော့ပဲ…။ တော်တော်ကြီး တူညီတာ ကို တွေ့ရပါတယ်..။

Display ရဲ့ Brightness က ပြင်ပအလင်းရောင် အပေါ်မူတည်ပြီး…။ Auto ထိန်းညှိပေးပါတယ်…။ Canon EOS 1D Mark X မှာတောင် မပါတဲ့ Function ဖြစ်ပါတယ်..။

Impression No.2 – Mode Dial Lock - ဒါကလည်း 60D သမားတွေအတွက် သတိထားမိပြီးသားပါ…။ Mode တစ်ခုကနေ တစ်ခု မတော်တဆ လက်နဲ့ ထိခိုက်မိပြီး ပြောင်းသွားတာမျိုး မဖြစ်အောင်..။ Lock Button လေး ပါ လာပါတယ်..။ ကျွန်တော့်လို ကမူးရှူးထိုးနိုင်တဲ့သူတွေအတွက် တကယ်ပဲ အသုံးဝင်လှပါတယ်..။

7D သမားတွေအတွက်ကတော့ ထည့်ချင်တယ်ဆို ထည့်လို့ရပါတယ်..။ Canon Service Center မှာ US$ 50 လောက်ပေးလိုက်ရင် သူတို့ အဲ့လို ခလုပ်လေး လဲပြီး တပ်ပေးပါတယ်…။

Impression No.3 - အရင်က Control Dial တွေလှည့်ရင် မြည်သလို တတောက်တောက် မမြည်တော့ ပါဘူး..။ လုံးဝ ငြိမ်ပြီး လှုပ်ရှားပါတယ်…။ Conference လိုနေရာမျိုးတွေ..။ အစည်းအဝေးတွေ…။ မှာရိုက်မယ့်သူတွေအတွက်….။ သိပ်ကို အရေးကြီးပါတယ်…။

Impression No.4 - Buttons တွေ အများကြီးပြောင်းလဲသွားပါတယ်…။ Rating ခလုပ်တွေ ပါလာပါတယ်..။ Depth Of Field Preview ကြည့်တဲ့ ခလုတ်နေရာအမှန်ကိုရောက်သွားတာ ကတော့ အသိသာဆုံးအချက်ပါပဲ…။ အရင်က လက်နှစ်ချောင်းနဲ့ DOF Preview ကြည့်နေရာကနေ အခုဆို လက်တစ်ဘက်ထဲနဲ့ တင်ကြည့်လို့ရ သွားပြီ ဖြစ်ပါတယ်…။

Nikon မှာတော့ နှစ်ပေါင်းများစွာကတည်းက ဒီအချက်မှာ အမြဲတမ်း Canon ထက် အားသာခဲ့ပါတယ်…။ အခုတော့ အတူတူဖြစ်သွားပါပြီ…။

Impression No.1 To No.4 အထိက Camera ကို Power လည်း ဖွင့်မကြည့်ရသေးသလို…။ ရိုက်လည်း မရိုက်ကြည့်ရသေးပဲ..။ စစမြင်ခြင်း Impression တွေပဲ ဖြစ်ပါတယ်…။

Impression No.5 – Viewfinder က 100% Coverage Area ဖြစ်သွားတဲ့အတွက်…။ Approximately 100% ရှိတဲ့ 7D ထက်တောင် သိသိသာသာကြီး ကွာသွားတာကိုတွေ့ရပါတယ်…။ အကြိုက်ဆုံး အချက်ကတော့…။ အမြဲတမ်း Crop Frame ကိုင်ခဲ့တဲ့အတွက် မြင်နေကြ Focal Length ကနေ ..။ လုံးဝ သိသိသာသာဖြစ်သွားတဲ့ View တစ်ခုကို မြင်လိုက်ရခြင်းပဲ ဖြစ်ပါတယ်…။

အရင်က Candid တွေလောက်သာ ရိုက်နိုင်လောက်တဲ့ Wide ဖြစ်ခဲ့တဲ့ 24mm ဟာ အခု ဆိုရင် Landscape ကောင်းကောင်း ရိုက်လို့ရတဲ့ Wide တစ်ခု ဖြစ်သွားခဲ့ပါပြီ…။

Impression No.6 – Shutter သံကို နှစ်မျိုးရိုက်လို့ရပါတယ်..။ သာမန် Mode နဲ့ Quiet Mode ဖြစ် ပါတယ်..။ Quite Mode က သိသိသာသာကို တိုးတဲ့အတွက်…။ ဆူညံ့သံများ ကန့်သတ်ချက်ရှိတဲ့နေရာ မျိုးအတွက်တော့ မင်္ဂလာတစ်ပါးပါပဲ…။

Impression No.7 – ရိုက်ထားသမျှ ပုံတွေကို ဘေးတိုက် Comparison လုပ်ပြီး ကြည့်လို့ရပါတယ်..။ အရင်လို တစ်ပုံချင်းစီ သွားပြီး ကြည့်နေစရာ မလိုတော့ပါဘူး…။ လုံးဝ အသုံးဝင်ပါတယ်…။

Impression No.8 – Menu ထဲမှာပါတဲ့ Setting တွေက အရင်ကထက် အများကြီး စနစ်တကျဖြစ် သွားပါတယ်..။ သူ့ Group အလိုက်ခွဲပေးလိုက်ပါတယ်..။ အရင်လိုအများကြီး လိုက်ရှာနေစရာ မလိုတော့တာကိုတွေ့ရပါတယ်…။

Impression No.9 – မနေ့က ကျွန်တော်ရေးခဲ့တဲ့ 7D Firmware Version 2.0.x မှာပါတဲ့ Function တွေ အားလုံး ပြန်လည် ပါဝင်လာပါတယ်..။

Impression No.10 – Menu ထဲမှာ ISO Setting ကို နှစ်မျိုးထားပေးလို့ရသွားပါတယ်..။ ပထမတစ်မျိုးက ကိုယ့်ရဲ့ Camera ကို ISO ဘယ်လောက်က နေ ဘယ်လောက်အထိ သတ်မှတ်ပေးထားမလဲ ဆိုတာဖြစ်ပြီး..။ ဒီ Setting အတွက် ကျွန်တော့်ရဲ့ ISO Limit က 50 To 25600 ဖြစ်ပါတယ်…။

ဒုတိယတစ်ခုကတော့ ကိုယ့်ရဲ့ ISO ကို ဘယ်လောက်ကနေ ဘယ်လောက်အတွင်းပဲ အမြဲတမ်းရိုက်ဖို့ Auto သတ်မှတ်ပေးထားမလဲ ဆိုတာပဲ ဖြစ်ပါတယ်…။ ဒီ Setting အတွက်ကတော့ 200 To 6400 ဖြစ်ပါတယ်…။

Impression No.11 – ဘယ် Focus Point တွေကို ခိုင်းမလဲဆိုတဲ့ Function အသစ်ပါလာပါတယ်…။ Focus Point အားလုံးကို အလုပ်လုပ်ခိုင်းမလား..။ Cross Type တွေကိုပဲအလုပ်လုပ်ခိုင်း မလား…။ ရွေးပေးနိုင်ပြီ ဖြစ်ပါတယ်…။ ကျွန်တော်ကတော့ ကျွန်တော့် Focus တွေကို တန်ဖိုးထားတဲ့ အတွက် + ဖြစ်တဲ့ Focus Point တွေကိုပဲ အလုပ်လုပ်ခိုင်းလိုက်ပါတယ်…။

အလယ်မှာ နည်းပညာအသစ်အနေနဲ့ ပါလာတဲ့ Double Cross Focus Point တွေကတော့….။ ကျွန်တော့်အတွက် တကယ့် ရွှေအိုးကြီးပါပဲ…။

Impression No.12 – Camera ထဲမှာတင် HDR တစ်ခါထဲ ရိုက်လို့ရသွားပြီ ဖြစ်ပါတယ်…။

Impression No.13 – နှစ်ပေါင်းများစွာကတည်းက Nikon မှာ ပါဝင်ခဲ့တဲ့ Multi Exposure Function နောက်ဆုံးမှာတော့ ပါဝင်လာခဲ့ပြီ ဖြစ်ပါတယ်..။

Impression No.14 – Memory Card Slot နှစ်ခုဖြစ်သွားပါတယ်…။ CF နဲ့ SD ပါ…။ SD မှာ Wifi ပါတဲ့ဟာကို သုံးလိုက်မယ်ဆိုရင်…။ 5D Mark III ထဲမှာရှိတဲ့ပုံတွေကို Internet အပေါ် ကွန်ပျူတာ ကြားခံထားပြီး Wireless နဲ့ တင်နိုင်သွားပြီ ဖြစ်ပါတယ်…။

Impression No.15 – Warning ပေးတဲ့ စနစ်ပါ..။ ကိုယ်သတ်မှတ်ထားတဲ့ Function တစ်ခုခု လွဲချော်သွားတယ်ဆိုရင်…။ View Finder မှာ Warning လာပေးပါတယ်…။ စဉ်းစားကြည့်ရုံနဲ့ ဘယ်လောက်အဆင်ပြေမယ်ဆိုတာ မိတ်ဆွေ ခန့်မှန်းကြည့်နိုင်ပါတယ်….။ Setting မှားတာတွေ မဖြစ်တော့ ဘူးပေါ့ဗျာ…။

Impression No.16 – ISO ပါ…။ နောက်ဆုံးမှ ရေးတာ ကျွန်တော် မကြိုက်ဆုံးမို့မဟုတ်ပါဘူး..။ ကြိုက်လွန်းလို့ရေးတာပါ…။ ISO 25600 အထိ သက်သက်သာသာလေး ရိုက်နိုင်ပါတယ်…။ ISO 51200 ရောက်သွားမှသာ လက်မခံနိုင်တော့တဲ့ အဆင့်ဖြစ်သွားပါတယ်…။

ဒီအချက်ကတော့ Full Frame ဆိုတာဘာလဲ…။ Professional Camera ဆိုတာ ဘာလဲဆိုတာ ကို ပြတ်ပြတ်သားသား ပြသလိုက်တဲ့ အချက်ပဲ ဖြစ်ပါတယ်ခင်ဗျာ…။

အသေးစိတ် ဆက်ရေးရင် အများကြီး ဖြစ်သွားပါလိမ့်မယ်…။ ဒါတွေကတော့ ကျွန်တော် အကြိုက်ဆုံးနဲ့ အသိသာဆုံး အချက်တွေပဲ ဖြစ်ပါတယ်…။

Disadvantages No.1 – ဈေးတော်တော်လေး ကြီး (နေပါသေး) တယ်..။

Disadvantages No.2 – Canon EOS 7D လောက် Frame Per Second မမြန်ပါ…။

Disadvantages No.3 – Battery Grip အလွန်ပဲ ဈေးကြီးပါတယ်…။ US$400 နီးပါးရှိပါတယ်…။

Disadvantages No.4 – AV Mode, TV Mode တွေ မှာ အရင်လို Control Dial တစ်ခုထဲကိုလှည့်ပြီး Exposure ကစားလို့မရတော့ပါ…။ (ကျွန်တော့်အတွက် ဒီအချက်က တော်တော်ဆိုးပါတယ်..။)

Disadvantages No.5 – Magnify လုပ်ဖို့အတွက်…။ အရင်လို တစ်ချက်ထဲနဲ့ အဆင်မပြေတော့ပဲ..။ ခလုပ်နှစ်ခု နှိပ်မှရပါတယ်..။ ( အခုထိ ကျွန်တော် အကျင့်မရသေးပါ။)

ဒါတွေကတော့ လောလောဆယ် ကျွန်တော် သတိထားမိသလောက် အားနည်းချက်တွေပဲ ဖြစ်ပါတယ်…။

အောက်မှာ ကျွန်တော် Test Shot လုပ်ထားတဲ့ပုံလေးတွေ တင်ပေးလိုက်ပါတယ်..။ ISO ကို စမ်းထားတာဖြစ်ပါတယ်..။ ပုံအားလုံးကို Canon EF 24-70 f/2.8 L USM Lens ကို f/2.8 ထိ အဆုံးဖွင့်ပြီးတော့….။ ISO 25600 တွေနဲ့ချည်းရိုက်ထားတာ ဖြစ်ပါတယ် ခင်ဗျာ..။

နောက်ဆုံးအနေနဲ့ကတော့…။ ဒီလို Camera ကို ဝယ်နိုင်မှ ဓာတ်ပုံသမားကောင်း တစ်ယောက် ဖြစ်တာ မဟုတ်ဖူးဆိုတာပါပဲ..။ Camera ထက်..။ Camera နောက်က လူက ပိုအရေးကြီးပါတယ်..။ ကျွန်တော် အခုလိုရေးပေးတယ်ဆိုတာ ..။ သိစေချင်လို့…။ ဝယ်မယ်ဆိုရင်လည်း..။ လို၏ မလို၏ သုံးသပ်လို့ရအောင် ဖြစ်ပါတယ်…။

ကျွန်တော်အပေါ်မှာပြောခဲ့တဲ့ အားသာချက်တွေက မိတ်ဆွေအတွက် မလိုအပ်ဘူး …။ တစ်ကယ်လည်း မဖြစ်မနေ Full Frame လိုအပ်နေတယ်ဆိုရင်..။ တစ်ကယ့် Legendary ဖြစ်တဲ့ Canon EOS 5D Mark II ကို ဝယ်စေချင်ပါတယ်..။ ဈေးလည်း အလွန်သက်သာသွားပြီ ဖြစ်တဲ့အတွက်…။ Mark II သာ ဝယ်မယ်ဆိုရင် L Lens တစ်လုံးလောက် ထပ်ရမှာ ဖြစ်ပါတယ်..။

Nikon သမားတွေဆိုရင်လည်း D800/D800e ထက် ..။ ကျွန်တော်က D700 ကိုပဲ ပိုပြီး အားပေးပါတယ် ခင်ဗျာ…။

အားလုံးပဲ များများလေ့လာနိုင်ကြပါစေ..။ များများရိုက်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်…။ ရိုက်ရင်းလေ့လာ..။ လေ့လာရင်း ရိုက်ပါလို့ တိုက်တွန်းရင်း…။

လေးစားစွာဖြင့်

Black Dream
http://www.blackdream21.com

P.S – Happy Birthday Mr. Mark III . Today Is Your Birthday For Me

Blog Post Link: http://blog.aperture21.com/2012/08/08/5d-mark-iii/

My Mom..

My Mom's Mom...

Aperture21 By Black Dream Photography

--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...