တစ်နိုင်ငံလုံးတွင် တက္ကသိုလ်ဝင် စာမေးပွဲ၌ စိတ်ကြိုက်မြန်မာစာ ဘာသာရပ်ဖြေဆိုသူ တစ်ဦးသာရှိ
တစ်နိုင်ငံလုံးတွင် တက္ကသိုလ်ဝင် စာမေးပွဲ၌ စိတ်ကြိုက်မြန်မာစာ ဘာသာရပ်ဖြေဆိုသူ တစ်ဦး သာ ရှိ ကြောင်း အမှတ် (၁) အခြေခံပညာ ဦးစီးဌာန မှ သိရသည်။
ယခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲတွင် စိတ်ကြိုက်မြန်မာစာ ဘာသာရပ်ဖြေဆိုရန် စာရင်းပေးသွင်းထား သူ နှစ်ဦးသာရှိကြောင်း၊ တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းမြို့နယ်တပ်နယ်အမှတ် (၂) အခြေခံ ပညာ အထက်တန်းကျောင်း စာစစ်ဌာနမှ အလွတ်ဖြေကျောင်းသား မောင်အောင်ရွှေနှင့် ရန်ကုန်တိုင်း ဒေသကြီး၊ စမ်းချောင်းမြို့နယ် အမှတ် (၂) အခြေခံပညာ အထက်တန်းကျောင်း စာစစ်ဌာနမှ အလွတ် ဖြေကျောင်းသူ မမျိုးသီရိဝင်းတို့ဖြစ်ပြီး မမျိုးသီရိဝင်းတစ်ဦးသာ လာရောက်ဖြေဆိုခဲ့ကြောင်း နိုင်ငံပိုင် သတင်းစာများမှ တစ်ဆင့် သိရသည်။
“ဆရာတို့ကတော့ သူတို့အတွက် စာစစ်ဌာနဖွင့်ပေးထားတာပဲ။ လာမဖြေတာတော့ ကျောင်းသားတွေ ရဲ့ဆန္ဒပေါ့နော်။ ကျောင်းသားတွေကို ကိုယ်ကြိုက်တဲ့ဘာသာတွဲ ယူခွင့်ပေးထားသလို ဘာသာတွဲ ပြောင်း ချင်တယ်ဆိုရင်လဲ သတ်မှတ်ထားတဲ့အတိုင်း ပြောင်းခွင့်ပေးထားပါတယ်” ဟု အမှတ် (၁) အခြေခံပညာ ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ယခင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင်လည်း စိတ်ကြိုက်မြန်မာစာဘာသာ ဖြေဆိုသူနှစ်ဦးသာရှိခဲ့ ကြောင်း၊ အဆိုပါဘာသာရပ်သည် ပင်းရင်းမြန်မာစာနှင့် မြန်မာစာဟူသည့် အသံသာတူပြီး သင်ကြား၊ သင်ယူ နည်းနှင့် မေးခွန်းပုံစံများ မတူညီကြောင်း၊ ဝါသနာပါပြီး စိတ်ဝင်တစားသင်ယူမည့် ကျောင်းသား များလည်း လွန်စွာနည်းပါးနေကြောင်း၊ ခက်ခဲပြီးအဆင့်မြင့်သည့် ယင်းဘာသာရပ်ကို သင်ပေးနိုင်သည့် အမှန်တကယ် ထူးချွန်တတ်မြောက်သော ဆရာများ ပင်ရှားပါးနေသည့် အတွက် စိတ်ကြိုက်မြန်မာစာ ဘာသာတွဲယူ သူ ကျောင်းသားအရေအတွက် နည်းပါးခြင်းဖြစ်ကြောင်း ဝါရင့်မြန်မာစာ ဆရာကြီးတစ်ဦး ကပြောကြား သည်။
ဘာသာတွဲများ ရွေးချယ်မှုနှင့် ပတ်သက်ပြီး ပညာရေးမှူးတစ်ဦးက “စိတ်ကြိုက်မြန်မာစာက ဘယ်အတွဲ ထဲမှာမှ မပါဘူး။ အဆင့်မြင့်တယ်။ ပြောင်းမယ် ဆိုရင်တော့ စိတ်ကြိုက်မြန်မာစာကနေ ဝိဇ္ဇာတွဲကိုပဲ ပြောင်း လို့ရမယ်” ဟုပြောသည်။
၂၀၁၅ ခုနှစ်တက္ကသိုလ်ဝင် စာမေးပွဲကို မတ် ၁၁ ရက်မှ ၂၀ ရက်အထိ ကျင်းပသွားမည်ဖြစ်ရာ စတုတ္ထ မြောက်နေ့တွင် စိတ်ကြိုက်မြန်မာစာဘာသာရပ် ဖြေဆိုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
Democracy Today Daily
မတ်လ (၁၆) ရက်၊ ၂၀၁၅ ခုနှစ်
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

- (အရှေ့သို့) ရန်ကုန်တိုင်းဒေသကြီးတွင် တက္ကသိုလ်ဝင်စာမေးပွဲ သင်္ချာဘာသာဖြေဆိုရန် ပျက်ကွက်သူ ခုနှစ်ထောင် ကျော်ရှိ သရုပ်ဆောင် ဆုပန်ထွာ နဲ့ မယားကြီးရဲ့ ကြေငြာချက် ဥက္ကာကျော် ရှင်းလင်း ဆုပန်ထွာရဲ့ သတို့သား သဇင်နဲ့လည်း ဘာလိုလို Water poisoning ရေအဆိပ်သင့်ခြင်းမတဲ့အတူနေ....အလုပ်နေရာ တည်တန့် ခိုင်မြဲစေသောယတြာနွေဦးရာသီ နှင့် ရေကျောက်ရောဂါ
- (အနောကျသို့) “S” သုံးလုံးအတွက် အကောင်းဆုံး အစားအစာလေးများ သရုပ်ဆောင် ဆုပန်ထွာ နဲ့ မယားကြီးရဲ့ ကြေငြာချက် ဥက္ကာကျော် ရှင်းလင်း ဆုပန်ထွာရဲ့ သတို့သား သဇင်နဲ့လည်း ဘာလိုလို Water poisoning ရေအဆိပ်သင့်ခြင်းမတဲ့အတူနေ....အလုပ်နေရာ တည်တန့် ခိုင်မြဲစေသောယတြာနွေဦးရာသီ နှင့် ရေကျောက်ရောဂါ