ခေတ်သစ် ဆရာဆရာမများ ပိုင်ဆိုင်ထားသင့်သော အရည်အချင်းများ

ဘ၀ဆိုတာ ရွှေးချယ်မူပါ။ ပညာသင်ကြားရေးကို ရွေးချယ်ကြသော ဆရာဆရာမများအဖို့ ဆိုရိုးစကားအတိုင်း စေတနာ ၀ါသနာ အနှစ်နာ နာသုံးနာစိတ်ထား ပိုင်ဆိုင်ထားကြပြီးဖြစ်ပါလိမ့်မယ်။ ကိုယ့်ဝါသနာကို တစိုက်မတ်မတ် အားကြိုးမာန်တက် ကြိုးစားနေဖို့ လိုပါတယ်။ ပြင်ပလောက ရဲ့ ပယောဂ နဲ့ ပကာသနရဲ့ လွမ်းမိုးစိမ့်ဝင်လာမူကို ကြံ့ကြံ့ခံ နိုင်ဖို့လိုပါတယ်။ ဘယ်သူကိုယ့်ကို ဘယ်လိုမြင်မြင်၊ ဘယ်လိုပဲထင်ထင် ကိုယ့်အလုပ်ကို ကိုယ်အထင်ကြီးနေဖို့ လိုပါလိမ့်မယ်။ ခေတ်သစ်ဆရာဆရာမများအဖို့ ခေတ်သစ်အမြင်နဲ့ ခေတ်သစ်အတွေးအခေါ် ရှိဖို့လိုအပ်ပါတယ်။ အဲဒီခေတ်သစ်အမြင်များကတော့........

၁။အစဉ်အမြဲ တိုးတက်နေရန်လိုအပ်ခြင်း

သိပ္ပံနဲ့နည်းပညာ အရှိန်အဟုန်နဲ့ တိုးတက်နေပါတယ်။ တိုးတက်နေတဲ့ ခေတ်ကြီးကို အမှီလိုက်နိုင်ဖို့ အတွက် ဆရာဆရာမများဟာ အစဉ်အမြဲ တိုးတက်နေဖို့ လိုပါတယ်။ ဗဟုသုတ အတွက်ရော စဉ်းစားဥာဏ်အတွက် ပါအမြဲ တိုးတက်နေဖို့ လိုပါလိမ့်မယ်။ စာကောင်းပေကောင်း များများ ဖတ်ရူ့ခြင်း၊ စာဖတ်မှတ်စုများ ပြုစုခြင်း၊ အင်တာနက်၊ စာကြည့်တိုက် နဲ့ ကွန်ပြူတာ များကို အသုံးပြုပြီး စူးစမ်းလေ့လာခြင်း စသည်ဖြင့် ကြိုးစားနေဖို့ လိုပါတယ်။

၂။ ၀န်ဆောင်စိတ်ထားမွေးမြူခြင်း

အနန္တော အနန္တ ဂိုဏ်းဝင် မြတ်ဆရာဆရာမ များ ဟု ယဉ်ကျေးမူ အရ ခံယူထားကြသော ကျနော်တို့ဟာ ပညာရေးကို ၀န်ဆောင်မူ ဟူသော ယူဆချက်မျိုးကို လက္ခံရန် အလွန်ခက်ခဲ လှပါတယ်။ ခေတ်သစ်ပညာရေး အရ ဆရာဆရာမများ ရဲ့ တာဝန်ဟာ ကျောင်းသားများကို ပညာသင် ပေးခြင်းသက်သက် မဟုတ်တော့ဘဲ ကျောင်းသားများ ကိုယ်တိုင်လေ့လာတတ်တဲ့ အကျင့် ပြုစုပျိုးေ ထာင် ပေးခြင်း၊ လေ့လာသင်ယူလိုစိတ် နိုးကြားထကြွစေခြင်း၊ ဖန်တီးမူ အမြင် ပျိုးထောင်ပေးခြင်း စသည်တို့ ဖြစ်ပေါ်လာရန်အတွက် ဆရာဆရာများရဲ့ ၀န်ဆောင်မူ စိတ်ထားဟာ အလွန်အရေးကြီးလာပါတယ်။ သင်ကြားမူ ဆိုတာ ကျောင်းသားများနားလည်အောင် အဖန်တလဲလဲ ရှင်းပြသင်ပြပေးခြင်းကိုဆိုလိုပြီး ပညာရေးဝန်ဆောင်မူဆိုတာ ကျောင်းသားများ ရဲ့ ပါရမီလိုအပ်ချက်ကို ဖြည့်တင်း ထောက် ပံ ပေးတဲ့ သဘောကို ဆိုလိုပါတယ်။

၃။ စုစည်းတတ်ခြင်း

ခေတ်သစ်ဆရာဆရာမများအဖို့ ဗဟုသုတ နဲ့ လက်တွေ့များအကြား၊ ခရီးစဉ်နဲ့ နည်းလမ်းများ အကြား၊ ရည်ရွယ်ချက်နဲ့ အခြေခံအယူအဆများအ ကြား၊ သင်ရိုးညွန်းတမ်းနဲ့ ကျောင်းသူကျောင်းသားများ အကြား စသည်တို့ကို လေ့လာ စုစည်း တတ်ပြီး ခက်သောသင်ခန်းစာ ကို လွယ်ကူအောင်၊ ရူတ်တဲ့သင်ခန်းစာကို ရှင်းလင်းအောင် ကျောင်းသားများကို အလွယ်တကူ နဲ့ စိတ်ဝင်စားအောင် အဘက်ဘက်မှ စုစည်းတတ်ပြီး သင်ကြားပို့ချတတ်ပါတယ်။ ဘာသာရပ်တစ်ခုကို စိတ်ဝင်စားလာအောင် သင်ခန်းစာတစ်ခုကို ပိုမိုဆွဲမူရှိအောင် လိုအပ်တဲ့ အရင်းအ မြစ် အချက်အလက်များအားလုံးကို စုစည်းရှာဖွေတတ်ခြင်းဟာ ခေတ်သစ်ဆရာဆရာမများအဖို့ လိုအပ်တဲ့ အရည်အချင်းတစ်ရပ် ဖြစ်လာပါတယ်။

၎။ ပူးပေါင်းတတ်ခြင်း

ခေတ်သစ်ပညားရေးမှာ ကျောင်းသူကျောင်းသားများ ပူးပေါင်းဆောင်ရွက် တတ်တဲ့ အလေ့အထ ပျိုးထောင်ပေးရမည် ဖြစ်သလို ဆရာဆရာမ များ အနေနဲ့ လည်း ပူးပေါင်းတတ်ဖို့ လိုအပ်လှပါတယ်။ အစီအစဉ် တစ်ခု ထမြောက် အောင်မြင်အောင် ဆရာဆရာမ အချင်းချင်း ဖြစ်စေ၊ ကျောင်းသူကျောင်းသားနဲ့ ဖြစ်စေ၊ မိဘများနဲ့ ဖြစ်စေ ပူးပေါင်းဆောင်ရွက်တတ်တဲ့ အရည်အချင်းရှိဖို့ လိုအပ်လှပါတယ်။

၅။ အသစ်ဖန်တီးတတ်ခြင်း

ခေတ်သစ်ဆရာဆရာမများဟာ အတွေးသစ် အမြင်သစ်များ ပိုင်ဆိုင်ထားကြပါတယ်။ မိမိသင် သောသင်ခန်းစာများ အပေါ် ဆက်စပ်တွေးခေါ်တတ်ခြင်း၊ တစ်မိုဒ်ပြရင် တစ်တောင်မြင်တတ်ခြင်း၊ ပိုင်းခြားစိပ်ဖြာတတ်ခြင်း၊ ထိုးထွင်းသိမြင်တတ်ခြင်း စသည့် အရည်အချင်းများကို ပိုင်းဆိုင်ကြပါတယ်။ မိမိသင်ကြားမည့် သင်ခန်းစာကို ဓမ္မရိုးကျ ပုံစံမျိုး နဲ့ မသင်ပဲ အခန်းထဲက ကျောင်းသားလက္ခံ သင့်တော် နိုင်တဲ့ ပုံစံမျိုးဖြစ်အောင် သင်ကြားမူပုံစံ အသစ်ဖန်တီး တတ်ကြပါတယ်။

၆။ သင်ရိုးညွန်းတန်း အသစ်ကို ဆွဲတတ်ခြင်း

ခေတ်သစ်ဆရာဆရာမများဟာ ပုံစံဟောင်းအတိုင်း "၏သည်" မရွေး သင်ပြစရာ မလိုတော့ပါ။ သင်ခန်းစာများကို ချုံငုံနားလည်ဖို့ လိုတိုးပိုလျှော့နည်းလမ်းဖြင့် သင်ရိုးညွန်းတန်းကို ကျောင်းသားများလိုအပ်ချက်နဲ့ အညီ ပြုပြင် အသုံးပြု ရေးဆွဲပြီး သင်ကြားပေးနိုင်ကြပါတယ်။

ရ။ လေးစားတတ်ခြင်း

ကျောင်းသူကျောင်းသားများကို လေးစားတတ်ရန်လိုအပ်ပါတယ်။ ဒီနေရာမှာ လေးစားတယ်ဆိုတာ မည်သည့်ကျောင်းသူကျောင်းသားကို မှ လက်မလွတ်တဲ့ ခံယူချက်ကို ဆိုလိုပါတယ်။ ကျောင်း သားကျောင်းသူများကို တန်းတူညီတူ ရူ့မြင်မယ်။ ဘယ်ကျောင်းသားကိုမှ မမုန်းဘူး၊ စိတ်မခုဘူး၊ ဘယ်လိုအခြေအနေ မျိုးမှာမှ ဘယ်လိုကျောင်းသားမျိုးကိုမှ လက်မလွတ်တတ်တဲ့ ဆရာဆရာမများ ဖြစ်အောင် ကြိုးစားကြရမှာဖြစ်ပါတယ်။

၈။ မှန်ကန်စွာ အကဲဖြတ်တတ်ခြင်း

ကျောင်းသူကျောင်းသားများကို လေးစားပါမှ မှန်မှန်ကန်ကန် အကဲဖြတ်တတ်မှာဖြစ်ပါတယ်။ ကျောင်းသားများရဲ့ အားသာချက် အားနည်းချက် ကိုသိရှိပြီး ဘယ်လိုအားပေးကူညီရင်ဖြင့် ကျောင်းသားများကို ပိုမိုကြိုးစားလာအောင် တွန်းအားပေးလို့ရတယ်ဆိုတာ ခေတ်သစ်ဆရာများ နားလည်ရ တော့မယ့် အရည်အချင်းတစ်ရပ်ဖြစ်လာပါပြီ။

၉။ သုတေသန ပြုတတ်ခြင်း

သုတေသန ပြုတတ်ခြင်းဟာ ခေတ်သစ်ဆရာဆရာမ များရော ကျောင်းသူကျောင်းသားများအ တွက်ပါ အလွန်အရေးကြီးတဲ့ အရည်အချင်းတစ်ရပ် ဖြစ်လာပါပြီ။

Ref: Wechat

Aung Ko Latt
https://www.facebook.com/permalink.php?story_fbid=1427273737573026&id=100008712392309&substory_index=0
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...