Making Astronomy Photography...

Astronomy Photography ဆိုတာ အမှတ်တမဲ့ကြည့်ရင်တော့ Star Trail နဲ့ ခပ်ဆင်ဆင်တူပါတယ်...။ ဒါပေမယ့် သူ့ကို ရိုက်တဲ့နည်းစနစ်ကတော့ Star Trail နဲ့ မတူပါဘူး...။

Astronomy Photography ဟာ တစ်ကယ်ပဲ စိတ်ဝင်စားဖို့ကောင်းပါတယ်...။

သူ့ရဲ့ ရိုက်နည်းက သိပ်ပြီး ခက်ခက်ခဲခဲကြီးမရှိပေမယ့်...။ နေရာကောင်းကောင်း တစ်ခုကိုရွေးနိုင် ဖို့ကတော့ အဓိက အချက်အနေနဲ့ အရေးကြီးပါတယ်...။

Astronomy Photography ကို ရိုက်ဖို့အတွက် အောက်ပါ ဆောင်ရန် ရှောင်ရန်လေးတွေကို သိထားဖို့လို အပ်ပါတယ်....။

(၁) လိုအပ်သော Gear များ

DSLR Camera, Mirrorless Camera ဒါမှမဟုတ် Bridge Camera တစ်လုံးရှိရင် ဖြစ်ပါပြီ...။ အသုံးပြုတဲ့ Camera အပေါ် မူတည်ပြီး ပုံ Quality ကတော့ ကွာသွားမှာပါ...။ ဒါပေမယ့် ကျွန်တော်က ရိုက်လို့ရတယ်ဆိုတာကို သိဖို့အတွက် ပြောပြခြင်း ဖြစ်ပါတယ်...။

DSLR ကတော့ အသင့်တော်ဆုံးဖြစ်ပါတယ်..။ သူ့မှာပါတဲ့ Battery Life, Noise Control, ISO တွေနဲ့ Weather ရဲ့ ဒဏ်ကိုခံနိုင်ခြင်းတွေက အသင့်တော်ဆုံး Outdoor Camera တစ်ခု ဖြစ်စေပါတယ်...။

Entry Level ပဲ ဖြစ်ဖြစ်၊ Semi-Pro ပဲ ဖြစ်ဖြစ်၊ High-End Semi Pro ပဲ ဖြစ်ဖြစ်...။ Full Frame ပဲဖြစ်ဖြစ် အားလုံးနဲ့ ရိုက်နိုင်ပါတယ်...။

ISO များများနိုင်တဲ့ Camera ဖြစ်လေ ပိုကောင်းလေပဲ ဖြစ်ပါတယ်...။ ဘာဖြစ်လို့လဲဆိုတော့ Astronomy Photography ရဲ့ အသက်ဟာ ISO ပဲ ဖြစ်တဲ့ အတွက် ဖြစ်ပါတယ်...။

Camera ရပြီဆိုရင် ဒုတိယလိုအပ်မှာကတော့ Lens ပါ...။

ဘယ် Lens နဲ့ ဖြစ်ဖြစ် ရိုက်လို့ရပါတယ်..။ Tele ပဲ ဖြစ်ဖြစ်..။ Wide ပဲ ဖြစ်ဖြစ်..။ Ultra Wide ပဲဖြစ်ဖြစ်ပါ..။ နောက်ဆုံး 50mm f/1.8 လို Prime နဲ့ ရိုက်တောင်ရပါတယ်..။

Note - 50mm f/1.8 Prime က Aperture ကျယ်တဲ့အတွက် ISO သိပ်မနိုင်တဲ့ DSLR သမားတွေအတွက် အသင့်တော်ဆုံးပါ..။ Ultra Wide မဖြစ်ပေမယ့်..။ ကောင်းကင်က ကျွန်တော်တို့ နဲ့ အဝေးကြီးဖြစ်တဲ့ အတွက်...။ ထိုက်သင့်တဲ့ Wide တစ်ခုတော့ရမှာပါ...။ Full Frame မှာဆို ပိုတောင် ကျယ်ပါတယ်..။

ဒါပေမယ့် ဒီနေရာမှာ သိထားဖို့တစ်ခုက..။ Aperture ကျယ်တဲ့ Lens ဖြစ်လေ ပိုကောင်းလေဆိုတာ ပါပဲ...။ Aperture ကျယ်ကျယ်ဖွင့်ခြင်းက..။ ကျွန်တော်တို့ သာမန်မျက်စိနဲ့ မမြင်နိုင်တဲ့ ကြယ်သေးသေးလေးတွေကို ပိုပြီးတော့ ပုံထဲမှာပေါ်လာစေပါတယ်...။ f/2.8, f/1.8, f/1.4 တို့သုံးရင်တော့ အကောင်းဆုံးပေါ့...။

ဒါပေမယ့် တော်တော်များများမှာရှိတဲ့ f/3.5-4.5 တွေနဲ့ လည်း ရိုက်လို့ရပါတယ်..။ Aperture ကို f/3.5 အထိ ဂိတ်ဆုံးဖွင့်ပြီးရိုက်ရင် အဆင်ပြေပါတယ်..။

ဒီ့အတွက် Lens ကို ပူစရာမလိုပါဘူး..။ ဈေးအသက်သာဆုံး ဖြစ်တဲ့..။ (Nikon ပဲ ဖြစ်ဖြစ် Canon ပဲ ဖြစ်ဖြစ်ပါ) 18-55 လို Wide လေးနဲ့တောင် နေရာကောင်းကောင်းရွေးနိုင်တယ်ဆိုရင် ပုံကောင်းကောင်း သေချာပေါက်ရမှာ ဖြစ်ပါတယ်...။

နောက်ဆုံး မဖြစ်မနေ လိုအပ်မယ့် နောက်ထပ် Gear တစ်ခုကတော့ Tripod ကောင်းကောင်း တစ်ချောင်းဖြစ်ပါတယ်...။ Tripod လို့ရေးရင် ရရဲ့သားနဲ့ ဘလို့ ကောင်းကောင်း ဆိုတာကို ထည့်ရေးရသလဲဆိုတာ အကြောင်းရှိပါတယ်...။

ကျွန်တော်တို့ရိုက်မယ့် Astronomy Photography ဟာ အိမ်ထဲမှာ ရိုက်လို့ရတဲ့ Photography မဟုတ်ပါဘူး..။ မဖြစ်မနေ Outdoor မှာရိုက်ရမှာပါ...။ Outdoor မှာမှ...။ Neon မီးသီးတွေ၊ မြို့ပြရဲ့ မီးရောင်တွေ..။ အစရှိတဲ့ Ambiance အလင်းရောင်တွေနဲ့ ဝေးလံတဲ့...။ လူရှင်းတဲ့...။ မှောင်မဲနေ တဲ့ နေရာမျိုးမှာ ရိုက်မှ ပုံကောင်းတစ်ပုံရမှာ ဖြစ်ပါတယ်...။

အဲ့လို ကြမ်းတမ်းတဲ့နေရာတွေမှာ သုံးမှာဖြစ်တဲ့အတွက်..။ မိတ်ဆွေရဲ့ Tripod က Solid ဖြစ်နေဖို့လို ပါတယ်...။ လေတိုက်တိုင်း Tripod က ကျူပင်လေး လိုသာ လိုက်လှုပ်နေရင် ဘယ်လိုမှ Sharpness ကောင်းတဲ့ ပုံတစ်ပုံရမှာ မဟုတ်တော့ပါဘူး..။ ဒါကြောင့် Solid ဖြစ်တဲ့ Tripod ကောင်းကောင်း တစ်ချောင်းတော့ မဖြစ်မနေလိုပါတယ်...။

ဒီနေရာမှာ Star Trail ရိုက်သလို...။ Cable Release မလိုပါဘူး..။ ဘာလို့လဲဆိုတော့ သူက Star Trail လိုမျိုး မိနစ်နဲ့ ချီပြီး ရိုက်စရာမလိုပါဘူး..။ အများဆုံး 30 Seconds ဆိုရင် ရပါပြီ..။ အဲ့ဒါကြောင့် မလိုဘူးပြောတာပါ...။ Cable Release မရှိရင် Shake ဖြစ်မှာပေါ့ဆိုတဲ့သူများ..။ Camera မှာပါတဲ့ Timer Setting ကို သုံးပြီးရိုက်နိုင်ပါတယ်...။ အဲ့ဒါဆို Hand Shake, Camera Shake မဖြစ်တော့ပါဘူး..။ ဒီ့ထက်ပိုပြီး သေချာချင်တယ်ဆိုရင် Mirror Up ပြီးတော့လည်း ရိုက်နိုင်ပါသေးတယ်....။

(၂) Location ရွေးခြင်း

Star Trail Photography သော်လည်းကောင်း Astronomy Photography သော်လည်းကောင်း..။ အဲ့ဒီ့ နှစ်ခုရဲ့ အကြီးမားဆုံးရန်သူဟာ Ambiance Light ပဲဖြစ်ပါတယ်..။ Ambiance ဆိုတာ သဘာဝအလင်းရောင်ကို ဆိုလိုပါတယ်...။ နေရောင် (နေရောင်ကတော့ မရှိပါဘူး ညဘက်ကြီးရိုက် တာကိုး..။) လရောင်...။ ညဘက်ထွန်းတဲ့ မီးသီးအရောင်...။ စတာတွေ ဖြစ်ပါတယ်..။ အဲ့လို မီးရောင်တွေနဲ့ ဝေးနိုင်သမျှ ဝေးတဲ့နေရာ ကို ရှာဖွေပြီး ရိုက်နိုင်ဖို့လိုပါတယ်..။

သာမန်အချိန်တွေမှာသာ ဒီအလင်းရောင်တွေက မသိသာပေမယ့် ISO ကို အမြင့်ဆုံးထားပြီး Shutter Speed ခပ်ကြာကြာဖွင့်လိုက်တဲ့အချိန်မှာတော့..။ မထင်ပါနဲ့....။ နီယွန်မီးသီးရဲ့ အဝါရောင်ဟာ တိမ်ပေါ်အထိ အရောင်သွားဟပ်ပါတယ်...။ မိတ်ဆွေတိုရိုက်ကြည့်တဲ့အခါကြရင် တွေ့ရပါလိမ့်မယ်...။

အဲ့ဒီ့အတွက် အလင်းရောင်တွေ နဲနိုင်သမျှနဲပြီး Location လှတဲ့နေရာကိုရွေးနိုင်ဖို့က အရမ်းကိုအရေးကြီး ပါတယ်..။ အလင်းရောင် မရှိလေ ကောင်းလေ ဖြစ်ပါတယ်...။

လုံးဝမှောင်မဲနေတဲ့ နေရာက အကောင်းဆုံးပါပဲ...။ (ကျွန်တော် Star Trail Tutorial ရေးတုန်း က ဆောင်ခိုင်းသွားတာလေးတွေ ဆောင်ရင် ပိုကောင်းပါတယ်..။)

ဒီအချက်ကို သတိမပြုလိုက်ဖူးဆိုရင်တော့ မိတ်ဆွေရဲ့ ကုန်ဆုံးသွားတဲ့အချိန်တွေက နှမြော စရာတွေ ဖြစ်ကုန်ပါလိ့မ်မယ်...။

(၃) Camera Setting

Camera ကို Manual Mode မှာ ထားပြီးရိုက်တာ အကောင်းဆုံးပါပဲ...။

Aperture ကို စောစောက ကျွန်တော်ပြောသလို ကျယ်နိုင်သမျှ အကျယ်ဆုံးဖြစ်အောင် ထားဖို့လို ပါတယ်...။

Shutter Speed ကိုတော့ ကိုယ့် Camera အနိုင်ဆုံးဖြစ်မယ့်နေရာကို ရွေးပေးဖို့လိုပါတယ်..။ အနဲဆုံး ISO 1600 ကတော့ Standard အနေနဲ့ လိုအပ် ပါတယ်..။ ISO များများတင်နိုင်လေ..။ ကြယ်လေးတွေပိုများများ စုံစုံပေါ်လေပါပဲ...။

ဒါကြေင့် ဒီလို Astronomy Photography ကို ISO များများနိုင်တဲ့ Full Frame သမားတွေ ပိုရိုက်လေ့ ရှိကြပါတယ်...။ ဒါပေမယ့် APS-C နဲ့လည်း ဖြစ်အောင် ရိုက်ရင် ဖြစ်ပါတယ်...။ ဘယ် APS-C မဆို ISO 1600 လောက်အထိကတော့ လက်ခံနိုင်လောက်တဲ့ ပမာဏပဲ ဖြစ်ပါတယ်..။

ကျွန်တော့်ရဲ့ Personal Advice ISO ကတော့ 3200 ဖြစ်ပါတယ်..။

Aperture, Shutter, ISO ပြီးရင် နောက်ဆုံးကျန်တဲ့ Setting ကတော့ Focusing ပဲဖြစ်ပါတယ်..။

မိတ်ဆွေရဲ့ သိပ်ကောင်းပါတယ်ဆိုတဲ့ Auto Focus ကို မေ့လိုက်ပါတော့...။ ကြယ်တွေက..။ သေးပါ တယ်..။ ဝေးပါတယ်..။ မှောင်ပါတယ်..။ ဘယ်လိုမှ Auto Focus နဲ့ အဆင်မပြေတော့ပါဘူး..။ ဒီ့အတွက် Auto Focus ကို Off လိုက်ပါ..။ Manual Focus ကို ပြောင်းလိုက်ပါ...။

Focusing ကို Infinity ကိုပေးလိုက်ပါ..။ (လက်နဲ့သာ ဂိတ်ဆုံးလှည့်ပေးလိုက်ပါ အဲ့ဒါ Infinity ပါပဲ...။ Aperture Ring ပါတဲ့ Lens တွေဆိုရင်တော့ Infinity သင်္ကေတလေးကို မြင်ရမှာ ဖြစ်ပါတယ်...။)

ဒီလောက်ဆိုရင် Setting အားလုံး အဆင်သင့်ဖြစ်ပါပြီ..။

(၄) Composition

နောက်ထပ် အရေးကြီးတဲ့အချက် တစ်ချက်ပါ..။ ကြယ်တွေကို ရိုက်မှာဖြစ်တဲ့အတွက်..။ ဒီအတိုင်း ကင်မရာကို မိုးပေါ်တည့်တည့်ချိန်ပြီး ရိုက်လို့ကတော့ စိတ်ဝင်စားဖို့ကောင်းတဲ့ Astronomy Photography တစ်ခုကို မရနိုင်တဲ့အပြင်...။ အခန့်မသင့်ရင်..။ နှင်းငွေ့တွေ..။ ရေငွေ့တွေ Lens ပေါ်ကို တိုက်ရိုက် ကြမှာ ဖြစ်တဲ့အတွက်..။ Lens ရဲ့ Coating တွေ ကွက်ကုန်တာတွေ..။ ပျက်ကုန် တာတွေတောင် ဖြစ်နိုင်ပါတယ်..။ အခန့်မသင့်လို့ မိုးပါ ရွာချလိုက်ရင် တော့ မတွေးရဲစရာပါ..။

ဒီ့အတွက်..။ ကျွန်တော်တို့ Composition ကောင်းကောင်း ချဖို့လိုပါတယ်...။ ဒါကြောင့်လည်း အစပိုင်းမှာကတည်းက ကျွန်တော့်အနေနဲ့ နေရာကောင်းကောင်းရွေးဖို့လိုတယ်ဆိုပြီး ထည့်သွင်းရေးသားခဲ့ခြင်းဖြစ်ပါတယ်..။

Foreground က Landscape မှာ Subject နီးပါး (သို့မဟုတ်) တစ်ခါတစ်ရံ သူကိုယ်တိုင် Subject ဖြစ် သွားတဲ့အထိ အရေးပါ ပါတယ်..။ Foreground မရှိတဲ့ Landscape တစ်ခုဟာ...။ ကြည့်ရတာ ဟာလာဟင်းလင်းကြီးဖြစ်နေတတ်လေ့ရှိပါတယ်...။

ဒါကြောင့် Foreground တစ်ခုကို သေသေချာချာရွေးဖို့လိုပါတယ်..။

ဥပမာ ကမ်းခြေဘက်မှာသွားရိုက်မယ်ဆိုရင်..။ ဒီအတိုင်း ပင်လယ်ကြီးနဲ့ ကောင်းကောင်ကြီးကို ဒဲ့ချိန်ပြီး ရိုက်မယ့်အစား..။ ကျောက်ဆောင်လေးတွေကို ပဲ ဖြစ်ဖြစ်...။ ထီးလေးတွေပါတဲ့ နေပူဆာလုံတဲ့ ခုံလေးတစ်လုံးကိုပဲ ဖြစ်ဖြစ်..။ နောက်ဆုံး သစ်ပင်လေး တစ်ပင်ကိုပဲဖြစ်ဖြစ်..။ Foreground လေး ခံပြီး ရိုက်ဖို့လိုပါတယ်..။

ဒီနေရာမှာ Foreground အခံလွန်ပြီး..။ ကိုယ်ရိုက်တဲ့ ကြယ်တွေကို ကွယ်မသွားဖို့လည်း အထူး သတိထားရပါမယ်..။

ဥပမာ တောင်ကြားတွေထဲမှာ ရိုက်မယ်ဆိုရင်တော့ တောင်တွေကို ဘေးကနေ Frame သဘောမျိုးချပြီး..။ ကြယ်တွေကို Center မကျတကျလောက်မှာ ထားပြီး ရိုက်ထားတဲ့ ပုံမျိုးတွေ မြင်ဖူးကြမယ်ထင်ပါတယ်...။

Composition ကို မှန်မှန်ကန်ကန်ချနိုင်ဖို့ အထူးအရေးကြီးပါတယ်..။ ဓာတ်ပုံရဲ့အသက်တမျှ အရေးကြီးတဲ့ အထဲမှာ Composition လည်းပါကြောင်း ကျွန်တော် ခဏခဏပြောခဲ့ဖူးပါတယ်...။

(၅) Finding Milky Way

ကျွန်တော်က Astronomy သမား မဟုတ်တော့... ။ ကြယ်တွေရဲ့ Direction တွေ..။ သူတို့ပေါ်လေ့ရှိတဲ့ အချိန်၊နေ့ရက်နဲ့ လတွေကို အတိအကျတော့ မပြောနိုင်ပါဘူး..။ အတိအကျ လေ့လာနိုင်ရင်တော့ အကောင်းဆုံးဖြစ်ပါလိ့မ်မယ်..။

အခုကျွန်တော်ပြောမှာကတော့ Guess လုပ်တဲ့နည်းပါ...။

ကောင်းကောင်ကို ကြည့်လိုက်ပါ...။ ၁ မိနစ် ၂ မိနစ်လောက် သေသေချာချာ လှည့်ပတ်ကြည့်ပါ..။ ကြယ်အစုအဝေးလေးတွေ အများဆုံးဖြစ်တဲ့နေရာ...။ တိမ်တွေ ကင်းစင်နေပါလျှက်နဲ့ ...။ တိမ်မျှင်မျှင်လေးတွေ ရှိနေသလိုဖြစ်နေတဲ့နေရာ...။

သေချာပါတယ်..။

အဲ့ဒီ့နေရာက Galaxy ပါပဲ...။ အဲ့ဒီ့နေရာကိုသာ ချိန်ပြီးတော့ စောစောက ကျွန်တော်ပြောခဲ့တဲ့ Setting လေးတွေကို သတိထားပြီး ရိုက်လိုက်ပါ...။

အရမ်းကြီးအောင်မြင်တဲ့ ပုံတစ်ပုံမဟုတ်ရင်တောင်..။ ပထမဆုံးအတွေ့အကြုံတစ်ခုအတွက်...။ အထိုက်အလျောက်လက်ခံလို့ရတဲ့ ပုံတစ်ပုံကို မိတ်ဆွေရမှာ ဖြစ်ပါတယ်...။

အားလုံးပဲ ရိုက်ရင်းနဲ့လေ့လာကြပါ..။ လေ့လာရင်းနဲ့ ရိုက်ကြပါ..။ အားမငယ်ကြပါနဲ့..။ စိတ်ဓာတ်မကျ ကြပါနဲ့...။ သူများ ဘာကင်မရာတွေကိုင်ထားသလဲ ဆိုတာလိုက်မကြည့်ပါနဲ့...။ သူတို့ ဘယ်လိုရိုက် သလဲဆိုတာကိုပဲ လိုက်လေ့လာပါလို့ တိုက်တွန်းရင်း...။

လေးစားစွာဖြင့်

Black Dream
http://www.blackdream21.com

Original Post At: http://blog.aperture21.com/2012/08/14/making-astronomy-photography/

P.S- Canon သမားတွေကတော့ Long Exposure Noise Reduction ကို မဖြစ်မနေ On ထားဖို့လို ပါလိမ့်မယ်.. Nikon သမားတွေကတော့ တစ်ချို့က On ဖို့လိုတယ် ပြောပြီး တစ်ချို့က မလိုဘူး ပြောကြ တဲ့အတွက်..။ ကျွန်တော် အတိအကျ အာမ မခံရဲပါဘူး...။ အတိအကျသိချင်တယ်ဆိုရင် ကျွန်တော့်ကို Nikon Camera တစ်လုံးလက်ဆောင်ပေးနိုင်ပါတယ်...။ :D



--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...