ကိုယ်အလေးချိန်အများဆုံး မွေးကင်းစ ကလေးငယ်....

ဂျာမနီနိုင်ငံက အံ့ဖွယ်သတင်းတစ်ခုပါ... ကိုယ်အလေးချိန်ပေါင် ၁၃.၄၇ ရှိတဲ့ သမီးမိန်ကလေးတစ်ဦးကို Leipzig မြို့က တက္ကသိုလ်ဆေးရုံတစ်ရုံမှာ ၂၀၁၃ ခုနှစ် ဇွန်လိုင်လ ၂၆ ရက်နေ့က မွေးဖွားခဲ့တယ်လို့ ဆိုပါတယ်... ဂျာမနီနိုင်ငံမှာ ကိုယ်အလေးချိန်အများဆုံး ပထမဆုံးသော မွေးကင်းစကလေးငယ်ဖြစ်ပါ တယ်... မိခင်ဖြစ်သူဟာ သူမကိုမွေးဖွားမဲ့နေ့မှာပဲ ဆေးရုံကိုရောက်ရှိလာပြီး သာမာန်သဘာဝ
လမ်းကြောင်း အတိုင်း မွေးဖွားခဲ့တာပါ... လောလောဆယ်တော့ မိခင်ရောကလေးပါ အခြေအနေကောင်းမွန်တယ်လို့ ဆိုပါတယ်... ဆရာဝန်တွေအဆိုအရ မိခင်ဖြစ်သူမှာ ဆီးချိုးရောဂါ ခံစားနေရပြီး ကလေးငယ် ဆက်လက်အသက်ရှင် ရပ်တည်နိုင်မှုနဲ့ပတ်သက်ပြီး မသေချာသေးပါဘူး....။
ကမ္ဘာ့ဂင်းနစ်မှတ်တမ်းတွေအရ ကမ္ဘာ့အကြီးဆုံး မွေးကင်းစကလေးငယ်ရဲ့ ကိုယ်အလေးချိန်ဟာ ၂၃.၁၂ ပေါင်ရှိပြီး... ၁၈၉၇ ခုနှစ်၊ ဇန်န၀ါရီလ (၁၉)ရက်နေ့က အမေရိကန်နိုင်ငံ Ohio ပြည်နယ်မှာ မွေးဖွားခဲ့တာပါ... ဒါပေမဲ့ ဒီကလေးငယ်ဟာ မွေးဖွားပြီး ၁၁ နာရီအကြာမှာ သေဆုံးသွားပါတယ်... ။
Source: foxnews/oddstuffmagazine
http://lwanmapyay.blogspot.com/
http://lwanmapyay.blogspot.com/
- (အရှေ့သို့) ဘောလုံးချစ်သူများအတွက် HD Desktop Wallpapers... စိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... Flibanserin အမျိုးသမီးတွေ အတွက်ဆေးPregnancy expectation ကိုယ္ဝန္ရခ်င္လို႔မှတ်ပြီလား... ဆုပန်ထွာရဲ့ သတို့သား သဇင်နဲ့လည်း ဘာလိုလို Very little makes it more valuable...
- (အနောက်သို့) Top Paid 7 Android 3D Games Pack (Eng/31 July 2013) Free Download စိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... Flibanserin အမျိုးသမီးတွေ အတွက်ဆေးPregnancy expectation ကိုယ္ဝန္ရခ်င္လို႔မှတ်ပြီလား... ဆုပန်ထွာရဲ့ သတို့သား သဇင်နဲ့လည်း ဘာလိုလို Very little makes it more valuable...