GSM နှင့် WCDMA ဖုန်းများတွင် SMS စနစ်ဖြင့် အင်တာနက် လျှောက်ထားရာ၌ ပြဿနာ အနည်းငယ် ပေါ်ပေါက်လျှက်ရှိ...
မိုဘိုင်းဖုန်းဖြင့် အင်တာနက် လျှောက်ထားရာတွင် Massage နံပါတ် 1331 ကို ရိုက်နှိပ်ပြီး order data service ရေးပြီး Massage ပေးပို့ လျှောက်ထားရမည် ဆိုသော်လည်း လျှောက်ထားသည့် အခါတွင် အခက်အခဲများ ဖြစ်ပေါ်လျှက်ရှိကြောင်း သိရသည်။ အဆိုပါ ဖြစ်ပေါ်နေသော အခက်အခဲများနှင့် ပတ်သက်ပြီး Call Centre သို့ ဆက်သွယ်မေးမြန်းရာ “အင်တာနက် လျှောက်ထားတဲ့ နေရာတွေမှာ ပြဿနာ ဖြစ်တာ မရှိဘူး။ တစ်ခုရှိတာက ရေးတဲ့စာသား မှားယွင်းပို့မိတာမျိုး ဆိုရင်တော့ သူတို့က ပိုက်ဆံလည်း မဖြတ်ဘူးပေါ့။ အင်တာနက် လျှောက်လို့လည်း ရမှာ မဟုတ်ပါဘူး။ 1331 သို့ SMS ပေးပို့ လျှောက်ထားရာမှာ ရေးသားပေးရမယ့် စာသားမှာ Orderdata service ဖြစ်ပါတယ်။ ရေးတဲ့အခါမှာ သတိထားရမှာက Order-data ကို တွဲလျက်ရေးရမယ် ပြီးရင် spacebar ခြားပြီးတော့ service ကို ရေးကို ရေးပေးရပါမယ်။ အဲ့လို ရေးတဲ့အခါမှာလည်း ရှေ့က (O) ကိုလည်း အကြီးနဲ့ ရေးပေးရမှာ ဖြစ်ပြီးတော့ (s) ကိုလည်း အသေးနဲ့ ရေးပေးရမှာ ဖြစ်ပါတယ်” ဟု ပြန်လည် ပြောကြားခဲ့သည်။
ယင်းသို့ SMS စနစ်ကို အသုံးပြု အင်တာနက် လျှောက်ထားရာတွင် စာသားမှားယွင်း ရေးသား ရိုက်နှိပ်မှုများကြောင့် အင်တာနက် အသုံးပြု ဝန်ဆောင်မှု မရရှိခြင်းများ ဖြစ်ပေါ်လျှက်ရှိသည့်အတွက် အထက်ပါအတိုင်း စာသားမှန်ကန်စွာ ရိုက်နှိပ် ပို့ဆောင်ပေးသင့်သည်။ မှန်ကန်စွာ စာသားရိုက်နှိပ်ပြီး 1331 သို့ ပေးပို့လျှောက်ထားပြီးလျှင် မိမိဖုန်းအင်တာနက် ရရှိပြီဖြစ်သာ စာတိုမက်ဆေ့ “You have orderservice successfully” ဆိုပြီး မက်ဆေ့ခ်ျ ပြန်ပို့ပေးမည် ဖြစ်သည်။ SMS စနစ်ဖြင့် အင်တာနက် လျှောက်ရန်အတွက် မိုဘိုင်းဖုန်းအတွင်း ကျပ် ၁၀၀၀၀ ကျော် ထည့်သွင်းရမည်ဖြစ်ပြီး SMS ပေးပို့ခကို ဖြတ်တောက်သွားမည် မဟုတ်ကြောင်း သိရသည်။
Posted by Aung Su Mon (Mobile)
http://asmmobiletgi.blogspot.com/2013/08/gsm-wcdma-sms.html
- (အရှေ့သို့) Are You Sexy? (+18) Pregnancy expectation ကိုယ်ဝန်ရချင်လို့Flibanserin အမျိုးသမီးတွေ အတွက်ဆေးAbortion Pills ဖျက်ဆေးတွေအကြောင်းစိတျဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... ဆုပန်ထွာရဲ့ သတို့သား သဇင်နဲ့လည်း ဘာလိုလို Very little makes it more valuable...
- (အနောကျသို့) Photoshop သမားများအတွက် အသင့်သုံး ဘွဲ့ဝတ်စုံလေးများ... Pregnancy expectation ကိုယ်ဝန်ရချင်လို့Flibanserin အမျိုးသမီးတွေ အတွက်ဆေးAbortion Pills ဖျက်ဆေးတွေအကြောင်းစိတျဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... ဆုပန်ထွာရဲ့ သတို့သား သဇင်နဲ့လည်း ဘာလိုလို Very little makes it more valuable...