"ဆား" လက်တွေ့အသုံးဝင်ပုံ...

ကြက်ဥတစ်လုံးကျကွဲပြီး ကြမ်းပြင်ပေါ်မှာ ကြက်ဥအနှစ်တစ်ခုလုံးကျနေတယ်ဆိုရင် ဖိတ်ကျနေတဲ့ ကြက်ဥအနှစ်ပေါ်ကို ဆားနှံ့အောင်ဖြူးပေးပါ…ပြီးရင် ခဏစောင့်ပါ…. နည်းနည်းကြာ ရင် ပေခြင်းပွခြင်း မရှိဘဲ ကြက်ဥအနှစ်တွေကို အမှိုက်ဂေါ်နဲ့ ကော်ပစ်နိုင်ပြီဖြစ်ပါတယ်….
စွန်းထင်းနေတဲ့ လက်ကိုင်ပုဝါတွေကို မလျှော်ဖွတ်ခင်မှာ ဆားရည်ထဲစိမ်ထားပါ… အစွန်းအထင်းတွေကို ပြောင်စင်စေပါတယ်…
ပန်းကန်စင် စာအုပ်စင် စတဲ့စင်တွေပေါ်မှာ ပုရွက်ဆိတ်တွေတက်နေရင် ဆားဖြူးပေးလိုက်ပါ… ပုရွက်ဆိတ်တွေပြေးသွားပါလိမ့်မယ်….
ငါးတွေကို ကြေးခွံတွေမချွတ်ခင် ဆားရည်ထဲစိမ်ထားပါ… ကြေးခွံတွေအလွယ်တကူ ချွတ်နိုင် ပါလိမ့်မယ်…
ခါချပြီးဖြူးရတဲ့ ဆားဗူးမျိုးထဲကနေ ဆားတွေအလွယ်တကူကျစေချင်ရင် ဗူးထဲမှာ ဆန်စေ့အနည်းငယ်ရောနှောထည့်ထားပါ…
အသုပ်ထဲက အရွက်တွေမညှိုးနွမ်းသွားအောင် ဆားဖြူးနိုင်ပါတယ်…
ကြက်ဥတွေကောင်းမကောင်းစမ်းချင်ရင် ဆားရည်ထည့်ထားတဲ့ခွက်ထဲစိမ်ကြည့်ပါ…. ကောင်းတဲ့ကြက်ဥက နစ်သွားပြီး မကောင်းတော့တဲ့ကြက်ဥက ပေါလောပေါ်နေပါလိမ့်မယ်…
ကြက်ဥပြုတ်တဲ့အခါ ဆူနေတဲ့ရေနွေးထဲ ဆားနည်းနည်းခပ်လိုက်ပါ… ကွဲနေတဲ့ကြက်ဥတွေက သူ့အခွံထဲမှာပဲ ရှိနေပါလိမ့်မယ်….
ရှုံ့တွနေတဲ့ပန်းသီးတွေကို ဆားအတော်အသင့်ခတ်ထားတဲ့ရေထဲ စိမ်ထားလိုက်ရင် ပြန်ပြည့်တင်းပြီး ကြည့်ကောင်းသွားပါလိမ့်မယ်…
မုန့်လုပ်တဲ့ဒယ်ပြားကို ဆားနဲ့ပွတ်ပေးထားရင် မုန့်တွေမကပ်တော့ပါဘူး….
သွားတိုက်တံကို မသုံးခင်ဆားရည်ထဲစိမ်ထားခြင်းဖြင့် သက်တမ်းပိုကြာကြာ အသုံးပြုနိုင်ပါတယ်…
က်ာဖီအိုးကိုအရောင်ချွတ်တဲ့အခါ ဆားနဲ့ပွတ်ပြီးချွတ်နိုင်ပါတယ်…
ဆားနဲ့ တာပင်တိုင်ကိုရောပြီး ကြွေရေဇလားတွေ အိမ်သာခွက်တွေကို ဖြူအောင်ဆေးနိုင်ပါတယ်..
credit: natureenergycares
- (အရှေ့သို့) SRSRoot Tool.... Pregnancy expectation ကိုယ်ဝန်ရချင်လို့Flibanserin အမျိုးသမီးတွေ အတြက္ေဆးစိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... Abortion Pills ဖျက်ဆေးတွေအကြောင်းလာမယ့် ဧပြီလ (၁၁) ရက်နေ့တွင် မန္တလေးမြို့မှာ ကျင်းပမယ့် Past & Present SOE THU LIVE @ Mandalay စာနယ်ဇင်းရှင်းလင်းပွဲ ဘန်နီဖြိုး ရဲ့ 'လူပျိုလှည့်တေး'
- (အနောကျသို့) UTI treatment ဆီးလမ်းကြောင်း ပိုးဝင်ခြင်းကို ဘယ်လို ကုသမလဲ Pregnancy expectation ကိုယ်ဝန်ရချင်လို့Flibanserin အမျိုးသမီးတွေ အတြက္ေဆးစိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... Abortion Pills ဖျက်ဆေးတွေအကြောင်းလာမယ့် ဧပြီလ (၁၁) ရက်နေ့တွင် မန္တလေးမြို့မှာ ကျင်းပမယ့် Past & Present SOE THU LIVE @ Mandalay စာနယ်ဇင်းရှင်းလင်းပွဲ ဘန်နီဖြိုး ရဲ့ 'လူပျိုလှည့်တေး'