Samsung Galaxy S4, Galaxy Grand Duos တွေမှာ မြန်မာစာစနစ်ပါဝင်...
မြန်မာ့ဈေးကွက်အတွင်း လူကြိုက်များသော Samsung စမတ်ဖုန်း အ ချို့၌
မြန်မာစာစနစ် အသင့် ထည့်သွင်းခြင်းအား စတင် လုပ်ဆောင်နေ ပြီဖြစ်ကြောင်း
Samsung ကုမ္ပဏီ၏ မန်နေဂျာ ဦးဇော်မိုးအောင်က သြဂုတ် ၂၉ရက်နေ့ ညနေ ၄နာရီက
junction Square၌ ပြုလုပ်သော စာနယ်ဇင်း ရှင်းလင်းပွဲ၌ ပြောဆိုသည်ဟု သိရသည်။
“အခုလောလောဆယ်မှာ Samsung Galaxy S4, Galaxy Grand Duos တွေမှာ မြန်မာစာစနစ် အသင့် ထည့်သွင်းပေးထားမှာ ဖြစ်ပါတယ်”
ဟု ၄င်းက ပြောဆိုသည်။
အဆိုပါ စမတ်ဖုန်းများသည် ယခင်က ၀ယ်ယူထားပြီးဖြစ်ခဲ့ပါက Firmwareအား update ပြုလုပ်ခြင်းဖြင့် မြန်မာစာစနစ် ရယူနိုင်မည်ဖြစ်ပြီး Setting အတွင်းရှိ Language မှတဆင့် ပြင်ဆင်နိုင်ကြောင်း သိရသည်။ ယခင်က ပြည်တွင်းဈေးကွက်၌ တရားဝင်တင်သွင်းထားသော Samsung စမတ်ဖုန်းများတွင် အသုံးချဘာသာစကား ၁၀မျိုးဖြင့် ထုတ်လုပ်ထားကြောင်း ယခုအခါ မြန်မာ၊ ကမ္ဘောဒီးယား၊ လာအို သုံးနိုင်ငံ၌ ဒေသတွင်း ဘာသာစကားများ ထပ်မံဖြည့်တင်း ထုတ်လုပ်ထားခြင်းဖြစ်ကြောင်း ၄င်းက ရှင်းပြသည်။
“မြန်မာဇော်ဂျီဖောင့်ကို အသုံးပြုထားတဲ့အတွက် အင်တာနက် သုံးပြီး ၀က်ဘ်ဆိုဒ်ကြည့်ရှုတာ၊ ဖေ့ဘုတ်စ်လို လူမူကွန်ရက်တွေ အသုံးပြုတာနဲ့ စာတိုတွေ ပေးပို့တာကို ကောင်းမွန်စွာ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်”ဟု ၄င်းက ပြောကြားသည်။

Source: The Standard Time Daily
Myanmar ICT
Myanmar ICT
- (အရှေ့သို့) ထွေရာလေးပါး...၂ Flibanserin အမျိုးသမီးတွေ အတွက်ဆေးCytotec (Misoprostol) ဆေးသုံးနည်းPregnancy expectation ကိုယ်ဝန်ရချင်လို့သရဲမွေးမိသူ မိခင်US officials advocate use of HIV pill to fight AIDSစိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်...
- (အနောက်သို့) Windows 8/ 8.1 မွာ Zawgyi Font ပေါ်အောင် လုပ်ချင်ရင်... Flibanserin အမျိုးသမီးတွေ အတွက်ဆေးCytotec (Misoprostol) ဆေးသုံးနည်းPregnancy expectation ကိုယ်ဝန်ရချင်လို့သရဲမွေးမိသူ မိခင်US officials advocate use of HIV pill to fight AIDSစိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်...