နိုင်ငံတော်သမ္မတ ပညာသင်ဆုပေးရန် စီစဉ်


ရန်ကုန်၊ ဖေဖော်ဝါရီ ၁၀

တိုင်းပြည်တည်ဆောက်ရေး အတွက် လိုအပ်သော ဘာသာရပ်များကို နိုင်ငံတကာ တက္ကသိုလ်များတွင် လေ့လာ သင်ယူနိုင်စေရန်အတွက် နိုင်ငံတော်သမ္မတ ပညာသင်ဆု ပေးအပ်မည့် အစီအစဉ်ကို ဖွဲ့စည်း ထူထောင်သွားရန် စီစဉ်ဆောင်ရွက် နေကြောင်း ပညာရေးဝန်ကြီးဌာန ခေတ္တ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးမြင့်က ပြောကြားသည်။

၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်နေ့ ရန်ကုန်စီးပွားရေး တက္ကသိုလ် နီလာရတု ခန်းမတွင် ပြုလုပ်သည့် DEM (Diploma in Education Management) အပတ်စဉ် (၄) ဖွင့်လှစ်သည့် အခမ်းအနားတွင် ၄င်းက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

၂၀၁၃ ခုနှစ် အောက်တိုဘာ ၇ ရက်နေ့ နေပြည်တော်တွင် လက်တွေ့ကျသော ပညာရေး ပြုပြင်ပြောင်းလဲမှုဆိုင်ရာ ဆွေးနွေးပွဲကို ကျင်းပခဲ့ပြီး၊ အမျိုးသားအဆင့် ပညာရေး မြှင့်တင်ရေး ဆွေးနွေးပွဲများကို ကျင်းပရန်ရှိကြောင်း ၄င်းကပြောကြားသည်။

ပညာရေး ပြုပြင်ပြောင်းလဲရေးသည် ရေရှည် တည်ဆောက် ကြိုးပမ်းလုပ်ဆောင် ရမည့် လုပ်ငန်းစဉ်တစ်ခု ဖြစ်ကြောင်း၊ ကာလတို တွင်လည်း လက်တွေ့ ဆောင်ရွက်နိုင်မည့် လုပ်ငန်းများကို ဆောင်ရွက်သွားမည်ဟု ၄င်းကပြောကြားသည်။

The Voice Daily, 11.2.2014

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...