ဘွဲ့လွန်ဘွဲ့ကြိုဘဏ္ဍာရေးနဲ့ ငွေကြေးဘာသာရပ် လျှောက်ထားနိုင်



ဘဏ်လုပ်ငန်း၊ အာမခံ၊ စတော့ဈေးကွက်စတဲ့ နယ်ပယ်တွေမှာ ဘဏ္ဍာရေးအကြံပေးနဲ့ စီမံခန့်ခွဲသူတစ် ဦးဖြစ်လိုသူတွေက စင်ကာပူနိုင်ငံ ကက်ပလန်မှာတက်ရောက်ပြီး အိုင်ယာလန်နိုင်ငံ ဒပ်ဘလင် တက္ကသိုလ် ကောလိပ်ကပေးအပ်တဲ့ Bachelor of Science (Hons) Finance နဲ့ Master of Science in Finance ဘာသာရပ်တွေကို လျှောက်ထားနိုင်တယ်လို့ Crown Education ကသိရပါတယ်။
ဆယ်တန်းအောင်မြင်ထားသူတွေက ဂလိုဘယ်ဒီပလိုမာရှစ်လသင်ယူပြီး ဒပ်ဘလင်တက္ကသိုလ် ကောလိပ်ရဲ့ဒီဂရီဘွဲ့တွေကို ၁၈ လအတွင်း သင်ယူရရှိမှာဖြစ်ပါတယ်။ အယ်လ်စီစီအိုင်လယ်ဗယ် ၃ ဒီပလိုမာ သို့မဟုတ် အေဘီအီးဒီပလိုမာ သို့မဟုတ် အေစီစီအေ F1 to F9 သို့မဟုတ် စီအေတီပြီးဆုံး ထားသူတွေက Bachelor of Science (Hons) Finance ဝင်ခွင့်လျှောက်ထားနိုင်ပါတယ်။ မြန်မာနိုင်ငံ ကဘီကွမ်း သို့မဟုတ် စာရင်းကိုင်ဘွဲ့ပြီးထားသူတွေ သို့မဟုတ် တခြားဘွဲ့တစ်ခုခုရရှိထားတဲ့ စာရင်း ကိုင်နဲ့ ဘဏ္ဍာရေးနယ်ပယ်မှာ လုပ်ငန်းအတွေ့အကြုံရှိသူတွေက Master of Science in Finance ဝင်ခွင့်လျှောက်ထားနိုင်ပါတယ်။

မော်ဒန်သတင်းဂျာနယ်
အမှတ်(၃၉၅)၊ ဖေဖော်ဝါရီ ၇၊ ၂၀၁၄

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...