ဂျီပီကောလိပ်ဖွင့်နိုင်ဖို့ ကြိုးပမ်းနေ


အထွေထွေရောဂါကု ဆရာဝန်တွေအတွက် ၂၀၁၅ ခုနှစ်မှာ ဂျီပီကောလိပ်ဖွင့်နိုင်အောင် စီစဉ်ကြိုးပမ်း နေတယ်လို့ မြန်မာနိုင်ငံအထွေထွေရောဂါကု ဆရာဝန်များအဖွဲ့၊ အထွေထွေအတွင်းရေးမှူး ဒေါက်တာ ဝင်းဇော်ကပြောပါတယ်။
သူက '၂၀၁၅ ခုနှစ်မှာ ဂျီပီကောလိပ်ဖွင့်နိုင်အောင် စီစဉ်နေတယ်၊ လုပ်ချင်နေတာကြာပြီ၊ ၁၉၉၃ ခုနှစ် ကတည်းက အထွေထွေရောဂါကု ဆရာဝန်များအဖွဲ့ စလုပ်တယ်။ စဉ်ဆက်မပြတ် ဆေးပညာသင် ကြားရေးလုပ်ချင်တာကြောင့် အဲ့ဒီကတည်းက ကြိုးစားခဲ့တာ အခြေအနေအကြောင်းကြောင်းကြောင့် မလုပ်ဖြစ်ဘူး။ အခုတော့ နိုင်ငံတကာကလဲ အကူအညီတွေပေးလာတဲ့အချိန် ဖြစ်တော့ဘာပဲပြောပြော လုပ်ရတာအဆင်ပြေတယ်။ အထွေထွေရောဂါကု ဆရာဝန်တွေအတွက် အနာဂတ်ပညာရေးအဆင့် မြှင့်တင်ဖို့ ဂျီပီကောလိပ်ဖွင့်ဖို့ ပထမဆုံးဆောင်ရွက်တာ ဖြစ်တယ်' လို့ ရှင်းပြပါတယ်။

သည်လိုအနာဂတ်မှာ ဖြစ်လာမယ့်အထွေထွေရောဂါကု ဆရာဝန်များကောလိပ်အတွက် နည်းပညာ ပိုင်းနဲ့ ငွေကြေးထောက်ပံ့မှုပိုင်းတွေကို အဆင်ပြေအောင် ညှိနှိုင်းရတယ်လို့ ဆိုတယ်။ ကောလိပ်ဖွင့်ဖို့ အခုလောလောဆယ်မှာ ဗြိတိန်နိုင်ငံ တော်ဝင်တက္ကသိုလ်၊ ကမ္ဘာ့မိသားစု ဆရာဝန်များအဖွဲ့၊ အမေရိကန်နိုင်ငံ ဘော်စတွန်ဆေးတက္ကသိုလ်၊ အာဆီယံ ပဏာမကျန်းမာရေး စောင့်ရှောက်မှုဆရာ ဝန်များအသင်း၊ မြန်မာနိုင်ငံဆရာဝန်များအသင်း၊ ကယ်လီဖိုးနီးယား တက္ကသိုလ်၊ Chevron Corpor-ation, Medicine and Beyond, USA စတဲ့အဖွဲ့တွေက ပူးပေါင်းဆောင်ရွက်ပြီး ထောက်ပံ့ပေးမှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ဆရာဝန်စုစုပေါင်း သုံးသောင်းဝန်းကျင်ရှိပြီး အဲသည်ထဲက သုံးပုံတစ်ပုံက အစိုးရဝန် ထမ်းတွေ ဖြစ်ပါတယ်။ ကျန်တဲ့သုံးပုံနှစ်ပုံက အပြင်မှာရှိနေပြီး အဲသည်ဆရာဝန်တွေအတွက် ပညာ ရေးကဏ္ဍပိုင်း မြှင့်တင်နိုင်အောင် လုပ်ဆောင်မယ်လို့ သိရတယ်။

ဒေါက်တာဝင်းဇော်က 'အထွေထွေရောဂါကု ဆရာဝန်အများစုက ပြည်သူကြားမှာနေပြီး အကျိုးပြုနေ ကြတာဖြစ်တယ်။ ဆရာဝန်တစ်ယောက်ရဲ့ ပညာရေး၊ လယ်ဗယ်မြင့်တက်ရင် ပြည်သူအတွက် အရည် အသွေးပြည့်မီတဲ့ ကျန်းမာရေးစောင့်ရှောက်မှု ပိုပြီးပေးနိုင်လာမှာဖြစ်တယ်။ ၂၀၁၅ ခုနှစ်မှာ ဂျီပီ ကောလိပ်ဖွင့်နိုင်အောင် စီစဉ်တာလဲအစိုးရကို ပြိုင်တာမဟုတ်ပါဘူး၊ Public Private Partnership ဆောင်ရွက်မှာဖြစ်ပါတယ်၊ ဝိုင်းပြီးပံ့ပိုးပေးကြပါ' လို့ပြောပါတယ်။

အထွေထွေရောဂါကု ဆရာဝန်တွေအတွက် မြန်မာနိုင်ငံဆရာဝန်များအသင်းမှာ ဖေဖော်ဝါရီလ ၁၁ ရက်ကနေ ၁၅ ရက်နေ့အထိ International Seminar on Family Medicine Development in Myanmar ခေါင်းစဉ်နဲ့ ဆွေးနွေးပွဲပြုလုပ်ခဲ့ပါတယ်။

မော်ဒန်သတင်းဂျာနယ်
အမှတ်(၃၉၆)၊ ဖေဖော်ဝါရီ ၁၄၊ ၂၀၁၄

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...