Cortisone Eyedrop (ကော်တီဇုန်း) မျက်စဉ်း


ဆရာ pred mild ဆိုတဲ့ မျက်စဉ်းက ရိုးရိုးမျက်စိ အဝေးမှုန်တဲ့ သူတွေ သုံးလို့ရလား သိချင်လို့ပါ။ သူငယ်ချင်းတစ်ယောက် မျက်စိမှုန်ပြီး သိပ်ကြည့်မကောင်းလို့ Singapore က ဆေးရုံသွားပြတာ ဒီဆေး pred mild eye drop ပေးလိုက်တာ ကောင်းသွားတယ်ပြောတယ်။ ဝယ်ပြီး တန်းမသုံးရဲလို့  ဆရာ့ကို လှမ်းအကူအညီတောင်းတာပါ။

• PRED MILD မျက်စဉ်းထဲမှာ Prednisolone acetate ပါတယ်။ (ကော်တီဇုန်း) ပါတဲ့အမျိုးအစားဖြစ်တယ်။
• (အလာဂျီ) ရတာအတွက် သုံးရတယ်။ ရောင်ရမ်းတာနဲ့ လောင်တာအတွက်လဲ သုံးတယ်။
• မျက်ဝတ်ထွက်တာအတွက် မသုံးရပါ။ မျက်ကြည်လွှာ ဗိုင်းရပ်ပိုးကြောင့်ရောင်တာ၊ မျက်စိရေယုံ၊ မျက်စိရေကျောက်၊ မှိုပိုးဝင်တာတွေကိုလဲ မသုံးရပါ။ မျက်စိမှုန်တာနဲ့ မဆိုင်ပါ။ မျက်စိတိမ်နဲ့လဲ မဆိုင်ပါ။
• ကြာရှည် (၁ဝ ရက်မက) လဲ မသုံးရပါ။ ကိုယ်ဝန်ဆောင်နေစဉ်လဲ မသုံးသင့်ပါ။

ဒေါက်တာတင့်ဆွေ
၁၇-၂-၂ဝ၁၄

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...