Pregnancy and X-ray ကိုယ်ဝန်ဆောင်နဲ့ ဓါတ်မှန်

ကျနော့် အမျိုးသမီးက အခု ကိုယ်ဝန် (၇) လ ရှိပါပြီ။ ပထမဦးဆုံး ကိုယ်ဝန်ပါ။ မြန်မာပြည်ကို ပြန်ပြီး မွေးဖွားရမှာ ဖြစ်ပါတယ်။ အဲဒါယခုပြန်လျှင် လေဆိပ်မှာ X-Ray ဖြတ်၍ပြန်ရမှာဆိုတော့ X-Ray က ကလေးကို ထိခိုက်နိုင်ပါသလား ဆရာ။ နောက်ပြီး အခြား ကာကွယ်မှုတွေ လုပ်သွားဖို့ လိုအပ်ပါသလားဆရာ။
• မစိုးရိမ်ပါနဲ့။ လေဆိပ်သုံး လူကိုစစ်ဆေးတဲ့ကိရိယာက ဓါတ်ရောင်ခြည် နည်းနည်းလေးသာ သုံးပါတယ်။
• လူဖြတ်လျှောက်ရတဲ့ Metal detectors မှာတော့ Low-frequency electromagnetic field လှိုင်းနိမ့် လျှပ်စစ်-သံလိုက် ဖြစ်တယ်။ အဲဒါကတော့ X-rays ဓါတ်မှန်မဟုတ်ပါ။
• Luggage X-ray machines လပ်ဂေ့ကို စစ်တာမှာတော့ ဓါတ်မှန်သုံးတယ်။
• အမေရိကန်လေဆိပ်တွေမှာတော့ ကိရိယာသစ်သုံးတယ်။ တခုကို Backscatter machine ခေါ်တယ်။ Low-level X-rays ဓါတ်မှန် အပျော့စားပါတယ်။ အန္တရာယ်မရှိပါဘူးလို့ Transportation Safety Administration အာဏာပိုင်တွေက ဆိုပါတယ်။ ရင်ပတ်ဓါတ်မှန်ထက် ၁ဝဝဝ ပုံ ၁ ပုံသာသုံးတယ်လို့ ဆိုပါတယ်။
• နောက်တခု Millimeter wave machine ကတော့ Electromagnetic waves လျှပ်စစ်-သံလိုက်လှိုင်းသုံးတယ်။
• ကိုယ်ဝန်ဆောင်ကို (အာလ်ထွာဆောင်း) ပေါ်လာတဲ့နောက်မှာ ဓါတ်မှန် မရိုက်တော့ပါ။
ဒေါက်တာတင့်ဆွေ
၃-၂-၂ဝ၁၄
- (အရှေ့သို့) Y320 C00 Internet Setting ချိန်နည်း Router ကို Setting ချပြီး WiFi ပြန်လွှင့်နည်း...စိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... ဘန္နီၿဖိဳး ရဲ့ 'လူပျိုလှည့်တေး' မိန်းကလေးတိုင်း သိထားသင့်တဲ့ မိမိခန္ဓာကိုယ်ပေါ်က ယောင်္ကျားလေးများ စိတ်ဝင်စားဆုံးနေရာများ...သရုပ်ဆောင် ဆုပန်ထွာ နဲ့ မယားကြီးရဲ့ ကြေငြာချက် ဥက္ကာကျော် ရှင်းလင်း ဆုပန်ထွာရဲ့ သတို့သား သဇင်နဲ့လည်း ဘာလိုလို
- (အနောကျသို့) ဇန်န၀ါရီလ (၃၀) ရက်နေ့က ရန်ကုန်၊ St Mary's Cathedral မှာ ကျင်းပခဲ့တဲ့ လင်းလင်း နှင့် ချစ်သုဝေ တို့ရဲ့ လက်ထပ်မင်္ဂလာပွဲ Router ကို Setting ချပြီး WiFi ပြန်လွှင့်နည်း...စိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... ဘန္နီၿဖိဳး ရဲ့ 'လူပျိုလှည့်တေး' မိန်းကလေးတိုင်း သိထားသင့်တဲ့ မိမိခန္ဓာကိုယ်ပေါ်က ယောင်္ကျားလေးများ စိတ်ဝင်စားဆုံးနေရာများ...သရုပ်ဆောင် ဆုပန်ထွာ နဲ့ မယားကြီးရဲ့ ကြေငြာချက် ဥက္ကာကျော် ရှင်းလင်း ဆုပန်ထွာရဲ့ သတို့သား သဇင်နဲ့လည်း ဘာလိုလို