Canon 70D Users များ Canon 80D ကို Upgrade လုပ်သင့်ပြီလား...
Canon EOS 80D features..... -24.2MP APS-C CMOS Sensor -DIGIC 6 Image Processor -3.0" 1.04m-Dot Vari-Angle Touchscreen -Full HD 1080p Video Recording at 60 fps -45-Point All Cross-Type AF System -Dual Pixel CMOS AF -Expanded ISO 25600, Up to 7 fps Shooting -Built-In Wi-Fi with NFC -RGB+IR 7560-Pixel Metering ယခုအသစ်ထွက်တဲ့ Canon 80D ဟာ 70D ကို upgrade လုပ်ထားတာ ဖြစ်ပြီး sensor အသစ်နဲ့ processor အသစ်တွေ အပါအဝင် Auto Focus စနစ်တွေမှာ ကြီးကြီးမားမား ပြောင်းလဲထားတာ တွေ့ရပါတယ်... Canon 80D ရဲ့ resolution ဟာ 24.2-megapixel ဖြစ်ပြီး APS-C CMOS imaging sensor (Crop frame) အမျိုး အစားဖြစ်ပါတယ်... 70D ပါတဲ့ 20.2MP နဲ့ ယှဉ်လိုက်ရင် 80D မှာ resolution ပိုများ လာတာကို တွေ့ရမှာပါ... Image processor ပိုင်းကို ကြည့်မယ် ဆိုရင်လည်း 70D မှာ DIGIC 5+ ကိုသာ အသုံးပြုထားပြီး 80D မှာတော့ ပိုမိုမြန်ဆန်တဲ့ DIGIC 6 image processor ကို အသုံးပြု ထားတာ တွေ့ရပါတယ်... ISO ပိုင်းကတော့ သိပ်ပြီးထွေထွေ ထူးထူးတော့ ပြောစရာ မရှိပါဘူး... Canon 80D မှာ Dual Pixel CMOS AF အပြင် Viewfinder ကနေ မြင်ရတဲ့ autofocusing အပိုင်...