Posts

Showing posts with the label Scholarship (ပညာသင်ဆု)

အခြေခံပညာသင်ဆု စာမေးပွဲတစ်နိုင်ငံလုံး တစ်ပြိုင်နက်ကျင်းပ

Image
အခြေခံ ပညာသင်ဆု စာမေးပွဲကို တစ်နိုင်ငံလုံး အတိုင်း အတာဖြင့် ဧပြီ ၆ ရက်တွင် တစ်ပြိုင်နက်တည်း ကျင်းပကြောင်း အခြေခံပညာ ဦးစီးဌာနမှ သိရသည်။ အခြေခံပညာမှ ထူးချွန်သည့်ကျောင်းသား၊ ကျောင်းသူ များကို ပညာသင်ဆုများ ချီးမြှင့်နိုင်ရန် ပညာ သင်ဆု ရွေးချယ်ရေးစာမေးပွဲကို ဧပြီ ၆ ရက်တွင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် မေးခွန်းတစ်စုံတည်း ပြုစုကာ စစ်ဆေးလျက်ရှိကြောင်း၊ ဧပြီ ၆ ရက်နှင့် ၇ ရက်နေ့တို့တွင် ကျင်းပ သွားမည်ဖြစ်ကာ အဆိုပါ ပညာသင်ဆုရွေးချယ်ရေး စာမေးပွဲတွင် ကိုယ်ပိုင်ကျောင်းများနှင့် ဘုန်းတော်ကြီး သင် ပညာရေး ကျောင်းမှ ထူးချွန်သည့်ကျောင်းသား၊ ကျောင်းသူများပါ ဝင်ရောက်ဆိုဖြေကြကြောင်း သိရသည်။ ယင်းနှင့်ပတ်သက်ပြီး အခြေခံပညာ ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက “ကျောင်းအလိုက် အတော်ဆုံး လေး တန်းကျောင်းသားတစ်ဦးနဲ့ ရှစ်တန်းကျောင်းသားတစ်ဦးဝင်ရောက် ဖြေဆိုခွင့်ပြုထားပါတယ်။ ကိုယ်ပိုင်ကျောင်း၊ ဘကကျောင်းတွေက ထူးချွန်တဲ့ကျောင်းသာတွေ ရှိရင်လည်း သက်ဆိုင်ရာမြို့နယ်က ပင်မကျောင်းရဲ့ စာရင်းအောက်မှာ ဝင်ရောက်ဖြေဆိုခွင့်ရှိပါတယ်။ အခုဖြေတဲ့စာမေးပွဲမှာ ဘက ရော၊ ကိုယ်ပိုင်ကျောင်းရော၊ မူလွန်၊ လယ်ခွဲ၊ တွဲဖက်ကျောင်းအားလုံးက ထူးချွန်ကျောင်...

ြ​မန်မာ​ကျော​င်း​သားများ​အတွ​က် UNSW ပညာ​သင်ဆု​ လျှောက်ထား​နို​င်ြ​ပီ

Image
သြစတြေးလျနိုင်ငံ၏ ထိပ်တန်း တက္ကသိုလ်ကြီး တစ်ခုဖြစ်သော University of New South Wales (UNSW) ၌ မြန်မာနိုင်ငံရှိ ကျောင်းသား၊ ကျောင်းသူ များအတွက် (Studies Plus Foundation Studies Program) ပညာသင်ဆုများ စတင်လျှောက် ထားနိုင်ပြီဖြစ်ကြောင်း Edulink Australia မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။ “UNSW ရဲ့ Standard Plus Program အတွက် ပညာသင်ဆုကို စတင်လျှောက် ထားနိုင်မှာဖြစ်ပါ တယ်။ အချိန်ကာလအနေနဲ့ ၁၁ လကြာမြင့်မှာ ဖြစ်ပါတယ်။ လျှောက်ထားတဲ့ ကျောင်းသား၊ ကျောင်း သူတွေဟာ IB တန်းမှာ တက်နိုင်တဲ့သူတွေ၊ IGCSE O Level (သို့) အခြေခံပညာ အထက်တန်းစာ မေးပွဲ အောင်မြင် ထားသူတွေ၊ gasde ၁၂ ရလဒ်ကောင်းနဲ့ SAI အောင်မြင်ထားတဲ့သူတွေဖြစ်ရပါ တယ်။ IELTS နဲ့ TOEFL လည်းရရှိထား ရမှာဖြစ်ပါတယ်” ဟု ၎င်းကပြောပြသည်။ UNSW ၌ မြန်မာနိုင်ငံရှိ Studies Plus Foundation Studies Program တက်ရောက်ကြမည့် ကျောင်း သား၊ ကျောင်းသူများအတွက် ၎င်းတို့၏ပညာသင်စားစရိတ်ထဲမှာ ၂၅ ရာခိုင်နှုန်း (သို့) သြစတြေးလျ ဒေါ်လာ ၇၈၅ နှင့်ညီမျှသော ပညာသင် ဆုလည်းလျှောက်ထားနိုင်မည်ဖြစ်ကြောင်း သိရသည်။ ကြေးမုံသတင်းစာ မတ်လ (၄) ရက်၊ ၂၀၁၅ ခုနှစ် -------------------------------------- ကိုမျု...

ေ​ခါ​င်းေ​ဆာင်မှု​ဆိုင်ရာ အစ​ည်း​အေ​ဝး​နှ​င့်​ ပညာ​သင်ဆု လျှောက်ထား​နို​င်

Image
Written by စန္ဒာဝင်း The Chrysalis International Young Leaders Conference ကို Australia နိုင်ငံ Brisbane မြို့ Queensland University အတွင်းရှိ Emmanuel College တွင် ဇွန် ၂၈ ရက်မှဇူလိုင် ၅ ရက်အထိ တစ်ပတ်တိတိ ကျင်းပပြုလုပ် မည်ဖြစ်ကြောင်း Edulink Australia မှ ပညာရေး အတိုင်ပင်ခံ မဇင်မာစိုး ကပြောသည်။ “နိုင်ငံတကာကျောင်းသား၊ ကျောင်းသူအားလုံးပါဝင်တဲ့ ရက်သတ္တပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ အစီ အစဉ်တွေပါဝင်ပြီး ကျောင်းသား၊ ကျောင်းသူတွေရဲ့ အနာဂတ်ပန်းတိုင်နဲ့ အခွင့်အလမ်းကောင်းတွေကို သူတို့ရဲ့နိုင်ငံ၊ တက္ကသိုလ်နဲ့ကျောင်းတွေမှာ တန်ဖိုးရှိတဲ့ခေါင်းဆောင်နိုင်မှု စွမ်းရည်တိုးတက်လာစေလို ဖို့ရည်ရွယ်ပြီး ကျင်းပပေးခြင်းဖြစ်တယ်” ဟု ၎င်းကဆက်လက်ပြောသည်။ အဆိုပါ The Chrysalis International Young Leaders Conference မှတစ်ဆင့် မိမိကိုယ်ကို ယုံ ကြည်မှုရရှိစေခြင်း၊ ကိုယ်ပိုင်ဆုံးဖြတ်နိုင်စွမ်းများ တိုးတက်လာခြင်း၊ တစ်ကမ္ဘာလုံးဆိုင်ရာ ပြဿနာများ ကို လူမှုအဖွဲ့အစည်းနှင့် ပညာရေးနယ်ပယ်တွင် ဦးဆောင်နေသော လူများမှ guest speaker အနေ ဖြင့် ပါဝင်ဆွေးနွေးပေးခြင်း၊ Piersim စနစ်ကိုအသုံးပြု၍ လေ့ကျင့်သင်ကြားပေးခြင်း၊ စိတ်ဝင်စားဖွယ် ရာ Social act...

ပညာသင်ဆုအတွက် လျှောက်ထားသူများကို စာမေးပွဲစစ်မည်

Image
နိုင်ငံတော် သမ္မတရဲ့ ပညာသင်ဆု အတွက် လျှောက် ထားသူ ၄၈၀၀ ကျော် ရှိပြီး လာမယ့် ဒီဇင်ဘာလမှာ အရည်အချင်းစစ် စာမေးပွဲ ဖြေဆိုရမှာ ဖြစ်ပါတယ်။ ဘွဲ့ကြိုတန်း အတွက် ၆၅၈ ယောက်၊ မဟာတန်း အတွက် ၁၈၄၈ ယောက်နဲ့ ပါရဂူတန်း အတွက် ၂၃၇၆ ယောက် လျှောက်ထား ခဲ့တာ ဖြစ်ပါတယ်။ ဒီအထဲမှာ ယောင်္ကျားလေး ၈၆၆ ယောက် ပါဝင်ပြီး မိန်းကလေး ကတော့ ၄၀၁၆ ယောက် ဖြစ်ပါတယ်။ လျှောက်ထားသူ အားလုံးဟာ ဒီဇင်ဘာ ၆ ရက်ကနေ ၁၂ အတွင်း အရည်အချင်းစစ် စာမေးပွဲ ဖြေဆို ရမှာ ဖြစ်ပြီး အဲဒီစာမေးပွဲတွေကို ရန်ကုန်၊ မန္တလေး၊ မော်လမြိုင်၊ မကွေး၊ မုံရွာနဲ့ တောင်ကြီးမြို့တွေ မှာ ဖြေဆိုရမှာလည်း ဖြစ်ပါတယ်။ စာမေးပွဲကိုတော့ ဗြိတိသျှကောင်စီရဲ့ Global English Assessment Tool တခုဖြစ်တဲ့ ကွန်ပျူတာကို အသုံးပြုပြီး ဖြေရတဲ့ Aptis Test ကို သုံးပြီး စစ်ဆေးမှာ ဖြစ်ပါတယ်။  DVB News -------------------------------------- ကိုမျိုး(သုတစွယ်စုံ)( lwanmapyay.blogspot.com ) Facebook Page Twitter Google+

MBA လျှောက်ထားသူများ ပညာသင် ထောက်ပံ့ကြေး လျှောက်ထားနိုင်

Image
ထိုင်းနိုင်ငံ ဘန်ကောက်ရှိ Stamford International University ၏ MBA (Full Time/Part Time) အတွက် ကျောင်းလခ (၂၅ ရာခိုင်နှုန်း) အားပညာသင် ထောက်ပံ့ကြေး လျှောက်ထားနိုင်ကြောင်း မြန် မာ့ပညာရေး ဝန်ဆောင်မှု အသိုင်းအဝိုင်းမှ သိရသည်။ ကျောင်းပြီး အလုပ်အကိုင် အလားအလာများကို အောက်တိုဘာ ၂၄ ရက်မှ သောကြာနေ့ နံနက် ၁၀ နာရီမှ မွန်းလွဲ ၁ နာရီထိ ရန်ကုန်မြို့ Summit Parkview Hotel နှင့်အောက်တိုဘာ ၂၆ ရက် တနင်္ဂနွေ နေ့မွန်းလွဲ ၂ နာရီမှ ညနေ ၅ နာရီထိ မန္တလေးမြို့ Hotel Manadalay (Ballroom) မှာ ကျင်းပပြုလုပ် မည့် GLOBAL EDUCATION FAIR 2014 တွင်လာရောက်လေ့လာနိုင်ကြောင်း CROWN Education ၏ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။ Democracy Today Daily အောက်တိုဘာ (၁၁) ရက်၊ ၂၀၁၄ ခုနှစ် -------------------------------------- ကိုမျိုး(သုတစွယ်စုံ)( lwanmapyay.blogspot.com ) Facebook Page Twitter Google+

သိန်း ၂၀၀ နီးပါးတန် IELTS ပညာသင်ဆု လျှောက်ထားနိုင်ပြီ

Image
ရန်ကုန် (မဇ္ဈိမ) ။ ။ မြန်မာငွေ ကျပ် ၁၉၂ သိန်းခန့် တန်သည့် IELTS ပညာသင်ဆု အစီအစဉ်ကို ၂၀၁၅ ခုနှစ်အတွက် အရှေ့တောင် အာရှနိုင်ငံများမှ ထူးချွန်ကျောင်းသား ငါးဦးသို့ ဗြိတိသျှကောင်စီမှ ပေးအပ် သွားမည်ဟု ဗြိတိသျှကောင်စီ က အောက်တိုဘာ ၂၂ ရက်တွင် ထုတ်ပြန်လိုက်သည်။ အဆိုပါ ပညာသင်ဆုများကို အမျိုးအစားနှစ်မျိုး သတ်မှတ် ထားပြီး မြန်မာအပါအဝင် အရှေ့အာရှ နိုင်ငံများရှိ ထူးချွန်ကျောင်း သား ငါးဦး ရွေးချယ်ကာ တစ်ဦးလျှင် ဗြိတိသျှ စတာလင်ပေါင် ၁၂၀၀၀ (မြန်မာငွေကျပ် ၁၉၂ သိန်းခန့်) ပေးအပ်မည်ဖြစ်သည်။ ယင်းအပြင် မြန်မာနိုင်ငံတွင် နေထိုင်သည့် ကျောင်းသားနှစ်ဦးကို ရွေးချယ်၍ တစ်ဦးလျှင် စတာလင်ပေါင် ၂၀၀၀ (မြန်မာကျပ်ငွေ ၃၂ သိန်းခန့်) ပေးအပ်မည့် အစီအစဉ်လည်း ပါဝင်မည်ဖြစ်သည်။ အဆိုပါ အစီအစဉ်မှာ အရှေ့တောင် အာရှနိုင်ငံများရှိ ဗြိတိသျှသံရုံးများက စုပေါင်းချီးမြှင့်သည့် IELTS Scholarship ဖြစ်သည်။ ပညာသင်ဆုလျှောက်ထားရန် စိတ်ပါဝင်စားသည့် ကျောင်းသားများအနေဖြင့် မြန်မာနိုင်ငံတွင် လက်ရှိနေ ထိုင်သူ၊ မြန်မာနိုင်ငံပြင်ပတွင် ၂၀၁၅ ပညာသင်နှစ်မှစ၍ ဘွဲ့ကြိုနှင့် ဘွဲ့လွန်ပညာသင် ကြားမည့်သူ၊ IELTS လက်မှတ်အား ဝင်ခွင့်လိုအပ်ချက် တစ်ခုအနေဖြင့် လက်...

MBA ပညာသင်ဆု လျှောက်ထားနိုင်

Image
စီးပွားရေး လုပ်ငန်းများတွင် အလယ်အလတ် ရာထူး အဆင့်မြင့် လုပ်ကိုင်နေသူ များအတွက် အမေရိကန် နိုင်ငံ လော့အိန်ဂျယ် လိစ်မြို့ရှိ University of Southern California Marshall School of Business တွင်တစ်နှစ်ကြာ ပညာ သင်ကြားရမည့် ဒေါ်လာ ငါးသောင်းခန့် ရှိသော IBEAR MBA ပညာတော်သင်ဆု သုံးဆုကို လျှောက်ထားနိုင်ကြောင်း သိရသည်။ ပညာသင်ဆု အစီအစဉ်တွင် မြန်မာနိုင်ငံရှိ စီးပွားရေး နယ်ပယ်အသီးသီးတွင် အလယ်အလတ်အဆင့် ရာထူး များဖြင့် အသက်မွေးဝမ်းကျောင်း နေသူများထဲမှ ရွေးချယ်ပေးအပ် သွားမည်ဖြစ်ပြီး ကုမ္ပဏီများ တွင်ထိပ်တန်း ရာထူးများ ရရှိလိုသူများအနေဖြင့် ပညာတော်သင်ဆု လျှောက်ထားရန် သင့်တော်ကြောင်း သိရသည်။ “USC Marshall ကကျောင်းသား၊ ကျောင်းသူတွေရဲ့ career နဲ့စီးပွားရေး နယ်ပယ်တွေမှာ အောင်မြင် နိုင်ဖို့အ သုံးချနိုင်မယ့် နည်းလမ်းတွေကို သင်ကြားပေးလျက်ရှိပါတယ်။ USC Marshall အနေနဲ့ မြန်မာ နိုင်ငံရဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းနဲ့ အရှိန်အဟုန်မြှင့် ဆက်ဆံမှုတို့ကို အလွန်အားရပါတယ်။ အခုလို ကမ္ဘာ့စီးပွားရေး ကဏ္ဍနဲ့ မြန်မာနိုင်ငံရဲ့ ပေါင်းစည်းမှုမှာ မြန်မာနိုင်ငံ အတွင်းမှာ ရှိတဲ့ စီးပွားရေးနယ်ပယ် အသီးသီးက အလယ်အလတ် အဆင့်တွေမှာ ထူးချွန်ထက်မြက်...

ကန်ဒေါ်လာ ငါးသောင်း တန်ဖိုးရှိ MBA ပညာသင်ဆု ၃ ဆုပေးအပ်မည်

Image
အမေရိကန်နိုင်ငံ University of Southern California Marshall School of Business မှ MBA ပရိုဂရမ် အတွက် အမေရိကန် ဒေါ်လာ ငါးသောင်း တန်ဖိုးရှိ ပညာသင်ဆု ၃ ဆုကိုပေးအပ် သွားမည် ဖြစ်ကြောင်း သိရသည်။ အဆိုပါ ပညာသင်ဆုကို ၂၀၁၅ ခုနှစ် ပညာသင်နှစ် အတွက် မြန်မာနိုင်ငံရှိ စီးပွားရေး နယ်ပယ် အသီးသီးတွင် အလယ်အလယ် ရာထူးအဆင့်ဖြင့် လုပ်ကိုင်လျက် ရှိသူများအား ပေးအပ် သွားမည်ဖြစ်သည်။ ပညာသင်ဆုရရှိသူများသည် IBEAR MBA ပရိုဂရမ်ကို USC Marshall School of Business တွင် တစ်နှစ်ကြာ ပညာသင်ယူ ရမည် ဖြစ်သည်။ ပညာသင်ဆုနှင့် ပတ်သက်၍ အသေးစိတ်ကို အောက်တိုဘာ ၁၅ ရက်၊ နေ့လည် ၃ နာရီတွင် ဆူးလေရှန်ဂရီလာ ဟိုတယ်၌ ရှင်းလင်းပြောကြား သွားမည်ဖြစ်ပြီး အခမ်းအနားတွင် USC တွင်လက်ရှိပညာသင်ကြားလျက်ရှိသောကျောင်းသား ကျောင်းသူများ၊ Alumini များ အပါ အ၀င် ပရိုဂရမ်ဝင်ခွင့်နှင့် အလုပ်အကိုင်အကြံပေးများနှင့် တွေ့ဆုံဆွေးနွေးခွင့် ရရှိမည် ဖြစ်သည်။  ပညာသင်ဆုလျှောက်ထားလိုသူများအနေဖြင့် အခမ်းအနားကို တက်ရောက်ရန် http://www.marshall.usc.edu/ibear/admissions/events တွင် အခမဲ့ စာရင်းပေး သွင်းနိုင်မည်ဖြစ်ပြီး IBEAR Associate Director of Outreach Pankaj Bhush...

မြန်မာ ကျောင်းသားများအတွက် The Hong Kong Institute of Education မှ ရာနှုန်းပြည့် ပညာသင်ဆု ပေးအပ်မည်

Image
The Hong Kong Institute of Education နှင့် သပြေပညာရေး ဖောင်ဒေးရှင်းတို့ ပူးပေါင်းကာ မြန်မာ ကျောင်းသား၊ ကျောင်းသူ များအတွက် ရာနှုန်းပြည့် ပညာသင်ဆုများ ပေးအပ်သွားမည် ဖြစ်ကြောင်း သိရ သည်။ အဆိုပါ ပညာသင်ဆုကို မြန်မာနိုင်ငံ (သို့) နိုင်ငံခြား တွင် အနည်းဆုံး တစ်နှစ် တက္ကသိုလ် တက်ရောက် ဖူးသူများ၊ IGCSE (သို့) GCE ရမှတ် Grade C နှင့်အထက် ရှိသူများ၊ TOEFL 550 (သို့) IELTS 6 ရှိသူများ လျှောက်ထားနိုင်မည် ဖြစ်သည်။ “ပညာသင်ဆုအတွက် လျှောက်လွှာတွေကို ဒီဇင်ဘာလ ၃၁ ရက်နေ့ထက် နောက်မကျဘဲ လာရောက်တင်ပေး စေချင်ပါတယ်။ ပညာသင်ဆုအတွက် မနှစ်တုန်းကတော့ ရာနှုန်းပြည့်ပညာသင်ဆုအတွက် သုံးယောက်ရွေးချယ်ပြီး စေလွှတ်ခဲ့တယ်။ ဒီနှစ်တော့ ၂ ယောက် သို့မဟုတ် ၃ ယောက်တော့ ပေးဖို့ အစီအစဉ်ရှိပါတယ်” ဟု သပြေ ပညာရေး ဖောင်ဒေးရှင်းမှ စီနီယာပရိုဂရမ်မန်နေဂျာ ဦးစိုးလေးက ပြောသည်။ ပညာသင်ဆုကို ပညာရေး မူဝါဒဆိုင်ရာ အထူးပြု ဘာသာရပ်၊ ပညာရေး စီမံခန့်ခွဲမှုနှင့် ခေါင်းဆောင်မှု ဘာသာရပ် များအတွက် ပေးအပ်မည်ဖြစ်ပြီး Bachelor ဘွဲ့အတွက် Social Sciences in Global and Environmental Studies, Social Sciences in Psychology, Arts in Creative Arts and Culture (M...

မြန်မာအင်ဂျင်နီယာ ငါးဦးအားဂျပန်နိုင်ငံတွင် သွားရောက် ပညာသင်ယူနိုင်မည့် ပညာသင်ဆုများ ချီးမြှင့်သွားမည်

Image
ဂျပန်နိုင်ငံ အဖွဲ့အစည်း တစ်ခုဖြစ်သော JICA မှ မြန်မာနိုင်ငံရှိ လုပ်ငန်းခွင် ဝင်ရောက်နေသော အင်ဂျင်နီ ယာငါးဦးအား ဂျပန်နိုင်ငံတွင်သွားရောက် ပညာ သင်ယူနိုင်မည့် ပညာသင်ဆုများ ချီးမြှင့်သွားမည်ဖြစ် ကြောင်းသိရသည်။ အဆိုပါ ပညာသင်ဆုများ ချီးမြှင့်ရန်အတွက် မြန်မာနိုင်ငံ အင်ဂျင်နီယာ အသင်းသို့ Japan International Cooperation Center (JICA) မှ လာရောက် ကမ်းလှမ်း ထားခြင်းဖြစ်ပြီး ယင်းပညာသင်ဆု အစီ အစဉ်မှာ Japan Grant Aid for Human Resource Development Scholarship-(JDS) (၂၀၁၄-၂၀၁၆) ဖြစ်ကြောင်း သိရသည်။ “ဒီအစီအစဉ်က ဒုတိယအကြိမ်မြောက်ပါ။ ပြီးခဲ့တဲ့နှစ်ကလဲ တစ်ခေါက်ခေါ်ပြီးပါပြီ။ ပညာသင်ဆု ရရှိသူ တွေ အတွက် အသွားအပြန်လေယာဉ်စရိတ်တွေ၊ စားသောက်နေထိုင်စရိတ်တွေကို ဂျပန်အစိုးရက တာဝန်ယူသွား မှာပါ” ဟု မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းမှ စီအီးအိုဖြစ်သူ ဦးမြင့်စိုးကပြောသည်။ မြန်မာနိုင်ငံမှ လုပ်ငန်းခွင်ဝင်ရောက်နေသော အင်ဂျင်နီယာများကို JICA-JDS အစီအစဉ်မှ ပညာသင် ဆုကမ်းလှမ်း ခြင်းမှာ ၂၀၁၃ ခုနှစ်ကတည်းက စတင်ခဲ့ခြင်းဖြစ်ပြီး၊ ယခုအခါ ဒုတိယအကြိမ်မြောက် ကမ်းလှမ်းခံရခြင်းဖြစ် ကြောင်း သိရသည်။ အဆိုပါပညာသင်ဆုကို စိတ်ဝင်စားသူများအနေဖြင့် ...

ထိုင်းရေနံ ကုမ္ပဏီက မြန်မာ ကျောင်းသားများကို ပညာသင်ဆု ပေးမည်

Image
မြန်မာနိုင်ငံ၏ ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်းတွင် ကာလကြာရှည် ရင်းနှီးမြှုပ်နှံ  လုပ်ကိုင်နေသည့် ထိုင်းနိုင်ငံပိုင် ရေနံကုမ္ပဏီ ဖြစ်သည့် PTTEP က မြန်မာနိုင်ငံမှ တက္ကသိုလ်  ၀င်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ နှစ်ဦးကို ထိုင်းနိုင်ငံရှိ ကုန်သည် စီးပွားတက္ကသိုလ် (University of the Thai Chamber of Commerce) တွင် ပညာသင်ကြားနိုင်ရန်  ပညာသင်ဆု ပေးအပ်သွားမည်ဟု သိရသည်။  မြန်မာကျောင်းသား၊ ကျောင်းသူများအား ပညာသင်ဆု ပေးအပ်ရေး အစီအစဉ်အတွက်  ထိုင်းရေနံကုမ္ပဏီနှင့် အဆိုပါ ထိုင်းကုန်သည်စီးပွားတက္ကသိုလ်တို့ စက်တင်ဘာလဆန်းတွင်  လက်မှတ်ရေးထိုးသဘောတူခဲ့သည်ဟု PTTEP ကုမ္ပဏီက ထုတ်ပြန်ထားသည်။  အဆိုပါ ကုမ္ပဏီ၏ လူမှုအကျိုးပြု လုပ်ငန်းစဉ်အရ မြန်မာနိုင်ငံ၏ လူ့စွမ်းအားအရင်းအမြစ်ကို အထောက်အပံ့ပေးနိုင်ရန် မြန်မာ ကျောင်းသားများအား ပညာသင်စရိတ် အပြည့်အ၀ ရရှိမည့် ပညာသင်ဆု ပေးအပ်ခြင်းဖြစ်သည်ဟု ကုမ္ပဏီ၏ သတင်းထုတ်ပြန်ချက်၌ ဖော်ပြထားသည်။ ref;Myanmar Times -------------------------------------  ကိုမျိုး( lwanmapyay.blogspot.com ) လွမ်းမပြေ သုတရပ်ဝန်း | Facebook...

တက္ကသိုလ် တက်ရောက်မည့် မသန်စွမ်း ကျောင်းသား/သူများ ပညာသင်ဆု လျှောက်ထားနိုင်

Image
တက္ကသိုလ် တက်ရောက်ကြမည့် မသန်စွမ်း ကျောင်းသား ကျောင်းသူများအတွက် မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ် (MRF)၊ မြန်မာနိုင်ငံ မသန်စွမ်းသူများ ရှေ့ဆောင်အဖွဲ့နှင့် နီပွန် ဖောင်ဒေးရှင်း တို့ပူးပေါင်းကာ ပညာသင်ဆုချီးမြှင့်ခြင်းနှင့် အတိုးမဲ့ချေးငွေ ထုတ်ချေးခြင်း အစီအစဉ်များ ဆောင်ရွက် သွားမည်ဖြစ်သည်။  မသန်စွမ်း ကျောင်းသားကျောင်းသူများ တက္ကသိုလ် တက်ရောက်ရန်အတွက် ကျောင်းလခ၊ ကျောင်းဝင်ကြေးနှင့် အခြားပေးသွင်းရမည့် ကုန်ကျစရိတ်များကို နီပွန်ဖောင်ဒေးရှင်းက ရာနှုန်းပြည့် ပညာသင်စရိတ် ထောက်ပံ့သွားမည်ဖြစ်ပြီး တက်ရောက်ရမည့် ဘာသာရပ်အလိုက် လိုအပ်သော သင်ထောက်ကူ ပစ္စည်းများ ၀ယ်ယူနိုင်ရန်အတွက် ဧဒင်အုပ်စုက အတိုးမဲ့ချေးငွေထုတ်ချေး ပေးသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။  "အတိုးမဲ့ လစဉ်အရစ်ကျ ပေးဆပ်နိုင်ဖို့ မြန်မာ့ရှေ့ဆောင်ဘဏ်နဲ့ ချိတ်ဆက်ထားတယ်။ ဒီအစီအစဉ်ကို ကျွန်တော်တို့ မနှစ်ကတည်းက ဆောင်ရွက်ခဲ့တာပါ။ နှစ်စဉ်ပေးအပ်ဖို့ ရည်ရွယ် ထားပါတယ်။ ဘယ်တက္ကသိုလ်၊ ဘယ်ဘာသာရပ်မဆို ပညာသင်ဆု အစီအစဉ်အတွက် လျှောက်ထားလို့ ရပါတယ်။ လူဦးရေ ကန့်သတ်မထားပါဘူး"ဟု မြန်မာနို...

ဂျပန်နိုင်ငံ တက္ကသိုလ်များတွင် သွားရောက် သင်ကြားနိုင်မည့် မဟာဘွဲ့ ပညာသင် ဆုအတွက် လျှောက်လွှာများ ခေါ်ယူ

Image
အမျိုးသား စီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာနမှ ၂၀၁၅-၂၀၁၆ ပညာသင်နှစ် အတွက် ဂျပန် တက္ကသိုလ်များနှင့် JDS ပညာသင်ဆု အစီအစဉ် အရ ဂျပန်နိုင်ငံ တက္ကသိုလ်များတွင် သွားရောက် သင်ကြားနိုင်စေရန် မဟာဘွဲ့ ပညာသင်ဆု သင်တန်း အတွက် လျှောက်လွှာများ ခေါ်ယူသွားမည် ဖြစ်ကြောင်း သိရသည်။ အဆိုပါ ပညာသင်ဆုများကို အသက်၂၂ နှစ်မှ ၄၀ နှစ်အတွင်း ရှိသူများ၊ တက္ကသိုလ် တစ်ခုခုမှ ဘွဲ့ရရှိပြီး သူများ၊ အင်္ဂလိပ်စာ ကျွမ်းကျင်မှု TOEFL အမှတ် ၅၀၀ နှင့် ၅၂၀ (သို့) ၎င်းနှင့် ညီမျှသည့် အရည်အချင်းရှိသူ၊ အချိန်ပြည့်အလုပ်တွင် လုပ်ငန်း အတွေ့အကြုံ ၂ နှစ်နှင့် အထက်ရှိသူ၊ လက်ရှိအလုပ်မှ ပညာသင်ဆု ၂ နှစ် တက်ရောက်ခွင့်ရရှိသူ၊ မဟာဘွဲ့ရရှိပြီးသူ ဖြစ်ပါက ပညာသင်ဆုဖြင့် တက်ရောက်ခြင်းမဟုတ်သူ၊ UMFCCI အသင်းဝင်နှင့် ဝန်ထမ်းဖြစ်သူ မြန်မာနိုင်ငံသားများ ပါဝင်လျှောက် ထားနိုင်မည် ဖြစ်သည်။ MBA (Economics) အတွက် ၄ ဦး၊ MBA အတွက် ၈ ဦး၊ MBA (ICT) အတွက် ၈ ဦး ပါဝင် လျှောက် ထားနိုင်ပြီး JDS ကော်မတီမှ ၄ ကြိမ် စစ်ဆေးရွေးချယ်မည် ဖြစ်သည်။ သင်တန်းသို့ တက်ရောက်ရန် အရည်အချင်းပြည့်မီသည့် သင်တန်းသားများစာရင်းနှင့် ကိုယ်ရေး အချက်အလက် များကို ကုန်သည်များနှင့်...

မာရူဘီနီ ကော်ပိုရေးရှင်းက ပညာသင်ဆု ပေးအပ်

Image
ရန်ကုန် စက်တင်ဘာ ၁၆ နည်းပညာ တက္ကသိုလ်နှင့် ကွန်ပျူ တာ တက္ကသိုလ် မဟာဘွဲ့သင်တန်း ပညာသင်ဆု အတွက် ၂ဝ၁၄ -၂ဝ၁၅ ပညာသင်နှစ် ပညာသင်စရိတ် ခြောက်သိန်းခွဲ ကို ကျောင်းသား ကျောင်းသူ ရှစ်ဦးအား ဂျပန်နိုင်ငံ မာရူဘီနီ ကော်ပိုရေးရှင်းက စက်တင်ဘာ ၁၅ ရက်က ပေးအပ်ခဲ့သည်။ အမှန်တကယ် ငွေကြေးထောက်ပံ့မှု လိုအပ်ပြီး ပညာရပ် ထူးချွန်၍ မည်သည့် ပညာသင်ဆုမှ ရရှိထား ခြင်းမရှိသေးသည့် ကျောင်းသား ကျောင်းသူများမှ ရွေးချယ်ခြင်းဖြစ်ကြောင်း သိရသည်။ မာရူဘီနီ ပညာသင်ဆုအတွက် ရန်ကုန်နည်းပညာ တက္ကသိုလ်မှ လေးဦး၊ မန္တလေးနည်း ပညာတက္ကသိုလ်မှ နှစ်ဦးနှင့် ရန်ကုန် ကွန်ပျူတာ တက္ကသိုလ်မှနှစ်ဦးစုစုပေါင်း ရှစ်ဦးအား သိပ္ပံနှင့်နည်းပညာဝန်ကြီး ဌာနက ရွေးချယ် ခဲ့ခြင်းဖြစ်သည်။ အဆိုပါ ပညာသင်ဆုပေးအပ်ပွဲ အခမ်းအနားကို စက်တင်ဘာ ၁၅ ရက် နံနက်ပိုင်းက ရန်ကုန်နည်းပညာ တက္ကသိုလ်၌ ကျင်းပခဲ့ပြီး မာရူဘီနီ ကော်ပိုရေးရှင်းမှ ဒုတိယဥက္ကဋ္ဌမစ္စတာ မာမိုရူစီကီရာမာ၊ သိပ္ပံနှင့်နည်းပညာ ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ ဘရွှေနှင့် မြန်မာနိုင်ငံဆိုင်ရာ ဂျပန်နိုင်ငံသံအမတ် မစ္စတာ တာတီရှီဟီဂူချီ တို့က အဖွင့်အမှာစကား ပြောကြားကြသည်။ ထို့နောက် ပညာသင်ဆု ရရှိသူများအား မာရူဘီနီကော်ပိုရေးရှ...

ရှိဗနင်း ပညာသင် ဆုအတွက် မြန်မာ ကျောင်းသားများ လျှောက်ထားရန် ဗြိတိသျှသံရုံး တိုက်တွန်း

Image
၂၀၁၅-၂၀၁၆ ပညာ သင်နှစ်တွင် ဗြိတိသျှနိုင်ငံ၌ ဘွဲ့လွန် ပညာများ ဆက်လက် သင်ကြားနိုင်ရန် မြန်မာနိုင်ငံမှ ကျောင်းသားများ အနေဖြင့် ရှီးဗနင်း ပညာသင် ဆုကို လျှောက်ထား နိုင်ကြောင်း ဗြိတိသျှသံ ရုံးက တိုက်တွန်းကြောင်း သိရသည်။ “ရှီဗနင်း ပညာသင် ဆုတွေဟာ ဗြိတိသျှနိုင်ငံက အကောင်းဆုံး တက္ကသိုလ်တွေမှာ ပညာ သင်ကြားဖို့၊ အကောင်းဆုံး ပညာတွေ သင်ယူ တတ်မြောက် ထားကြတဲ့ ကမ္ဘာ့အသိုင်းအဝိုင်းနဲ့ ဆက်သွယ်ဖို့အတွက် အလွန်အင်မတန် ကောင်းမွန်တဲ့ အခွင့်အရေးကို ပေးအပ်နေ တာဖြစ်ပါတယ်” ဟု မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန် သံအမတ်ကြီး မစ္စတာ အန်ဒရူးပက်ထရစ်က ပြောသည်။ ပညာသင်ဆုတွင် ဗြိတိန်ပြည်ဝင်ခွင့်၊ ဗြိတိန်နိုင်ငံသို့ အသွားအပြန် လေယာဉ်လက်မှတ် (တစ်နှစ်တွင် ပေါင် ၁၃၀၀၀ ထက်မပို) ကျောင်းလခအားလုံး လစဉ်ထောက်ပံ့ကြေးငွေနှင့် အသုံးစရိတ်များပါဝင် သည်။ ကျောင်းလခတစ်နှစ်လျှင် ပေါင် ၁၃၀၀၀ ထက်ပိုသည့် သင်တန်းကို တက်ရောက်လိုပါက ပညာသင်စ ရိတ်တစ်စိတ် တစ်ပိုင်းကို လျှောက်ထားသူက ကိုယ်တိုင်ကျခံမည်ဖြစ်ကာ ပညာတော်သင်ဆုများ၌ မှီခို နေသူများအတွက် စရိတ်မပါဝင်ကြောင်း သိရသည်။ ရန်ကန်ုမြို့ရှိ ဗြိတိသျှသံရုံးသည် နိုင်ငံရေး၊ နိုင်ငံရေးသိပ္ပံ၊ နိုင်ငံတကာဆက်ဆံရေး၊ ...

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက အင်္ဂလိပ် ဆရာ၊ ဆရာမများအတွက် အွန်လိုင်း အဝေးသင် ပညာသင်ဆု ပေးမည်

Image
မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးသည် ပြည်တွင်း၌ စာသင်ကြားနေသော အင်္ဂလိပ်စာ ဆရာ၊ ဆရာမများ အတွက် အွန်လိုင်းမှတစ်ဆင့် သင်ကြားနိုင်မည့် E-Techer စကောလားရှစ် အမည်ရှိ အဝေးသင် ပညာသင်ဆု အစီအစဉ် တစ်ခုကို လာမည့် ၂၀၁၅ ခုနှစ်တွင် ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။ အင်္ဂလိပ်စာ ဘာသာရပ်ကို သင်ကြားနေသော ဆရာ၊ ဆရာမများ၏ စာသင်ကြား မှုစွမ်းရည် ပိုမိုမြင့်မားလာစေရန် အတွက် ရည်ရွယ်ပြုလုပ်ပေးခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံး၏ ထုတ်ပြန်ကြေညာချက်တွင် ဖော်ပြထား သည်။ အဆိုပါ E-Techer စကောလားရှစ် အစီအစဉ်သည် ဆယ်ပတ်ကြာမြင့်မည်ဖြစ်ပြီး လျှောက်ထားလိုသည့် ဆရာ၊ ဆရာမများသည် အမေရိကန် တက္ကသိုလ်အဆင့် အင်္ဂလိအပ်စာ အရေးအဖတ် TOEFL အမှတ် ပျမ်းမျှ ၅၂၅ မှတ် ရရှိထားသူဖြစ်ရမည်ဖြစ်သည်။ ကွန်ပျူတာနှင့် အင်တာနက်ကို ကျွမ်းကျင်စွာ အသုံးပြုတတ်သူလည်း ဖြစ်ရမည်ဟု ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ အွန်လိုင်းအဝေးသင်ပညာဆု အတွက် ရွေးချယ်ခံရသူများအနက်မှ သင်တန်းကာလအတွင်း ထူးချွန်သည့် ဆရာ၊ ဆရာမများသည် အမေရိကန်နိုင်ငံတွင် ရက်သတ္တပတ် သုံးပတ်ကြာ အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်နိုင်မည့် အခွင့်အရေးကို ရရှိမည်ဖြစ်သည်။ E-Techer စကောလားရှစ် အ...

ရန်ကုန် စီးပွားရေး တက္ကသိုလ် ကျောင်းသားများကို ဂျပန်မီဇူဟိုဘဏ်မှ ပညာသင်ဆုများ နှစ်စဉ် ချီးမြှင့်မည်

Image
ရန်ကုန်စီးပွားရေး တက္ကသိုလ် ကျောင်းသားများကို ဂျပန်ဇူမီဟို ဘဏ်လီမီတက်က ယခုနှစ်မှ စတင်ကာ နှစ်စဉ် ပညာသင်ဆုများ ချီးမြှင့် သွားမည်ဖြစ်ကြောင်း သိရသည်။ ပညာသင်ဆုများကို နှစ်စဉ်ချီးမြှင့်နိုင်ရန် ယခု ပညာ သင်နှစ်မှစတင်၍ ကျောင်းသား ၂၅ ဦးကိုရွေးချယ် ပြီး၊ အဆိုပါ ရွေးချယ်ထားသော ပညာသင်ဆုရ ကျောင်းသား များကို တစ်နှစ်တာပညာသင် ထောက်ပံ့ ကြေးအဖြစ် အမေရိကန်ဒေါ်လာ ၃၀၀ စီချီးမြှင့်သွားမည်ဖြစ်ကြောင်း၊ ပညာသင်ဆု ရရှိပြီးသူများသာမက မရရှိ သေးသူများလည်း နှစ်စဉ်ပညာသင်ဆု အစီအစဉ်များတွင် ဆက်လက်လျှောက်ထားနိုင် ကြောင်း သိရသည်။ “မီဇူဟိုအနေနဲ့ကတော့ မြန်မာနိုင်ငံရဲ့ပညာရေးအတွက် တစ်ဖက်တစ်လမ်းကနေ အခုလိုပညာသင်ဆု ပေးတာ တွေကို တောက်လျှောက်လုပ်သွားမှာပါ။ ဒီနှစ်ပထမဆုံးစပြီး ပေးလိုက်တာပေါ့။ နောက်နှစ် တွေအတွက်လဲ အစီအစဉ်တွေရှိလာမှာပါ” ဟု ဂျပန်ဇူမီဟိုဘဏ်လီမိတက်မှ Senior Representative Officer မဖြစ်သူ မမီမီနေမင်းဝင်းက ပြောသည်။ ပညာသင်ဆုလျှောက်လွှာများကိုပြီးခဲ့သည့် ဇူလိုင်လခန့်ကခေါ်ယူခဲ့ပြီး သြဂုတ် ၂၉ ရက်က ပညာသင်ဆု ရွေးချယ် ခံရသောသူများကို တစ်နှစ်တာပညာသင်ဆုများချီးမြှင့်ခဲ့ကြောင်း သိရသည်။ “ကျွန်တော်တို့ တက္ကသိုလ်ဘက်ကနေ ဒီမီဇူဟိုဘဏ်နဲ့ ...

သုတေသနနှင့် အသက်မွေးဝမ်းကျောင်း ပညာရပ်များအတွက် ပညာသင်ဆု လျှောက်ထားနိုင်

Image
အမေရိကန်နိုင်ငံတွင် သုတေသနနှင့် အသက်မွေးဝမ်း ကျောင်းပညာရပ်များ လေ့လာ သင်ယူနိုင်မည့် US-ASEAN Visiting Scholar (USAS) အစီအစဉ်ကို လာမည့်နိုဝင်ဘာ ၁၆ ရက်၌ နောက်ဆုံးထား လျှောက် ထားနိုင် မည်ဖြစ်ကြောင်း အမေရိကန် သံရုံး၏ သတင်း ထုတ်ပြန်ချက်အရ သိရသည်။ အမေရိကန်နိုင်ငံရှိ တက္ကသိုလ်တွင် သုံးလမှလေးလ အထိ သွားရောက် ပညာသင်ယူရမည့် အစီအစဉ် အတွက် တက္ကသိုလ်ဆရာ၊ ဆရာမများ၊ အစိုးရဝန်ထမ်းများ၊ အစိုးရ မဟုတ်သော အဖွဲ့အစည်းများတွင် အလုပ် လုပ်ကိုင်နေသူများ လျှောက်ထားနိုင် မည်ဖြစ်ကြောင်း သိရသည်။ ပညာသင်ဆုအစီအစဉ်တွင် ပညာရေး၊ အင်ဂျင်နီယာ၊ သဘာဝပတ်ဝန်းကျင်သိပ္ပံ၊ အစားအသောက် နည်းပညာ၊ ပထဝီဝင်၊ ဘူမိဗေဒ၊ သတင်းအချက်အလက်သိပ္ပံ၊ သတင်းအတတ်ပညာ၊ ဥပဒေ၊ လူမှု သိပ္ပံ၊ သတင်းအချက် အလက် စီမံခန့်ခွဲမှုစနစ်၊ ပြတိုက်ပညာ၊ နိုင်ငံရေးသိပ္ပံ၊ ပြည်သူ့စီမံအုပ်ချုပ်မှု၊ ပြည်သူ့ကျန်းမာရေး၊ ဘာသာရေး လေ့လာမှု၊ လူမှုရေးပညာ၊ လူမှုစီးပွားရေး၊ စာရင်းအင်းပညာ ဘာသာ စကားနှင့်အခြားဘာသာရပ်များ လေ့လာ ဆည်းပူးခွင့်ရရှိမည်ဖြစ်သည်။ ကျွမ်းကျင်မှု ယင်းအစီအစဉ်ကို လျှောက်ထားမည့် သူများအနေဖြင့် ကျန်းမာရေးကောင်းမွန်၍ အသက် ၅၅ နှစ် ထက်မကြီးသူ၊ ဒီဂရီဘွဲ့နှင့်အထက် ရရှိထားပြီး အနည်းဆုံး...

တက္ကသိုလ်များမှ ကျောင်းသားများအား ယူအိုဘီက ပညာသင်ဆုပေးမည်

Image
surfky.com ရန်ကုန် တက္ကသိုလ်နှင့် ရန်ကုန် စီးပွားရေး တက္ကသိုလ် နှစ်ခုတို့ရှိ ထူးချွန်ကျောင်းသား ကျောင်းသူများအား စင်ကာပူနိုင်ငံရှိ United Overseas Bank (ယူအိုဘီ)က တက္ကသိုလ် ပညာသင်ဆု ချီးမြှင့် သွားမည်ဖြစ်ကြောင်း စီမံခန့်ခွဲမှု ဒါရိုက်တာ မစ္စတာ အိုင်ရန်ဝမ်းက ပြောသည်။ အဆိုပါ အစီအစဉ်အတွက် ဘွဲ့ကြို ကျောင်းသား ၄၅ ဦး၏ ပညာရေးဆိုင်ရာ ရလဒ်ကောင်းများကို အခြေခံကာ ပါမောက္ခများက လူတွေ့စစ်ဆေးရွေးချယ် သွားမည် ဖြစ် သည်။ ထိုသို့ရွေးချယ်ရာတွင် မိသားစုအတွင်း ငွေကြေး အခက်အခဲ ရှိသော ကျောင်းသား၊ ကျောင်းသူများ အား ဦးစားပေး ရွေးချယ် သွားမည်ဖြစ်သည်။ "ဒီပညာသင်ဆု အစီအစဉ်ကတစ်ဆင့် ဘဏ်လုပ်ငန်းတွေမှာ အရည်အချင်းရှိသူတွေ အများအပြား ပေါ်ထွက် လာ ဖို့ ရည်ရွယ်ပါတယ်"ဟု အိုင်ရန်ဝမ်းက ပြောသည်။ ပညာသင်ဆုကို ဘဏ်လုပ်ငန်းနှင့်ငွေ ကြေးဆိုင်ရာနယ်ပယ်တို့၌ အသက်မွေးဝမ်းကျောင်းအဖြစ် လုပ်ကိုင်လိုစိတ် ရှိသော ကျောင်းသား၊ ကျောင်းသူများကို ပေးအပ်သွားမည်ဖြစ်သည်။ ပညာသင်ဆုအတွက် ရွေးချယ်ခံရသူများသည် သက်ဆိုင်ရာဘာသာရပ်အလိုက် သုံးနှစ် တက်ရောက်ရမည် ဖြစ်ကာ ၎င်းတို့အတွက် ယူအိုဘီက အမေရိကန်ဒေါ်လာ ၁၇၈,၀၀၀ ရင်းနှီးမြှုပ်နှံ သွားမည်ဖြစ်သည...

ရန်ကုန် တက္ကသိုလ်နှင့် စီးပွားရေး တက္ကသိုလ်မှ ကျောင်းသားများအား ဘဏ္ဍာရေးနှင့် ဘဏ်လုပ်ငန်း ပညာရပ်ဆိုင်ရာ ပညာသင်ဆု ပေးအပ်မည်

Image
 ရန်ကုန် တက္ကသိုလ်နှင့် စီးပွားရေး တက္ကသိုလ်မှ ကျောင်းသား၊ ကျောင်းသူများအား ဘဏ္ဍာရေးနှင့် ဘဏ်လုပ်ငန်း ပညာရပ်ဆိုင်ရာ ပညာသင်ဆုကို United Oversea Bank (UOB) မှပေးအပ် သွားမည် ဖြစ်ကြောင်း သိရသည်။ အဆို ပညာသင်ဆုကို အောက်တိုဘာလ ၁ ရက်မှ ၃၀ ရက်အတွင်း လျှောက်ထားနိုင်ပြီး ကျောင်းသား၊ ကျောင်း သူ ၄၅ ဦးကို ပေးအပ်မည်ဖြစ်သည်။ တစ်နှစ်လျှင် ရန်ကုန် တက္ကသိုလ်မှ ကျောင်းသား၊ ကျောင်းသူ ၅ ဦးနှင့် စီးပွားရေး တက္ကသိုလ်မှ ၁၀ ဦးကို ပညာသင်ဆု ပေးအပ်မည်ဖြစ်ပြီး သုံးနှစ်အတွင်း ၄၅ ဦး ပေးအပ်မည်ဖြစ် သည်။ ပညာသင်ဆုအား ပညာရည် ထူးချွန်မှုများအပေါ် မူတည်ကာ ပေးအပ် သွားမည် ဖြစ်ပြီး ငွေကြေး ခက်ခဲသော ထူးချွန်ကျောင်းသား၊ ကျောင်းသူများကို ဦးစားပေး ရွေးချယ်မည်ဖြစ်ကြောင်း သိရသည်။ ၂၀၁၅ ခုနှစ်တွင် စတင်ပညာသင်ကြားမည့် ကျောင်းသား၊ ကျောင်းသူများအပြင် လက်ရှိ ပညာသင်ကြားနေ သူများလည်း လျှောက်ထားနိုင်မည် ဖြစ်သည်။ ပညာသင်ဆု ရရှိသူများအား ပညာသင်နှစ် လေးနှစ်စာ အတွက် အပြည့်အဝ ထောက်ပံ့ပေးသွားမည်ဖြစ်ပြီး ပညာသင်နှစ် နောက်ဆုံးနှစ်တွင် UOB တွင် အလုပ်သင်အဖြစ် လုပ်ကိုင်ခွင့် ရရှိမည်ဖြစ်သည်။ သက်ဆိုင်ရာ တက္ကသိုလ်များတွင် ပညာသင်ဆုပေးအပ်ရန် ရွေးချယ်သည့်...