အခြေခံပညာသင်ဆု စာမေးပွဲတစ်နိုင်ငံလုံး တစ်ပြိုင်နက်ကျင်းပ
အခြေခံ ပညာသင်ဆု စာမေးပွဲကို တစ်နိုင်ငံလုံး အတိုင်း အတာဖြင့် ဧပြီ ၆ ရက်တွင် တစ်ပြိုင်နက်တည်း ကျင်းပကြောင်း အခြေခံပညာ ဦးစီးဌာနမှ သိရသည်။
အခြေခံပညာမှ ထူးချွန်သည့်ကျောင်းသား၊ ကျောင်းသူ များကို ပညာသင်ဆုများ ချီးမြှင့်နိုင်ရန် ပညာ သင်ဆု ရွေးချယ်ရေးစာမေးပွဲကို ဧပြီ ၆ ရက်တွင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် မေးခွန်းတစ်စုံတည်း ပြုစုကာ စစ်ဆေးလျက်ရှိကြောင်း၊ ဧပြီ ၆ ရက်နှင့် ၇ ရက်နေ့တို့တွင် ကျင်းပ သွားမည်ဖြစ်ကာ အဆိုပါ ပညာသင်ဆုရွေးချယ်ရေး စာမေးပွဲတွင် ကိုယ်ပိုင်ကျောင်းများနှင့် ဘုန်းတော်ကြီး သင် ပညာရေး ကျောင်းမှ ထူးချွန်သည့်ကျောင်းသား၊ ကျောင်းသူများပါ ဝင်ရောက်ဆိုဖြေကြကြောင်း သိရသည်။
ယင်းနှင့်ပတ်သက်ပြီး အခြေခံပညာ ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက “ကျောင်းအလိုက် အတော်ဆုံး လေး တန်းကျောင်းသားတစ်ဦးနဲ့ ရှစ်တန်းကျောင်းသားတစ်ဦးဝင်ရောက် ဖြေဆိုခွင့်ပြုထားပါတယ်။ ကိုယ်ပိုင်ကျောင်း၊ ဘကကျောင်းတွေက ထူးချွန်တဲ့ကျောင်းသာတွေ ရှိရင်လည်း သက်ဆိုင်ရာမြို့နယ်က ပင်မကျောင်းရဲ့ စာရင်းအောက်မှာ ဝင်ရောက်ဖြေဆိုခွင့်ရှိပါတယ်။ အခုဖြေတဲ့စာမေးပွဲမှာ ဘက ရော၊ ကိုယ်ပိုင်ကျောင်းရော၊ မူလွန်၊ လယ်ခွဲ၊ တွဲဖက်ကျောင်းအားလုံးက ထူးချွန်ကျောင်းသားတွေကို ဖြေဆိုခွင့်ပြုထားပါတယ်” ဟုပြောကြားသည်။
အဆိုပါအခြေခံ ပညာသင်ဆု စာမေးပွဲအောင်စာရင်းများကို မေ ၅ ရက်တွင် ထုတ်ပြန်ကြေညာပေးသွား မည်ဖြစ်ကြောင်း၊ ပညာသင်ဆုရွေးချယ်ခံရသည့် စတုတ္ထတန်းကျောင်းသား တစ်ဦးသည် တစ်လလျှင် ငွေကျပ်နှစ်သောင်းနှုန်းဖြင့် ဆယ်လစာခံစားရမည်ဖြစ်ပြီး ပညာသင်ကာလအတွင်း သတ်မှတ်စည်း ကမ်းများနှင့် အညီ နေထိုင်မည်ဆိုပါက ပဉ္စမတန်းမှ အဋ္ဌမတန်းအထိ လေးနှစ်စာပညာသင်ဆုခံစားခွင့် ရှိကြောင်း၊ အလားတူပညာသင်ဆုရွေးချယ်ခံရသည့် အဋ္ဌမတန်းကျောင်းသည်လည်း တစ်လလျှင် ငွေ ကျပ်သုံးသောင်းနှုန်းဖြင့် ဆယ်လစာ ရရှိမည်ဖြစ်ပြီး ပညာသင်ဆုခံစားခွင့်သည် နဝမတန်းနှင့် ဒသမ တန်း နှစ်နှစ်စာခံစားခွင့် ရရှိ မည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ အခြေခံပညာသင်ဆု စာမေးပွဲများကို သက်ဆိုင်ရာတိုင်းဒေသကြီး၊ ပြည်နယ်များရှိ အခြေခံ ပညာကျောင်း အချို့တွင် စာစစ်ဌာနများဖွင့်လှစ်၍ ကျင်းပလျက်ရှိကြောင်း သိရသည်။
Democracy Today Daily
ဧပြီလ (၇) ရက်၊ ၂၀၁၅ ခုနှစ်
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

- (အရှေ့သို့) အီလက်ထရွန်နစ် စွန့်ပစ်ပစ္စည်း တန်သန်း ၄၀ ကျော် ၂၀၁၄ အတွင်း ကမ္ဘာတစ်ဝန်း စံချိန်တင် ထွက်ရှိခဲ့ Pregnancy expectation ကိုယ်ဝန်ရချင်လို့Flibanserin အမျိုးသမီးတွေ အတွက်ဆေးAbortion Pills ဖျက်ဆေးတွေအကြောင်းစိတျဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... လာမယ့် ဧပြီလ (၁၁) ရက်နေ့တွင် မန္တလေးမြို့မှာ ကျင်းပမယ့် Past & Present SOE THU LIVE @ Mandalay စာနယ်ဇင်းရှင်းလင်းပွဲ ဘန်နီဖြိုး ရဲ့ 'လူပျိုလှည့်တေး'
- (အနောကျသို့) ယခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲအတွက် အမှတ်ပေးစည်းမျဉ်း တစ်မျိုးတည်းသာ ချမှတ်ထားဟုဆို Pregnancy expectation ကိုယ်ဝန်ရချင်လို့Flibanserin အမျိုးသမီးတွေ အတွက်ဆေးAbortion Pills ဖျက်ဆေးတွေအကြောင်းစိတျဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... လာမယ့် ဧပြီလ (၁၁) ရက်နေ့တွင် မန္တလေးမြို့မှာ ကျင်းပမယ့် Past & Present SOE THU LIVE @ Mandalay စာနယ်ဇင်းရှင်းလင်းပွဲ ဘန်နီဖြိုး ရဲ့ 'လူပျိုလှည့်တေး'