ဂျပန်နိုင်ငံ တက္ကသိုလ်များတွင် သွားရောက် သင်ကြားနိုင်မည့် မဟာဘွဲ့ ပညာသင် ဆုအတွက် လျှောက်လွှာများ ခေါ်ယူ

အမျိုးသား စီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာနမှ ၂၀၁၅-၂၀၁၆ ပညာသင်နှစ် အတွက် ဂျပန် တက္ကသိုလ်များနှင့် JDS ပညာသင်ဆု အစီအစဉ် အရ ဂျပန်နိုင်ငံ တက္ကသိုလ်များတွင် သွားရောက် သင်ကြားနိုင်စေရန် မဟာဘွဲ့ ပညာသင်ဆု သင်တန်း အတွက် လျှောက်လွှာများ ခေါ်ယူသွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ ပညာသင်ဆုများကို အသက်၂၂ နှစ်မှ ၄၀ နှစ်အတွင်း ရှိသူများ၊ တက္ကသိုလ် တစ်ခုခုမှ ဘွဲ့ရရှိပြီး သူများ၊ အင်္ဂလိပ်စာ ကျွမ်းကျင်မှု TOEFL အမှတ် ၅၀၀ နှင့် ၅၂၀ (သို့) ၎င်းနှင့် ညီမျှသည့် အရည်အချင်းရှိသူ၊ အချိန်ပြည့်အလုပ်တွင် လုပ်ငန်း အတွေ့အကြုံ ၂ နှစ်နှင့် အထက်ရှိသူ၊ လက်ရှိအလုပ်မှ ပညာသင်ဆု ၂ နှစ် တက်ရောက်ခွင့်ရရှိသူ၊ မဟာဘွဲ့ရရှိပြီးသူ ဖြစ်ပါက ပညာသင်ဆုဖြင့် တက်ရောက်ခြင်းမဟုတ်သူ၊ UMFCCI အသင်းဝင်နှင့် ဝန်ထမ်းဖြစ်သူ မြန်မာနိုင်ငံသားများ ပါဝင်လျှောက် ထားနိုင်မည် ဖြစ်သည်။ MBA (Economics) အတွက် ၄ ဦး၊ MBA အတွက် ၈ ဦး၊ MBA (ICT) အတွက် ၈ ဦး ပါဝင် လျှောက် ထားနိုင်ပြီး JDS ကော်မတီမှ ၄ ကြိမ် စစ်ဆေးရွေးချယ်မည် ဖြစ်သည်။

သင်တန်းသို့ တက်ရောက်ရန် အရည်အချင်းပြည့်မီသည့် သင်တန်းသားများစာရင်းနှင့် ကိုယ်ရေး အချက်အလက် များကို ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် HRD ဌာနသို့ စက်တင်ဘာလ ၃၀ ရက် နောက်ဆုံးထား၍ ပေးပို့ရမည် ဖြစ်သည်။ အသေးစိတ် သိရှိလိုပါက ဖုန်း-၀၁-၂၁၇၄၇၉၊ ၂၁၇၄၈၀ သို့ ဆက်သွယ် စုံစမ်း မေးမြန်းနိုင်သည်။


Internet Journal
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...