မြန်မာအင်ဂျင်နီယာ ငါးဦးအားဂျပန်နိုင်ငံတွင် သွားရောက် ပညာသင်ယူနိုင်မည့် ပညာသင်ဆုများ ချီးမြှင့်သွားမည်

ဂျပန်နိုင်ငံ အဖွဲ့အစည်း တစ်ခုဖြစ်သော JICA မှ မြန်မာနိုင်ငံရှိ လုပ်ငန်းခွင် ဝင်ရောက်နေသော အင်ဂျင်နီ ယာငါးဦးအား ဂျပန်နိုင်ငံတွင်သွားရောက် ပညာ သင်ယူနိုင်မည့် ပညာသင်ဆုများ ချီးမြှင့်သွားမည်ဖြစ် ကြောင်းသိရသည်။

အဆိုပါ ပညာသင်ဆုများ ချီးမြှင့်ရန်အတွက် မြန်မာနိုင်ငံ အင်ဂျင်နီယာ အသင်းသို့ Japan International Cooperation Center (JICA) မှ လာရောက် ကမ်းလှမ်း ထားခြင်းဖြစ်ပြီး ယင်းပညာသင်ဆု အစီ အစဉ်မှာ Japan Grant Aid for Human Resource Development Scholarship-(JDS) (၂၀၁၄-၂၀၁၆) ဖြစ်ကြောင်း သိရသည်။

“ဒီအစီအစဉ်က ဒုတိယအကြိမ်မြောက်ပါ။ ပြီးခဲ့တဲ့နှစ်ကလဲ တစ်ခေါက်ခေါ်ပြီးပါပြီ။ ပညာသင်ဆု ရရှိသူ တွေ အတွက် အသွားအပြန်လေယာဉ်စရိတ်တွေ၊ စားသောက်နေထိုင်စရိတ်တွေကို ဂျပန်အစိုးရက တာဝန်ယူသွား မှာပါ” ဟု မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းမှ စီအီးအိုဖြစ်သူ ဦးမြင့်စိုးကပြောသည်။

မြန်မာနိုင်ငံမှ လုပ်ငန်းခွင်ဝင်ရောက်နေသော အင်ဂျင်နီယာများကို JICA-JDS အစီအစဉ်မှ ပညာသင် ဆုကမ်းလှမ်း ခြင်းမှာ ၂၀၁၃ ခုနှစ်ကတည်းက စတင်ခဲ့ခြင်းဖြစ်ပြီး၊ ယခုအခါ ဒုတိယအကြိမ်မြောက် ကမ်းလှမ်းခံရခြင်းဖြစ် ကြောင်း သိရသည်။

အဆိုပါပညာသင်ဆုကို စိတ်ဝင်စားသူများအနေဖြင့် စက်တင်ဘာလ ၂၅ ရက် နောက်ဆုံးထားပြီး မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းသို့ ဆက်သွယ်မေးမြန်းလျှောက်ထားနိုင်ပြီး၊ သေးစိတ်သိရှိလိုပါက ဖုန်း-၀၁-၅၁၉၆၇၃၆ (လိုင်းခွဲ-၂၁၂) နှင့် ဖုန်း-၀၉-၅၁၄၁၃၂၂ ကိုဆက်သွယ်မေးမြန်းနိုင်ပါကြောင်း သိရသည်။ 


Democracy Today Daily
စက်တင်ဘာ (၁၅) ရက်၊ ၂၀၁၄ ခုနှစ်
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...