ရန်ကုန် တက္ကသိုလ်နှင့် စီးပွားရေး တက္ကသိုလ်မှ ကျောင်းသားများအား ဘဏ္ဍာရေးနှင့် ဘဏ်လုပ်ငန်း ပညာရပ်ဆိုင်ရာ ပညာသင်ဆု ပေးအပ်မည်

အဆို ပညာသင်ဆုကို အောက်တိုဘာလ ၁ ရက်မှ ၃၀ ရက်အတွင်း လျှောက်ထားနိုင်ပြီး ကျောင်းသား၊ ကျောင်း သူ ၄၅ ဦးကို ပေးအပ်မည်ဖြစ်သည်။ တစ်နှစ်လျှင် ရန်ကုန် တက္ကသိုလ်မှ ကျောင်းသား၊ ကျောင်းသူ ၅ ဦးနှင့် စီးပွားရေး တက္ကသိုလ်မှ ၁၀ ဦးကို ပညာသင်ဆု ပေးအပ်မည်ဖြစ်ပြီး သုံးနှစ်အတွင်း ၄၅ ဦး ပေးအပ်မည်ဖြစ် သည်။ ပညာသင်ဆုအား ပညာရည် ထူးချွန်မှုများအပေါ် မူတည်ကာ ပေးအပ် သွားမည် ဖြစ်ပြီး ငွေကြေး ခက်ခဲသော ထူးချွန်ကျောင်းသား၊ ကျောင်းသူများကို ဦးစားပေး ရွေးချယ်မည်ဖြစ်ကြောင်း သိရသည်။
၂၀၁၅ ခုနှစ်တွင် စတင်ပညာသင်ကြားမည့် ကျောင်းသား၊ ကျောင်းသူများအပြင် လက်ရှိ ပညာသင်ကြားနေ သူများလည်း လျှောက်ထားနိုင်မည် ဖြစ်သည်။ ပညာသင်ဆု ရရှိသူများအား ပညာသင်နှစ် လေးနှစ်စာ အတွက် အပြည့်အဝ ထောက်ပံ့ပေးသွားမည်ဖြစ်ပြီး ပညာသင်နှစ် နောက်ဆုံးနှစ်တွင် UOB တွင် အလုပ်သင်အဖြစ် လုပ်ကိုင်ခွင့် ရရှိမည်ဖြစ်သည်။
သက်ဆိုင်ရာ တက္ကသိုလ်များတွင် ပညာသင်ဆုပေးအပ်ရန် ရွေးချယ်သည့် ဘုတ်အဖွဲ့တစ်ဖွဲ့စီ ထားရှိ ပေးမည်ဖြစ်ပြီး သက်ဆိုင်ရာ တက္ကသိုလ်မှ ပါမောက္ခချုပ်များ၊ ပါမောက္ခများ၊ UOB မှ ကိုယ်စားလှယ် တစ်ဦးနှင့် မြန်မာနိုင်ငံဘဏ်အသင်းမှ ကိုယ်စားလှယ်တစ်ဦး ပါဝင်မည်ဖြစ်သည်။ ရွေးချယ်ခံရသော ကျောင်းသား၊ ကျောင်းသူ စာရင်းကို ၂၀၁၄ ခုနှစ်၊ နိုဝင်ဘာလတွင် ထုတ်ပြန် ကြေညာသွားမည်ဖြစ်သည်။
Internet Journal
-------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook
- (အရှေ့သို့) ဝိတ်ချနည်း... Pregnancy expectation ကိုယ်ဝန်ရချင်လို့Flibanserin အမျိုးသမီးတွေ အတွက်ဆေးAbortion Pills ဖျက်ဆေးတွေအကြောင်းစိတျဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... လာမယ့် ဧပြီလ (၁၁) ရက်နေ့တွင် မန္တလေးမြို့မှာ ကျင်းပမယ့် Past & Present SOE THU LIVE @ Mandalay စာနယ်ဇင်းရှင်းလင်းပွဲ ဘန်နီဖြိုး ရဲ့ 'လူပျိုလှည့်တေး'
- (အနောကျသို့) မေမြတ်နိုး၏ Miss Asia Pacific World သရဖူ မီဒီယာများရှေ့မှောက်တွင် ပြန်လည်ပေးအပ်ရန် တောင်းဆို ထားဟုဆို Pregnancy expectation ကိုယ်ဝန်ရချင်လို့Flibanserin အမျိုးသမီးတွေ အတွက်ဆေးAbortion Pills ဖျက်ဆေးတွေအကြောင်းစိတျဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... လာမယ့် ဧပြီလ (၁၁) ရက်နေ့တွင် မန္တလေးမြို့မှာ ကျင်းပမယ့် Past & Present SOE THU LIVE @ Mandalay စာနယ်ဇင်းရှင်းလင်းပွဲ ဘန်နီဖြိုး ရဲ့ 'လူပျိုလှည့်တေး'