MBA ပညာသင်ဆု လျှောက်ထားနိုင်
စီးပွားရေး လုပ်ငန်းများတွင် အလယ်အလတ် ရာထူး အဆင့်မြင့် လုပ်ကိုင်နေသူ များအတွက် အမေရိကန် နိုင်ငံ လော့အိန်ဂျယ် လိစ်မြို့ရှိ University of Southern California Marshall School of Business တွင်တစ်နှစ်ကြာ ပညာ သင်ကြားရမည့် ဒေါ်လာ ငါးသောင်းခန့် ရှိသော IBEAR MBA ပညာတော်သင်ဆု သုံးဆုကို လျှောက်ထားနိုင်ကြောင်း သိရသည်။
ပညာသင်ဆု အစီအစဉ်တွင် မြန်မာနိုင်ငံရှိ စီးပွားရေး နယ်ပယ်အသီးသီးတွင် အလယ်အလတ်အဆင့် ရာထူး များဖြင့် အသက်မွေးဝမ်းကျောင်း နေသူများထဲမှ ရွေးချယ်ပေးအပ် သွားမည်ဖြစ်ပြီး ကုမ္ပဏီများ တွင်ထိပ်တန်း ရာထူးများ ရရှိလိုသူများအနေဖြင့် ပညာတော်သင်ဆု လျှောက်ထားရန် သင့်တော်ကြောင်း သိရသည်။
“USC Marshall ကကျောင်းသား၊ ကျောင်းသူတွေရဲ့ career နဲ့စီးပွားရေး နယ်ပယ်တွေမှာ အောင်မြင် နိုင်ဖို့အ သုံးချနိုင်မယ့် နည်းလမ်းတွေကို သင်ကြားပေးလျက်ရှိပါတယ်။ USC Marshall အနေနဲ့ မြန်မာ နိုင်ငံရဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းနဲ့ အရှိန်အဟုန်မြှင့် ဆက်ဆံမှုတို့ကို အလွန်အားရပါတယ်။ အခုလို ကမ္ဘာ့စီးပွားရေး ကဏ္ဍနဲ့ မြန်မာနိုင်ငံရဲ့ ပေါင်းစည်းမှုမှာ မြန်မာနိုင်ငံ အတွင်းမှာ ရှိတဲ့ စီးပွားရေးနယ်ပယ် အသီးသီးက အလယ်အလတ် အဆင့်တွေမှာ ထူးချွန်ထက်မြက်တဲ့ စီးပွားရေး လုပ်ငန်းနဲ့ အစိုးရပိုင်က ပညာရှင်တွေကို နိုင်ငံတကာ အဆင့်မီ စီးပွားရေး လုပ်ငန်းနဲ့ အစိုးရပိုင်းက ပညာရှင်တွေကို နိုင်ငံတကာ အဆင့်မီ စီးပွားရေး အရည်အချင်းများနဲ့ မိတ်ဆက်ပေးခြင်းအားဖြင့် တစ်စိတ်တစ်ဒေသ ပါဝင်ကူညီ ထောက်ပံ့ချင်တဲ့အတွက် ဒီပညာသင်ဆု အစီအစဉ် ပြုလုပ်တာဖြစ်ပါတယ်” ဟု IBEAR MBA ပရိုဂရမ် ၏ဒါရိုက်တာ Dr.Richard Drobnick ကပြောသည်။
IBEAR MBA ပရိုဂရမ်သည် အချိန်ပြည့် တစ်နှစ်သင်ကြားရမည့်အစီအစဉ်ဖြစ်ပြီး ဒေါ်လာငါးသောင်း ခန့်ရှိသည်။ နိုင်ငံတကာတွင် လုပ်ငန်းဆောင်ရွက်လျက်ရှိသော ကုမ္ပဏီနှင့် အဖွဲ့အစည်းများ၌ ခေါင်း ဆောင်ပိုင်းတွင် လုပ်ကိုင် လိုသူများအတွက် သင့်တော်သည့်သင်တန်းဖြစ်ပြီး သင်တန်းချိန်တစ်ခုတွင် ကျောင်းသား ၅၆ ဦးသာလက်ခံကာ နိုင်ငံပေါင်းစုံလုပ်ငန်းနယ်ပယ်မျိုးစုံမှ သင်တန်းသားများ တက် ရောက်လျက်ရှိသည်။ ပညာသင်ဆုကို ပြည်တွင်း စီးပွားရေးလုပ်ငန်းများတွင် လုပ်ငန်းအတွေ့အကြုံ အနည်းဆုံးခြောက်နှစ်ရရှိထားပြီး မန်နေဂျာအဆင့် ရာထူးများ တွင် လုပ်ကိုင်လျက်ရှိကာ အသက် ၃၄ နှစ် ပြည့်ပြီးသူများ လျှောက်ထားနိုင်မည်ဟု သိရသည်။
အဆိုပါပညာသင်ဆုအစီအစဉ်အတွက် သတင်းအချက်အလက်များ မျှဝေမည့်ဟောပြောပွဲကို ဆူးလေ ရှန်ဂရီလာ ဟိုတယ်တွင် အောက်တိုဘာ ၁၅ ရက် ညနေ ၃ နာရီတွင် ကျင်းပမည်ဖြစ်သည်။ ဟောပြော ပွဲတွင် USC မှလက်ရှိ ပညာသင်ကြားနေသော ကျောင်းသား၊ ကျောင်းသူများနှင့် တွေ့ဆုံဆွေးနွေးမေး မြန်းနိုင်မည့်အပြင် ပရိုဂရမ်ဝင်ခွင့် ဆိုင်ရာများ၊ အလုပ်အကိုင်အကြံပေးများနှင့်လည်း တွေ့ဆုံဆွေးနွေး နိုင်မည်ဖြစ်သည်။ ဟောပြောပွဲသို့ တက်ရောက် ရန်အတွက် pbhushan@marshall.usc.edu">pbhushan@marshall.usc.edu တွင် ကြိုတင် စာရင်း ပေးသွင်းရမည်ဖြစ်ကြောင်း သိရသည်။
မြန်မာ့အလင်းသတင်းစာ
အောက်တိုဘာ (၂) ရက်၊ ၂၀၁၄ ခုနှစ်

--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+