သုတေသနနှင့် အသက်မွေးဝမ်းကျောင်း ပညာရပ်များအတွက် ပညာသင်ဆု လျှောက်ထားနိုင်

အမေရိကန်နိုင်ငံတွင် သုတေသနနှင့် အသက်မွေးဝမ်း ကျောင်းပညာရပ်များ လေ့လာ သင်ယူနိုင်မည့် US-ASEAN Visiting Scholar (USAS) အစီအစဉ်ကို လာမည့်နိုဝင်ဘာ ၁၆ ရက်၌ နောက်ဆုံးထား လျှောက် ထားနိုင် မည်ဖြစ်ကြောင်း အမေရိကန် သံရုံး၏ သတင်း ထုတ်ပြန်ချက်အရ သိရသည်။

အမေရိကန်နိုင်ငံရှိ တက္ကသိုလ်တွင် သုံးလမှလေးလ အထိ သွားရောက် ပညာသင်ယူရမည့် အစီအစဉ် အတွက် တက္ကသိုလ်ဆရာ၊ ဆရာမများ၊ အစိုးရဝန်ထမ်းများ၊ အစိုးရ မဟုတ်သော အဖွဲ့အစည်းများတွင် အလုပ် လုပ်ကိုင်နေသူများ လျှောက်ထားနိုင် မည်ဖြစ်ကြောင်း သိရသည်။

ပညာသင်ဆုအစီအစဉ်တွင် ပညာရေး၊ အင်ဂျင်နီယာ၊ သဘာဝပတ်ဝန်းကျင်သိပ္ပံ၊ အစားအသောက် နည်းပညာ၊ ပထဝီဝင်၊ ဘူမိဗေဒ၊ သတင်းအချက်အလက်သိပ္ပံ၊ သတင်းအတတ်ပညာ၊ ဥပဒေ၊ လူမှု သိပ္ပံ၊ သတင်းအချက် အလက် စီမံခန့်ခွဲမှုစနစ်၊ ပြတိုက်ပညာ၊ နိုင်ငံရေးသိပ္ပံ၊ ပြည်သူ့စီမံအုပ်ချုပ်မှု၊ ပြည်သူ့ကျန်းမာရေး၊ ဘာသာရေး လေ့လာမှု၊ လူမှုရေးပညာ၊ လူမှုစီးပွားရေး၊ စာရင်းအင်းပညာ ဘာသာ စကားနှင့်အခြားဘာသာရပ်များ လေ့လာ ဆည်းပူးခွင့်ရရှိမည်ဖြစ်သည်။

ကျွမ်းကျင်မှု

ယင်းအစီအစဉ်ကို လျှောက်ထားမည့် သူများအနေဖြင့် ကျန်းမာရေးကောင်းမွန်၍ အသက် ၅၅ နှစ် ထက်မကြီးသူ၊ ဒီဂရီဘွဲ့နှင့်အထက် ရရှိထားပြီး အနည်းဆုံး TOFFEL ရမှတ် ၅၅၀ နှင့်ညီမျှသော အင်္ဂလိပ်ဘာသာစကား ကျွမ်းကျင်မှု ရှိထားရ မည်ဖြစ်ကြောင်း သိရသည်။ 


စံတော်ချိန်သတင်းစာ
သြဂုတ် (၂၆) ရက်၊ ၂၀၁၄ ခုနှစ်
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...