ကန်ဒေါ်လာ ငါးသောင်း တန်ဖိုးရှိ MBA ပညာသင်ဆု ၃ ဆုပေးအပ်မည်
အမေရိကန်နိုင်ငံ University of Southern California Marshall School of Business မှ MBA ပရိုဂရမ် အတွက် အမေရိကန် ဒေါ်လာ ငါးသောင်း တန်ဖိုးရှိ ပညာသင်ဆု ၃ ဆုကိုပေးအပ် သွားမည် ဖြစ်ကြောင်း သိရသည်။ အဆိုပါ ပညာသင်ဆုကို ၂၀၁၅ ခုနှစ် ပညာသင်နှစ် အတွက် မြန်မာနိုင်ငံရှိ စီးပွားရေး နယ်ပယ် အသီးသီးတွင် အလယ်အလယ် ရာထူးအဆင့်ဖြင့် လုပ်ကိုင်လျက် ရှိသူများအား ပေးအပ် သွားမည်ဖြစ်သည်။
ပညာသင်ဆုရရှိသူများသည် IBEAR MBA ပရိုဂရမ်ကို USC Marshall School of Business တွင် တစ်နှစ်ကြာ ပညာသင်ယူ ရမည် ဖြစ်သည်။ ပညာသင်ဆုနှင့် ပတ်သက်၍ အသေးစိတ်ကို အောက်တိုဘာ ၁၅ ရက်၊ နေ့လည် ၃ နာရီတွင် ဆူးလေရှန်ဂရီလာ ဟိုတယ်၌ ရှင်းလင်းပြောကြား သွားမည်ဖြစ်ပြီး အခမ်းအနားတွင် USC တွင်လက်ရှိပညာသင်ကြားလျက်ရှိသောကျောင်းသား ကျောင်းသူများ၊ Alumini များ အပါ အ၀င် ပရိုဂရမ်ဝင်ခွင့်နှင့် အလုပ်အကိုင်အကြံပေးများနှင့် တွေ့ဆုံဆွေးနွေးခွင့် ရရှိမည် ဖြစ်သည်။

ပညာသင်ဆုလျှောက်ထားလိုသူများအနေဖြင့် အခမ်းအနားကို တက်ရောက်ရန် http://www.marshall.usc.edu/ibear/admissions/events တွင် အခမဲ့ စာရင်းပေး သွင်းနိုင်မည်ဖြစ်ပြီး IBEAR Associate Director of Outreach Pankaj Bhushan အား pbhushan@marshall.usc.edu သို့ တိုက်ရိုက် ဆက်သွယ် စာရင်းပေး သွင်းနိုင်မည် ဖြစ်သည်။ လူဦးရေကန့်သတ်ထားသဖြင့် တက်ရောက်လိုသူများအနေဖြင့် ကြိုတင်စာရင်းပေးသွင်း တက်ရောက် ရမည်ဖြစ်ကြောင်း သိရသည်။
Internet Journal
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+
- (အရှေ့သို့) မှိုင်းမိ နှုတ်ကျိုးနေတာများရဲ့ နောက်ကွယ်မှာ လာမယ့် ဧပြီလ (၁၁) ရက်နေ့တွင် မန္တလေးမြို့မှာ ကျင်းပမယ့် Past & Present SOE THU LIVE @ Mandalay စာနယ်ဇင်းရှင်းလင်းပွဲ Acer Aspire E1-510P-2671 Laptop Review Susten 100 ကိုယ်ဝန်မှာသုံးတဲ့ဆေးတမျိုးဆုပန်ထွာရဲ့ သတို့သား သဇင်နဲ့လည်း ဘာလိုလို Cytotec (Misoprostol) ဆေးသုံးနည်းJAVA leaning Myanmar (PDF)
- (အနောကျသို့) ကနေဒါနိုင်ငံသား တဦးက တရုတ်ကျောင်းသား တဦးကို သတ်ပြီး စာတိုက်ကနေပို့ လာမယ့် ဧပြီလ (၁၁) ရက်နေ့တွင် မန္တလေးမြို့မှာ ကျင်းပမယ့် Past & Present SOE THU LIVE @ Mandalay စာနယ်ဇင်းရှင်းလင်းပွဲ Acer Aspire E1-510P-2671 Laptop Review Susten 100 ကိုယ်ဝန်မှာသုံးတဲ့ဆေးတမျိုးဆုပန်ထွာရဲ့ သတို့သား သဇင်နဲ့လည်း ဘာလိုလို Cytotec (Misoprostol) ဆေးသုံးနည်းJAVA leaning Myanmar (PDF)