မြင့်မားသော စံနှုန်းများနှင့် ကိုယ်ရည်ကိုယ်သွေး တည်ဆောက်ခြင်း



ယနေ့နိုင်ငံမှာ လူငယ်တွေထိပ်တန်းနေရာတွေမှာ များများစားစားမရှိတာကို သတိပြုမိပါတယ်။ ဆရာဝန်၊ အင်ဂျင်နီယာနဲ့ နည်းပညာနယ်ပယ်ကို နေရာတွေမှာအနည်းငယ်ရှိပေမယ့် နိုင်ငံရေးမှာပဲ ကြည့်ကြည့်၊ စီးပွားရေးမှာပဲကြည့်ကြည့် များများစားစားမရှိကြပါဘူး။ ယုတ်စွအဆုံး စာပေနယ်ပယ်မှာ လူငယ်စာရေးဆရာဆိုတာတောင် ခပ်ရှားရှားပဲဖြစ်နေပါတယ်။ ရှိတော့ရှိတယ်။ ရှားတယ်ဆိုတဲ့အခြေ အနေမျိုးပါ။ လူငယ်တွအရည်အသွေး နိမ့်ကျခြင်းဟာတိုင်းပြည်အနာဂတ်အတွက် အင်မတန်မှစိုးရိမ်စ ရာကောင်းတဲ့အချက်ပါ။ အရည်အသွေးနိမ့်ကျခြင်းဟာ ပညာရေးစနစ်နိမ့်ပါးခြင်းကြောင့်ဖြစ်သလို လူ ငယ်တွေရဲ့စံတန်ဖိုး သတ်မှတ်ချက်နိမ့်ပါးခြင်းနဲ့သူတို့ရဲ့ အရည်အသွေးကို ဘယ်လိုမြှင့်တင်ရမယ်ဆို တာ သူတို့ကိုယ်တိုင် သေချာမသိခြင်းကလည်း တစ်ချက်အပါအဝင်ဖြစ်ပါတယ်။

အစိုးရချည်းအားကိုးလို့မရ

လူငယ်တွေရဲ့ အရည်အသွေးမြင့်မားဖို့အတွက် အစိုးရရော၊ လူငယ်တွေပါပြုပြင်ပြောင်းလဲဖို့လိုပါ တယ်။ တချို့ကပညာရေးနိမ့်ကျတာကို အပြစ်ပြောကြပါတယ်။ မှန်သင့်သလောက် မှန်ပါတယ်။ ဒါပေမဲ့လူငယ်တွေ ကိုယ်တိုင်က သူတို့ရဲ့အမူအကျင့်နဲ့ အတွေးအခေါ်စံနှုန်းတွေကို မပြောင်းလဲဘဲနဲ့ လည်း အရည်အသွေးမြင့်မလာနိုင်ပါဘူး။ အစိုးရဘက်က ပညာရေးစနစ်ခိုင်မာအောင် စနစ်တကျလေ့ လာပြီး ပြုပြင်သင့်တာတွေ ပြုပြင်ဖို့လိုသလို လူငယ်တွေကိုယ်တိုင်ကလည်း ပြုပြင်ပြောင်းလဲဖို့ လိုအပ် ပါတယ်။ မှန်ကန်တဲ့ အတွေးအခေါ်နဲ့ ကောင်းမွန်တဲ့အမူအကျင့်ရလာဖို့ ပြင်ပကချည်းလုပ်လို့မရဘဲ မိမိကိုယ်တိုင်ကလည်း အားစိုက်ထုတ်ပြီးပြုပြင်မှရမှာပါ။ ပညာရေးစနစ်မကောင်းတာ အစိုးရရဲ့တာဝန် ပါ။ လူငယ်တစ်ဦးချင်းစီရဲ့ အမူအကျင့်နဲ့ အတွေးအခေါ်တွေကို တည်ဆောက်ယူရမှာကတော့ လူငယ် တွေရဲ့ တာဝန်ပဲဖြစ်ပါတယ်။

မိမိရဲ့စိတ်ဓာတ်နဲ့စည်းကမ်းကောင်းဖို့အတွက် မိမိဘာသာပဲ လေ့ကျင့်ယူရမှာ ဖြစ်ပါတယ်။ ဒါကြောင့် လူငယ်တွေရဲ့အရည်အသွေး တိုးတက်ရေးဟာ အစိုးရကိုချည်း အားကိုးနေလို့မရဘဲ လူငယ်တွေရဲ့ အားစိုက်ထုတ်မှုလည်း အထူးလိုအပ်ပါတယ်။ လူတစ်ယောက်ဟာ သူတန်ဖိုးထားတဲ့ စိတ်ပေါ်မူတည် ပြီး သူ့အနာဂတ်ကိုဖန်တီးလေ့ရှိပါတယ်။ ရိုးသားမှုကို တန်ဖိုးထားတဲ့သူက ရိုးရိုးသားသားပဲလုပ်လေ့ရှိ တယ်။ အချောင်ခိုစိတ်ရှိတဲ့သူက အချောင်ရဖို့ပဲတွေးလေ့ရှိတယ်။ အများစုက ပတ်ဝန်းကျင်ရဲ့ စံနှုန်း ကိုကြည့်ပြီး ဆုံးဖြတ်လုပ်ကိုင်လေ့ရှိပါတယ်။ ဥပမာသူများတွေ ဆေးလိပ်သောက်တာကြည့်ပြီး ငါသောက်လည်း မမှားလောက်ပါဘူးဆိုပြီး အတွေးဝင်လာတတ်ပါတယ်။ တန်ဖိုးထားတဲ့စံနှုန်းတွေ နိမ့်ကျလာခြင်းကလည်း လူငယ်အရည်အသွေးနိမ့်ကျရတဲ့ အကြောင်းအရင်းတွေထဲက တစ်ချက်ပါပဲ။

မိမိအရည်အသွေးကို မိမိဘာသာတည်ဆောက်တတ်ဖို့လို

လူငယ်တွေအနေနဲ့ မိမိအရည်အသွေးကို မိမိဘာသာတည်ဆောက်ယူရမယ်လို့ နားလည်ထားရပါ မယ်။ ပညာရေးနိမ့်ပါးတာချည်း အပြစ်ပြောနေလို့ မဖြစ်ပါဘူး။ စိတ်ဓာတ်နဲ့စည်းကမ်းကောင်းဖို့ဟာ မိမိ တာဝန်ပဲဖြစ်ပါတယ်။ စိတ်ဓာတ်နဲ့စည်းကမ်းကောင်းဖို့ဟာ မိမိတာဝန်ပဲဖြစ်ပါတယ်။ စိတ်ဓာတ်နဲ့စည်း ကမ်းကောင်းဖို့ဟာ မိမိတာဝန်ပဲဖြစ်ပါတယ်။ စိတ်ဓာတ်နဲ့စည်းကမ်းကောင်းမှသာ မှန်ကန်တဲ့ အတွေး အခေါ်နဲ့ ကောင်းမွန်တဲ့အမူအကျင့်တွေရလာမှာ ဖြစ်ပါတယ်။ စည်းမဲ့ကမ်းမဲ့နေထိုင်တာတွေဟာလည်း မှားယွင်းတဲ့အမူအကျင့်တွေဖြစ်ပါတယ်။ အားမကျသင့်တာကို အားမကျဘဲ ဖြတ်လမ်းနည်း (အပေါစား အောင်မြင်မှု) ကို အားမကျမိအောင် မိမိကိုယ်တိုင်ပဲ ထိန်းချုပ်ရမှာဖြစ်ပါတယ်။ ကမ္ဘာကျော်တက္ကသိုလ် တွေနဲ့အဆင့်မြင့် ပညာရပ်တွေမသင်ရလို့ဆိုပြီး ညည်းညူနေမယ့်အစား မိမိရဲ့အတွေးအခေါ်နဲ့အမူ အကျင့်တွေ တစ်နေ့ထက်တစ်နေ့မှန်ကန်ကောင်းမွန်လာရမယ်ဆိုတဲ့ စိတ်ဓာတ်နဲ့ရုန်းကန်လှုပ်ရှားရမှာ ဖြစ်ပါတယ်။ ရိုးသားဖြောင့်မတ်ခြင်းကို တန်ဖိုးထားတဲ့စိတ်၊ အချောင်ခိုအလွယ်မလိုက်တတ်တဲ့ စိတ် တွေရအောင် ကိုယ့်ဘာသာထိန်းချုပ်ရမှာဖြစ်ပါတယ်။ မိမိဘာသာတည်ဆောက်ယူရမှာဖြစ်ပြီး တစ်ပါး သူလာလုပ်ပေးလို့မရပါ။ နည်းပညာခေတ်မှာ စာအုပ်၊ စာပေကသာမကဘဲ နည်းပညာအသုံးချပြီး မိမိ လုပ်ကိုင်နေတဲ့ အသက်မွေးဝမ်းကျောင်းပညာရပ် တိုးတက်အောင်လေ့လာဆည်းပူးလို့ရပါတယ်။

ရည်မှန်းချက် ခိုင်ခိုင်မာမာ ထားတတ်မှသာ

ရည်မှန်းချက် ခိုင်ခိုင်မာမာမရှိခြင်းကလည်း ပြဿနာတစ်ရပ်ပါပဲ။ ရည်မှန်းချက်ခိုင်ခိုင်မာမာထားမှသာ မိမိပန်းတိုင်အတွက် ဖြည့်တင်းရမှာတွေကို အချိန်ရှိသမျှဖြည့်တင်းချင်တဲ့စိတ်ပေါ်လာမှာ ဖြစ်ပါတယ်။ အလုပ်တန်းရတဲ့ တက္ကသိုလ်ဆင်းတွေအတွက် ကိစ္စမရှိပေမယ့် တချို့ဘာသာရပ်တွေက ဘွဲ့ရတာ တောင်အလုပ်အာမခံချက် မပေးနိုင်သေးပါဘူး။ ဒါပေမဲ့ စိတ်ဓာတ်မကျသင့်ပါ။ ကိုယ်ရည်ကိုယ်သွေး မြင့်မားနေမယ်ဆိုရင် အောင်မြင်လာနိုင်ပါတယ်။ ဒါကြောင့်ဘွဲ့ရရုံနဲ့ပြီးမြောက်ပြီလို့ မယူဆသင့်ဘဲ ကိုယ်ရည်ကိုယ်သွေးမြင့်မားနေဖို့ အမြဲအားထုတ်နေရမှာ ဖြစ်ပါတယ်။ ဒီနေ့ခေတ်မှာ စိတ်ဆန္ဒသာပြင်း ပြရင် ပညာရပ်တွေကိုသင်နိုင်တဲ့ အခွင့်အလမ်းတွေပေါများနေပြီ ဖြစ်ပါတယ်။ ရည်မှန်းချက်ခိုင်ခိုင်မာ မာထားပြီး ကိုယ်ရည်ကိုယ်သွေးမြှင့်တင်ထားမယ်ဆို တစ်ချိန်မှာ အောင်မြင်လာမှာမလွဲပါဘဲ။

မြင့်မားတဲ့ စံနှုန်းများကိုတန်ဖိုးထားတတ်မှ

မြင့်မားတဲ့စံနှုန်းများကို တန်ဖိုးမထားတတ်ဘဲ မြင့်မားသောစစ်မှန်တဲ့အောင်မြင်မှုကို မပိုင်ဆိုင်နိုင်ပါ ဘူး။ မြင့်မားတဲ့စံနှုန်းတွေက လိုက်နာခက်သယောင်ရှိပေမယ့် တကယ်တန်ဖိုးထားမယ်ဆိုရင် လိုက်နာ ရလွယ်သွားပါတယ်။ လူတွေဟာ သဘာဝအရ မကောင်းမှုမှာ မွေ့လျော်တဲ့သဘောရှိပါတယ်။ အပျော်အပါးလိုက်စားတာထက် မလိုက်စားအောင်ထိန်းရတာခက်ပါတယ်။ ရိုးရိုးသားသားကြိုးစားဖို့ ထက် အလွယ်လမ်း (အပေါစားအောင်မြင်မှု) တွေကို အားကျတတ်ပါတယ်။ ဒါတွေက ပညာတတ် ခြင်း၊ မတတ်ခြင်းနဲ့မဆိုင်ဘဲ တန်ဖိုးထားတာနဲ့ပဲ ဆိုင်ပါတယ်။ ဒါကြောင့်မြင့်မားတဲ့စံနှုန်းတွေကို တန်ဖိုး ထားတတ်အောင် လေ့ကျင့်ယူပါ။ မြင့်မားတဲ့စံနှုန်းတွေကိုပဲ အားကျစေချင်ပါတယ်။ မြင့်မားတဲ့စံနှုန်း တွေ လိုက်နာလို့ရတဲ့အောင်မြင်မှုကပဲ တကယ်ကိုခမ်းနားကြီးကျယ်တဲ့ အောင်မြင်မှုဖြစ်ပါတယ်။

အချိန်နှင့်အမျှဖြည့်တင်းပေးနိုင်မှသာ

အချိန်နှင့်အမျှ မိမိကိုယ်ရည်ကိုယ်သွေးကို မိမိဘာသာတည်ဆောက်ယူရမှာ ဖြစ်ပါတယ်။ ပညာရေး စနစ်က မဖြည့်ပေးနိုင်တဲ့ အရာများကို မိမိဘာသာဖြည့်ဆည်းနေရမှာ ဖြစ်ပါတယ်။ အချိန်နဲ့အမျှ တန်ဖိုးတက်နေအောင် နေထိုင်ရမှာဖြစ်ပါတယ်။ ပညာကောင်းကောင်း မသင်နိုင်သူများလည်း အားမ ငယ်သင့်ပါ။ ကိုယ်ရည်ကိုယ်သွေးကောင်းကောင်းရှိရင် အောင်မြင်လာမှာ အသေအချာပဲ ဖြစ်ပါတယ်။ ဒါကြောင့်အချိန်ကိုကောင်းကောင်း အသုံးချပြီး မိမိကိုယ်ရည်ကိုယ်သွေးမြင့်မားလာအောင် တည် ဆောက်ယူသင့်ပါတယ်။ နယ်မှာနေထိုင်ရလို့၊ ပညာကောင်းကောင်းမသင်ရလို့ ညည်းညူနေမယ့်အ စားမိမိရဲ့ အတွေးအခေါ်၊ အမူအကျင့်တွေ မှန်ကန်ကောင်းမွန်အောင် တည်ဆောက်ထားပါ က အောင်မြင်လာမှာ အသေအချာဖြစ်ကြောင်း ယုံကြည်ထားလိုက်ပါ။ သင်သာ အရည်အချင်းရှိမယ် ဆိုရင် အောင်မြင်နိင်မယ့် အခွင့်အလမ်းတွေ ပေါ်လာစမြဲပါပဲ။ ဒါကြောင့်အချိန်နဲ့အမျှ မိမိတန်ဖိုးတက်အောင် တည်ဆောက်ထားသင့်ပါတယ်။

အချုပ်အားဖြင့် ပြောရမယ်ဆိုရင် လူငယ်တွေတန်ဖိုးမြင့်မှ တိုင်းပြည်တန်ဖိုးမြင့်မှာ ဖြစ်ပါတယ်။ အစိုးရ ပိုင်းကလည်း ပညာရေးစနစ်အပါအဝင် လိုအပ်တာများကို အလေးထားဖြည့်ပေးရမှာ ဖြစ်ပါတယ်။ လူငယ်တွေကလည်း နယ်မှာနေရလို့၊ ပညာကောင်းကောင်းမသင်ရလို့ စသည်ဖြင့်ညည်းညူနေမယ့် အစား အချိန်ရှိသမျှ မိမိကိုယ်ရည်ကိုယ်သွေးမြင့်မားအောင် တည်ဆောက်ယူရမှာ ဖြစ်ပါတယ်။ အောင်မြင်မှုစစ်စစ် ဆိုတာ အလွယ်တကူရလေ့မရှိပါဘူး။ ဖြတ်လမ်းနည်းနဲ့ရတဲ့ အပေါစားအောင်မြင်မှုတွေကို အားမကျဘဲ မှန်ကန်ကောင်းမွန်တဲ့အတွေးအခေါ်တွေနဲ့ပဲ ရှင်သန်နေထိုင်ပါ။ ကိုယ်ရည်ကိုယ်သွေးမြင့် မားသူတွေအတွက် အခွင့်အရေးဆိုတာ ပေါ်လာစမြဲပါ။ လူငယ်တွေအနေနဲ့ မြင့်မားတဲ့စံနှုန်းတွေကို တန်ဖိုးထားအားကျပြီး ရည်မှန်းချက်သာခိုင်မာခဲ့မယ်ဆိုရင် ဘဝမှာအောင်မြင်မှုအစစ်ကို ပိုင်ဆိုင်နိုင်မှာ အသေအချာပါပဲ။

7Day Daily
No.265, Jan.14, 2014

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...