ဆေးခြောက်၏ အာနိသင်နှင့် ဆိုးကျိုးများ
Health Updates Journal No. 101
(၁) နာတာရှည်နာကျင်ကိုက်ခဲဝေဒနာ
အသုံးပြုနေကျ အကိုက်အခဲဆေးများနှင့် မသက်သာတော့သော လူနာများအတွက် ဆေးခြောက်နှင့် ကုသပေးနိုင်သည်။Multiple Sclerosis ရောဂါ၊ ကင်ဆာ ရောဂါတို့ကဲ့သို့ နာကျင်မှု အလွန်ပြင်း ထန်သော ဝေဒနာများကို ဆေးခြောက်ဖြင့် သက်သာစေနိုင်သည်။
(၂) ခံတွင်းပျက်ခြင်း
ရံဖန်ရံခါ ခံတွင်းပျက်ခြင်းမဟုတ်ဘဲ ကင်ဆာရောဂါ၊ AIDS ရောဂါ၊ cystic fibrosis ရောဂါများကြောင့် ဘ၀အရည်အသွေး ကျဆင်းရလောက်အောင် ခံတွင်းပျက်ပါက ဆေးခြောက်ဖြင့် အစာစားချင်စိတ် လှုံ့ဆော်နိုင်သည်။
(၃) ဓာတုကုထုံး ဆေးဒဏ်များ
ကင်ဆာရောဂါအတွက် ဓာတုကုထုံး (chemothe-rapy) ခံယူခြင်းကြောင့် မူးဝေခြင်း၊ အန်ခြင်းတို့ကို သက်သာစေသည်။ သို့သော် ဆေးခြောက်ကြောင့် အိပ်ငိုက်ခြင်း စိတ်အခြေအနေပြောင်းခြင်း တို့ ဖြစ်စေတတ်သည်။
(၄) သူငယ်ပြန်မေ့လျော့ဝေဒနာ
သူငယ်ပြန်မေ့လျော့ဝေဒနာ (dementia)ာကြောင့် ကိုယ်အလေးချိန်တက်လာခြင်း၊ အပြုအမူ မမှန်ခြင်း များကို သက်သာစေသည်။
(၅) အတက်ရောဂါ
အတက်ရောဂါထိန်းဆေးများနှင့် ဆေးခြောက်ကို တွဲသောက်ပါက အတက်ရောဂါ ထကြွနှုန်း လျော့ နည်းစေသည်။
(၆) ရေတိမ်
ရေတိမ် (glaueoma)ကြောင့် မျက်စိအာရုံကြောပျက်စီးပြီး အမြင်အာရုံဆုံးရှုံးခြင်း မဖြစ်စေ ရန် ဆေးခြောက်ဖြင့် ကာကွယ်နိုင်သည်။
(၇) ကင်ဆာရောဂါ
ဆေးခြောက်တွင်ပါဝင်သည့် အဓိကအစိတ်အပိုင်း ဖြစ်သော canabinoid သည် ကင်ဆာရောဂါ ပြန့်ပွားနှုန်း ထိန်းချုပ်နိုင်ပြီး ကင်ဆာဆဲလ်များကို သေစေနိုင်သည်။
(၈) အယ်လ်ဇိုင်းမားရောဂါ
ဆေးခြောက်တွင်ပါဝင်သည့် ဆေးဖက်ဝင်ပစ္စည်းများသည် ဦးနှောက်တွင်း အနည်ကျသည့် ဖြစ်စဉ်များကို ဟန့်တားပေးနိုင်သောကြောင့် အယ်လ်ဇိုင်းမား ရောဂါကို ကာကွယ်နိုင်ကြောင်း သုတေသနများစွာ က တွေ့ရှိထားသည်။
(၉) ဓမ္မတာကိုက်ခဲမှုများ
ဓမ္မတာသွေးပေါ်ခြင်းကြောင့် ၀မ်းဗိုက်နာကျင်ကိုက်ခဲခြင်းကို ဆေးခြောက်အသုံးပြုခြင်းဖြင့် သက်သာစေသည်။ အင်္ဂလန်၏ ၀ိတိုရိယဘုရင်မကြီးသည် ဓမ္မတာမလာခင် နာကျင်ကိုက်ခဲမှုများ သက်သာစေရန် ဆေးခြောက်အသုံးပြုခဲ့သည်။
ဆေးခြောက်သည် အစွမ်းထက် အာနိသင်များရှိသော်လည်း ခန္ဓာကိုယ်ဇီဝကမ္မစနစ်များကို ဆိုးကျိုး သက်ရောက်စေသည်။ သွေးမတိတ် ရောဂါရှိသူများ၊ သွေးကျဲဆေး သောက်နေရသူများတွင် သွေးထွက်
လွန်ဝေဒနာများ ဖြစ်ပေါ်စေတတ်သည်။ သွေးချိုပမာဏ မြင့်တက်စေသည်။ သွေးပေါင်ကျသူများ၊ သွေးပေါင် ထိန်းဆေး သောက်နေရသူများတွင် သွေးပေါင်ကျဆင်းတတ်သည်။ အသည်းလုပ်ငန်းများ ကျဆင်းစေ သည်။ ခုခံအားကျဆင်းစေသည်။ အန္တရာယ်အရှိဆုံး ဆိုးကျိုးမှာ ဆေးခြောက်စွဲခြင်းဖြစ် သည်။ ဆေးခြောက်ကို မည်သည့် ရောဂါဝေဒနာအတွက် အသုံးပြုသည်ဖြစ်စေမစွဲစေရန် သတိထားသင့် သည်။ နှလုံးခုန်မမှန်ခြင်း၊ နှလုံးသွေးစီးဆင်းမှုနည်းခြင်း ဖြစ်စေသည့်အတွက် နှလုံးရောဂါ တစ်မျိုးမျိုးရှိ သူများတွင် အသုံးပြုရန် မသင့်တော်ပါ။ အာရုံစိုက်ခြင်း၊ သင်ယူခြင်း၊ မှတ်သားခြင်း၊ အစီအစဉ် ဆွဲခြင်းစသည့်စွမ်းရည်များကို အနှောင့်အယှက်ပေးသည့်အတွက် ဦးနှောက်မူမမှန်ခြင်းဖြစ်စေသည်။
ဇော်ကို
Ref: MayoClinic
- (အနောကျသို့) ကိုယ်အလေးချိန် ရုတ်တရက် ကျဆင်းသည့် အကြောင်းရင်းများ စိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... Android version 1.6 မွ 4.4.2 ထိ Myanmar Font ထည့်ပေးမယ့် MM AIO Font Changer 1.0(Beta)မြန်မာ ကျောင်းသား၊ ကျောင်းသူများ အတွက် University Of Queensland’s မှ ငါးဆယ်ရာခိုင်နှုန်း ပညာသင်ဆု ပေးအပ်မည်ယခုချက်ချင်း စိတ်ခံစားမှု ကောင်းမွန်လာစေမည့် နည်းသုံးရပ် မမြင်ရသော ဆေးဝါးများ Acer Aspire E1-510P-2671 Laptop Review