Paresthesia ပါရက်စသီးဇီးယား အာရုံကြောရောဂါ...

အများခေါ်လေ့ရှိတာက Pins and needles အပ်တွေဆူးတွေ ဝင်နေသလိုဘဲလို့ ဖြစ်တယ်။ တချို့က အိပ်ပျော်နေတဲ့ ခြေလက်လို့လဲ ခေါ်ကြတယ်။ ကျင်နေ၊ ဆိပ်ထားသလိုနေ၊ အပ်နဲ့ထိုးခံနေရသလိုနေ၊ ပူလောင်သလိုနေတဲ့ အာရုံကြောရောဂါတမျိုးဖြစ်တယ်။ ခဏဖြစ်တာနဲ့ နာတာရှည်ရှိတယ်။
ခဏတာဖြစ်တာဟာ တချို့မှာ Hyperventilation syndrome ခေါ်တဲ့ ပါးစပ်ဟပြီး အသက် တအားရှူရာ ကနေဖြစ်တယ်။ တချို့မှာ Panic attack ခေါ်တဲ့ ဆောက်တည်ရာမရ အခြေအနေကနေ ဆက်ဖြစ်တယ်။ အာရုံကြောပေါ်မှာ အကြာကြီး ဖိထားလို့လဲ ဖြစ်တယ်။ နာတာရှည်ဖြစ်တာကတော့ အာရုံကြောပြဿနာ တခုခုဖြစ်မယ်။ (နူရုန်း) တွေ အလုပ်ကောင်းကောင်း မလုပ်နိုင်တာနဲ့ သွေးမလျှောက်တာ ကနေ ဖြစ်နိုင် တယ်။ ခြေထောက်မှာဖြစ်ရင် သွေးကောင်းကောင်း မလျှောက်ရာကနေဖြစ်နိုင်တယ်။
• Atherosclerosis သွေးကြောကျဉ်းရောဂါ၊
• Neuropathy အာရုံကြောရောဂါ၊
• ရေခဲကိုက်တာလို့ တိုက်ရိုက်ဘာသာပြန်ရမဲ့ အေးခဲလွန်းတာကြာကြာခံရလို့၊
• Lyme disease လိုင်းမ်ရောဂါ၊
• Benzodiazepine ဆေးဖြတ်လို့လဲဖြစ်နိုင်တယ်။
• Multiple sclerosis နဲ့ SLE ခေါ်တဲ့ ကိုယ်ခံအား ကမောက်ကမဖြစ်တဲ့ရောဂါတွေ၊
• Herpes zoster disease (Shingles) ရေယုံတမျိုး၊
• Demyelinating diseases ရောဂါ၊
• Topiramate, Sultiame, Acetazolamide, beta-alanine, beta blocker ဆေးတွေ၊
• Lomotil ဝမ်းပိတ်ဆေး၊
• ဆီးချို၊ သကြားဓါတ်နည်းလွန်းခြင်း၊
• ပိုတက်ဆီယမ် များခြင်း၊
• မက်ဂနီဆီယမ် နည်းခြင်း၊
• လည်ပင်းကြီးဟော်မုန်း နည်းခြင်း၊
• Lidocaine poisoning ထုံဆေးဆိပ်သင့်ခြင်း၊
• Mercury poisoning ပြဒါးဆိပ်သင့်ခြင်း၊
• Pantothenic acid ဗီတာမင် ဘီ ၅ နဲ့ ဘီ ၁၂ နည်းခြင်း၊ ကုသနည်းတွေဟာ ဘာလို့ဖြစ်သလဲအပေါ်မှာ မူတည်တယ်။
ဒေါက်တာတင့်ဆွေ
- (အရှေ့သို့) Paralysis လေဖြတ်ခြင်း Susten 100 ကိုယ်ဝန်မှာသုံးတဲ့ဆေးတမျိုးလာမယ့် ဧပြီလ (၁၁) ရက်နေ့တွင် မန္တလေးမြို့မှာ ကျင်းပမယ့် Past & Present SOE THU LIVE @ Mandalay စာနယ်ဇင်းရှင်းလင်းပွဲ Acer Aspire E1-510P-2671 Laptop Review ဆုပန်ထွာရဲ့ သတို့သား သဇင်နဲ့လည်း ဘာလိုလို Cytotec (Misoprostol) ဆေးသုံးနည်းJAVA leaning Myanmar (PDF)
- (အနောကျသို့) ရုပ်ရှင်အနုပညာရှင် မင်းသမီးကြီး အကယ်ဒမီခင်ယုမေ ကွယ်လွန် Susten 100 ကိုယ်ဝန်မှာသုံးတဲ့ဆေးတမျိုးလာမယ့် ဧပြီလ (၁၁) ရက်နေ့တွင် မန္တလေးမြို့မှာ ကျင်းပမယ့် Past & Present SOE THU LIVE @ Mandalay စာနယ်ဇင်းရှင်းလင်းပွဲ Acer Aspire E1-510P-2671 Laptop Review ဆုပန်ထွာရဲ့ သတို့သား သဇင်နဲ့လည်း ဘာလိုလို Cytotec (Misoprostol) ဆေးသုံးနည်းJAVA leaning Myanmar (PDF)