Sleep and Light

ညအိပ်ချိန်မှာ ကွန်ပြူတာ ဖန်သားပြင်၊ နိုးစက်၊ နာရီ စတဲ့ ပစ္စည်းတွေက အလင်းတွေနဲ့ ထိတွေ့မှုပာာ ကျန်းမာရေးကို ထိ ခိုက်နိုင် ပါတယ်။ ဘာဖြစ်လို့ပါလဲ။ ဘယ်လို ကြောင့်ပါသလဲ။
အခုခေတ် အိပ်ခန်း တွေက ကွန်ပြူတာ ဖန်သားပြင်လို နိုးစက် နာရီလို ရေဒီယိုလို လျှပ်စစ်ပစ္စည်း တွေက လာတဲ့ အလင်းတွေနဲ့ ပြည့်နေပါ တယ်။ ပြဿနာက ဒီလို အလင်းတွေနဲ့ ညအိပ်ချိန်မှာ ထိတွေ့မှုက ကျန်းမာရေးကို ထိခိုက် စေတာပါ။ ဘာဖြစ်လို့ အိပ်ယာဝင် အလင်းက ပြဿနာ ဖြစ်စေသလဲ ဆိုတာကိုတော့ လူသားတွေရဲ့ ဆင့်ကဲ ဖြစ်စဉ် ကြောင့်လို့ ပြောရမှာပါ။ ကျောက်ခေတ် မကုန်ခင်က
လူသားတွေက သဘာဝ အလင်းရောင် နှစ်မျိုးကိုပဲ အလှည့်ကျ ထိတွေ့ခွင့် ရခဲ့တာပါ။ နေ့ဘက် မှာ နေဆီက ညဘက်မှ လနဲ့ ကြယ်ဆီက တခါတလေ မီးဖိုအလင်းက စ သည်ဖြင့် စည်းချက် ကျကျ လှည့်ပတ် နေခဲ့ပါတယ်။ ဒါကြောင့် ဒီနေ့နဲ့ည စည်းချက်က ကျွန်တော်တို့ရဲ့ ဇီဝဖြစ်စဉ်မှာ အစီစဉ်ချပြီး ဖြစ်နေပါ တယ်။ ယနေ့မှာတော့ ညဘက်မှာ ရရှိတဲ့ ဖန်တီးထားတဲ့ အလင်းရောင်က အားလုံးကို ကွဲပြားခြားနား စေပါတယ်။ အခန်းတွင်း အလင်းက နေ ကရတဲ့ အလင်းထက် ပြင်းအား နည်းပေမဲ့ ကြယ်နဲ့ လဆီက ရတာ ထက်တော့ အဆ များစွာ ပိုများ နေပါတယ်။ ဒါ့အပြင် အလင်းရောင် အ နည်းအများ ပမာဏက cortisol နဲ့ melatonin ဟိုမုန်း levels တွေကို ထိန်းချုပ် ပေးပါတယ်။ ညဘက်မှာ ရတဲ့ ဖန်တီးထားတဲ့ အလင်း ရောင်ကြောင့် Melatonin ထိန်းချုပ် ခံရခြင်း ဖြစ်စေ ပါတယ်။ ဒီဟော်မုန်းက အိပ်စက်ခြင်းနဲ့ နိုးထခြင်း ဖြစ်စဉ် အတွက် ညဘက်မှာ ဦးနှောက် ရဲ့ pineal gland ကနေ ထုတ်ပေး ပါတယ်။ မယ်လတို နင်က ခန္ခာကိုယ် အတွင်းက သွေးပေါင်ချိန် ကိုယ်အပူချိန် သကြားဓါတ် ကိုလျော့ကျ စေပါတယ်။ ဒါကြောင့် အေးချမ်း နှစ်ခြိုက်စွာ အိပ်စက် နိုင်တာ ဖြစ်ပါတယ်။ ဒါကြောင့် အာရုံကြော ဆိုင်ရာ ပညာရှင် George Brainard က နေပြီး အလင်းရောင်က ဆေးမဟုတ် တဲ့ ဆေးတစ်လက် ပါပဲ လို့ဆိုခဲ့တာပါ။

ဦးနှောက်က ဇီဝ နာရီကို Suprachiasmatic Nucleus (SCN) ဆိုတဲ့ hypothalamus မှာရှိတဲ့ ဆဲလ်အစု အဝေးကနေ ထိန်းချုပ် ပါတယ်။ ဒီ ဆဲလ် တွေက အလင်းနဲ့ အမှောင်ကို တုန့်ပြန်ပြီး လုပ်ဆောင် ပေးတာပါ။ မျက်လုံးမှာ ရှိတဲ့ အာရုံကြော ကနေ အလင်းကို အာရုံခံ SCN ကိုပို့ ပြီးတော့ ဦးနှောက်ကို နိုးဖို့ အချိန် ရောက်ပြီ လို့ပြောပေး တာပါ။ ဒီအချိန်မှာ ကားစက်နှိုး လိုက်သလို သွေးပေါင်ချိန် ကိုယ်အပူချိန် သကြား ဓါတ်နဲ့ cortisol ဟော်မုန်း စတာတွေက တက်လာ ပါတယ်။ သာမန် အားဖြင့် cortisol levels က အိပ်ပျော် စေဖို့ ညဘက်မှာ ကျဆင်း နေပါ တယ်။ မနက်ဘက်မှာ တက်လာပြီး energy levels ကို ထိန်းညှိလို့ ကိုယ်ခံ စွမ်းအားကို မြှင့်တင် ပေးပါတယ်။ ဒါပေမဲ့ ညဘက်မှာ ဖန်တီး အ လင်းရောင် တွေကြောင့် cortisol levels ကိုတက်စေပါတယ်။ ဒါကြောင့် အိပ်ခြင်းကို နှောက့်ယှက်ပြီး ကိုယ်တွင်းအဆီ၊ အင်ဆူလင်နဲ့ ယောင် ရမ်းမှုနဲ့ ပတ်သတ်တဲ့ ပြဿနာ တွေကို စတင် စေပါတယ်။ ဒါက အိပ်ရေး မ၀ခြင်းနဲ့ အစားအသောက် ပြဿနာ ကိုလဲ ဖြစ်စေ ပါတယ်။ တကယ် လို့သာ အိပ်ခန်းက အလင်းရောင် မရှိတဲ့ အခါ SCN ကို မျက်လုံး ကနေ signal မလာတာ မို့လို့ ကိုယ်ခန္ဓာ ကနေ လိုအပ်တဲ့ melatonin ကိုထုတ်ပေး ပါတယ်။ ဒီ melatonin က တစ်နေ့လုံး အလင်းရောင်နဲ့ ဘယ်လောက် ထိတွေ့ သလဲဆိုတာ မူတည်ပြီး ထုတ်ပေး တာပါ။ လေ့လာချက် တွေကတော့ အိပ်ချိန်မှာ အခန်းလင်း နေတာက မယ်လတိုနင် သက်ရောက် ချိန်ကို အလင်း ဖျော့ဖျော့လေး ထိတွေ့ တာနဲ့ ယှဉ်ရင် မိနစ် ကိုးဆယ်လောက် တိုသွား စေပါတယ်။ ဒါ့အပြင် အိပ်ချိန်မှာ အလင်းရောင် ရှိနေတာက မယ်လတိုနင် level ကို ၅၀% ထက်ပို ပြီးတောင် ကျဆင်း စေပါတယ်။ ဒါကို သိသာ ထင်ရှား လွန်းပါတယ်။ အိပ်ခါနီး tablet computer နဲ့ စာဖတ်တာက အိပ်စက်မှုကို အနှောင့် အယှက် ဖြစ်စေပါတယ်။

စမတ်ဖုန်းတွေ တက်ဘလက်တွေ စွမ်းအင် ချွေတာရေး မီးသီးတွေ ဒါတွေ အားလုံးက အိပ်စက်မှု ပြဿနာ ကိုပိုဆိုး စေပါတယ်။ ခေတ်သစ် ပ စ္စည်းတွေ မှာပါတဲ့ LEDs မီးသီးတွေက မယ်လတိုနင်ကို ကျဆင်း စေဖို့ အကြောင်း တစ်ရပ်ပါ။ ဘာဖြစ်လို့လဲ ဆိုတော့ မယ်လတိုနင် ကိုထိန်း ချုပ်တဲ့ ဆဲလ်တွေက အပြာ ရောင်အလင်းကို အထူး sensitive ဖြစ်လို့ ပါပဲ။ မကြာ သေးမှီ ကပဲ သိပ္ပံ ပညာရှင် တွေက ကွန်ပြူတာ အလင်းက မယ်လင်တိုနင် Level ကို ထိခိုက်မှု ဖြစ်စေတယ်လို့ သတိပေး ပြောကြား ခဲ့ပါတယ်။ wavelength-blocking ပြုလုပ်ထားတဲ့ မျက်မှန်တွေ တပ် ပြီး တိုင်းတာ ရာမှာ (အထူးသဖြင့် အပြာရောင် အလင်းဟာ) ကျောင်းသား တွေရဲ့ မယ်လတိုနင် level ကိုကျဆင်း စေတယ် ဆိုတာ သူတို့ တွေ့ ရှိခဲ့ပါတယ်။ ဒါပေမဲ့ လေ့လာသူ တွေကတော့ ဒီ self-luminous electronic ပစ္စည်း တွေကို မအိပ်ခင်အသုံး ပြုတာက မယ်လတိုနင်ကို လျော့ ကျတာ မဟုတ်ဘူး ဆိုရင် တောင်မှပဲ အိပ်စက် တာကို အနှောင့်အယှက် ဖြစ်စေ ပါတယ်။ ဒီပစ္စည်းတွေ ကိုယ်တိုင် ကကို alerting ဖြစ်စေ တာ stressful stimuli ထွက်စေတာ ဖြစ်ပွား ပြီးတော့ အိပ်စက် ခြင်းကို သွားနှောင့်ယှက် တာမျိုးပါ လို့ပြော သွားပါတယ်။

ကံမကောင်း စွာပဲ ဒီဟော်မုန်းရဲ့ အနှောင့်အယှက် ပေးတဲ့ ဇီဝဓါတု ဖြစ်စဉ်ဟာ ကျန်းမာရေးမှာ ပြဿ နာ ဖြစ်စေ ပါတယ်။ အထူးသဖြင့် ကင် ဆာပါ။ သိပ္ပံ ပညာရှင် တွေက အရင်တုန်းက ဘာကြောင့် မှန်းမသိ ခဲ့ပေမဲ့ အခုအခါ မှာတော့ ဒီပတ်သတ် မှုကို လေ့လာ ထားတဲ့ လေ့လာ ချက် တွေ အများကြီး ရှိနေ ပါပြီ။ ဥပမာ အားဖြင့် ဆယ်နှစ်ကြာ သုတေသနမှာ အိပ်ချိန်မှာ အလင်းနဲ့ ထိတွေ့ ခဲ့သော မိန်းကလေး ၁၆၇၀ ဦး ဟာ အမှောင်ထဲမှာ အိပ်တဲ့ မိန်းကလေး တွေထက် ၂၂% ပိုပြီး ရင်သားကင်ဆာ ဖြစ်ခဲ့တာ တွေ့ခဲ့ ရပါတယ်။ သုတေသန သမား တွေကတော့ ဟော်မုန်း မညီမျှ မှုကို ဖြစ်စေတဲ့ မယ်လင်တိုနင် ကိုပဲ အပြစ် ပုံချ ခဲ့ပါတယ်။ တခြား လေ့လာချက် တစ်ခုမှာ သုတေသန သမားတွေက ရင် သား ကင်ဆာ ဆဲလ်တွေ ထည့်ထားတဲ့ ကြွက်တွေကို မတူညီတဲ့ အမျိုးသမီး တွေဆီက သွေးတွေ ထိုးပေးပါတယ်။ အမှောင် ထဲမှာ အိပ်တဲ့ မိန်းကလေး တွေဆီက သွေးရည် ရရှိတဲ့ ကြွက်တွေရဲ့ tumor တွေက ကြီးထွားမှု ရပ်သွားပြီး အလင်း ထဲမှာ အိပ်လေ့ ရှိတဲ့ မိန်းကလေး တွေ ဆီက သွေးရည်ရတဲ့ ကြွက်တွေက တော့ ဘာထူးခြား ချက်မှ မရတာ တွေ့ရပါတယ်။ ဒါက အဆိုင်းနဲ့ လုပ်ရတဲ့ အလုပ်လုပ်သူ တွေအ တွက် ပြဿနာပါ။ Case-controlled studies တွေအရ ညဂျူတီ ၀င်ရတဲ့ သူနာပြု တွေက နေ့ဘက် မှာပဲ လုပ်ရတဲ့ သူနာပြု တွေထက် ရင်သား ကင်ဆာ ဖြစ်ဖို့ များနေ ပါတယ်။

စိတ်ပျက်စရာ ကောင်းတဲ့ နောက်ထပ် တွေ့ရှိချက် တစ်ခုကတော့ ပြဿနာတွေ တက်ဖို့ တောက်ပတဲ့ အလင်း မလိုတာ ပါပဲ။ အလင်း မှိန် မှိန်လေးနဲ့ တာရှည်စွာ ထိတွေ့မှုကလဲ စိတ်ကျ ရောဂါလို ပြဿနာတွေ ဟမ်းစတား လေးတွေမှာ ဖြစ်စေ တာကို တွေ့ရ ပါတယ်။ သူတို့တွေ ကြိုက်တဲ့ သကြားရည် ကိုတောင် မသောက်တော့ စိတ်မ၀င်စား တော့တာ မျိုးတွေ ပြသ တာတွေ့ရပါတယ်။ သူတို့ကို non-lit day/night အချိန် ဇယား ပြန်ပေး လိုက်တဲ့ အခါ ပုံမှန် ပြန်ဖြစ်ပြီး depression မဖြစ်တော့ ပါဘူး။ သိပ္ပံ ပညာရှင် တွေက ဒါဟာ tumor necrosis factor လို့ခေါ်တဲ့ ပရိုတင်း တစ်မျိုးကြောင့် ဖြစ်မယ်လို့ သံသယ ရှိကြ ပါတယ်။ ဒါ့အပြင် အလင်း မှိန်မှိန်လေးနဲ့ တာရှည်စွာ ထိတွေ့မှုက ကိုယ်ခံ စွမ်း အား ကိုလဲ ကျဆင်း စေပါတယ်။ ဒါကြောင့် ခင်ဗျားရဲ့ ရေဒီယို နာရီက အလင်းကို ဖွင့်ထားဖို့ ပြန်စဉ်းစား သင့်နေ ပါပြီ။ နောက်လေ့ လာချက် တစ်ခုက ညဘက်မှာ ထိတွေ့တဲ့ အပြာရောင် အလင်းက depression-like symptoms တွေသင်ယူ လေ့လာလို့ မရတာနဲ့ ခံစားချက် အပြောင်း အလဲတွေ ဖြစ်ပွား စေပါတယ်။ ဒါတွေက melanopsin-expressing neurons ကြောင့်ဖြစ်ပါတယ်။

မယ်လတိုနင်မှာ ဓါတ်တိုးခြင်းကို ဆန့်ကျင်တဲ့ စွမ်းအင် ရှိပါတယ်။ အဲ့ဒါကြောင့် အိုမင်း ရင့်ရော် တာကို တားဆီး နိုင်ပါတယ်။ သိပ္ပံ ပညာရှင် တွေက အိုမင်းအောင် ပြုလုပ် ထားတဲ့ ကြွက်တွေကို မယ်လတိုနင် ကုထုံး ပေးတဲ့ အခါ ဓါတ်တိုး မှုတွေ ကျဆင်း သွားတာ တွေ့ပါတယ်။ ဒီ ကြွက် မော်ဒယ်လ် တွေမှာ အယ်လ်ဇိုင်းမားလို neurodegenerative ရောဂါ တွေမှာမှ တွေ့ရတဲ့ markers တွေတွေ့ရလို့ အသက်ကြီးခြင်း အို မင်း ရင့်ရော် ခြင်းနဲ့ နောက်ကွယ်က fundamental mechanism ကိုပိုနားလည် လာစေ တယ်လို့ ဆိုပါတယ်။ နောက်လေ့လာမှု တွေက တော့ မယ်လတိုနင် လျော့နည်းခြင်း နဲ့ နှလုံး သွေးကြောကျဉ်း ရောဂါကလည်း ဆက်စပ်မှု ရှိတယ် ဆိုတာ တွေ့ရပါတယ်။ ညဘက် အလင်း ရောင်နဲ့ ထိတွေ့မှုက အစား စားတဲ့ အချိန်ကို ရွှေ့စေလို့ ကိုယ်အလေးချိန် တက်စေပါတယ်။ ညဘက် အလင်းရောင် ကြွက်တွေ မှာတော့ လေ့ကျင့်ခန်း လုပ်ပေမယ့် ကိုယ်အလေးချိန် တက်လာ တွေ့ရပါတယ်။ မယ်လတိုနင် လျော့နည်း ခြင်းနဲ့ ဆီးချိုကလဲ ဆက်စပ် တယ်လို့ သိပ္ပံ ပညာရှင်တွေ က ဆိုပါတယ်။ အချုပ်အားဖြင့် ဆိုရင် အိပ်ခန်းရဲ့ အလင်းရောင်ကို တတ်နိုင်သမျှ လျော့ချဖို့ လိုပါလိမ့်မယ်။ မအိပ်မှီမှာ အပြာရောင် အလင်း နဲ့ မထိတွေ့အောင် ကြိုးစား ရပါမယ်။ ခင်ဗျားရဲ့ gadgets တွေကို ပိတ်လို့ လိုက်ကာ တွေကို ချထား။ ပြီးရင် ကွန်ပြူတာနဲ့ ဖုန်းကနေ မအိပ်ခင် နာရီ တော်တော်ကြာ ရှောင်ကျဉ် ထားသင့် ပါတယ်လို့ အကြံပေးချင် ပါတယ်။ ဒါပေမဲ့ ကျွန်တော် သိနေပါတယ်။ ပြောတာက တကယ် လုပ် တာထက် လွယ်တယ် မဟုတ်လား။

Author Mai Shine
MYMC
- (အရှေ့သို့) Hacking ၀ါသနာရှင်များအတွက် Hacking Related Documentaries.... Susten 100 ကိုယ်ဝန်မှာသုံးတဲ့ဆေးတမျိုးလာမယ့် ဧပြီလ (၁၁) ရက်နေ့တွင် မန္တလေးမြို့မှာ ကျင်းပမယ့် Past & Present SOE THU LIVE @ Mandalay စာနယ်ဇင်းရှင်းလင်းပွဲ Acer Aspire E1-510P-2671 Laptop Review ဆုပန်ထွာရဲ့ သတို့သား သဇင်နဲ့လည်း ဘာလိုလို Cytotec (Misoprostol) ဆေးသုံးနည်းJAVA leaning Myanmar (PDF)
- (အနောကျသို့) HIV/AIDS နောက်ဆုံးရသတင်း Susten 100 ကိုယ်ဝန်မှာသုံးတဲ့ဆေးတမျိုးလာမယ့် ဧပြီလ (၁၁) ရက်နေ့တွင် မန္တလေးမြို့မှာ ကျင်းပမယ့် Past & Present SOE THU LIVE @ Mandalay စာနယ်ဇင်းရှင်းလင်းပွဲ Acer Aspire E1-510P-2671 Laptop Review ဆုပန်ထွာရဲ့ သတို့သား သဇင်နဲ့လည်း ဘာလိုလို Cytotec (Misoprostol) ဆေးသုံးနည်းJAVA leaning Myanmar (PDF)