ခန္ဓာကိုယ်ရဲ့လျှို့ဝှက်ချက်များ
Health Updates Journal No. 100
၁။ Small intestines (အူသိမ်)က ခန္ဓာကိုယ်တွင်း အင်္ဂါတွေထဲမှာ အကြီးဆုံးပါတဲ့။ ကျွန်တော်တို့က Small လိုသုံးနေပေမယ့်လည်း သူ့ ရဲ့အလျားကို ဆွဲဆန့်ကြည့်မယ်ဆိုရင် အရွယ်ရောက်ပြီး သာမန်ခန္ဓာကိုယ်အချိုးအစားရှိတဲ့ အမျိုးသားလေးယောက်ရဲ့ အလျားနဲ့တူပါတယ်တဲ့။
၂။ ကျွန်တော်တို့တွေဟာ ဆဲလ်တစ်ခုထဲကနေ ဘ၀စခဲ့ကြတာပါတဲ့။ ထူးဆန်းနေလား အခုလို သန်းပေါင်းများစွာရှိတဲ့ ဆဲလ်တွေနဲ့ဖွဲ့စည်းထားတဲ့ ကျွန်တော်တို့တွေဟာ တစ်ချိန်က ဆဲလ်တစ်ခုထဲကနေ ဘ၀စခဲ့ကြတယ်ဆိုတာ။ ဒါပေမဲ့ အမှန်ပါပဲ။ သန္ဓေအောင်ပြီး မျိုးဥတစ်လုံးက ဆဲလ်တစ်လုံးကနေ စပွားဖို့အတွက် အချိန်တစ်နာရီခွဲ လိုပါတယ်တဲ့။ အေဗရာဟမ်လင်ကွန်းတို့၊ အဲလ်ဘတ်အိုင်းစတိုင်းတို့ လည်း တချိန်က ဆဲလ်တစ်လုံးထဲက စခဲ့ကြတာပါပဲ။
၃။ ကျွန်တော်တို့တွေဟာ မနက်ပိုင်းမှာ ညနေပိုင်းကထက် အရပ်ပိုရှည်တယ်ဆိုတာ သိကြပါသလား။ နေ့စဉ် လုပ်ဆောင်နေကျ လုပ်ငန်းတွေဖြစ်တဲ့ မတ်တတ်ရပ်ခြင်း၊ လမ်းလျှောက် ခြင်း၊ ထိုင်ခြင်းတွေက ကျွန်တော်တို့ ရဲအရိုးနုပြားတွေကို(1cm)လောက် ပိုပြားသွားစေပါတယ်။ ဒါကြောင့် တစ်ယောက်ယောက်ကများ မင်းရဲ့ အရပ်ဘယ်လောက်ရှည်သလဲ မေးရင် မနက်ပိုင်းအရပ် ကို ပြောရမလား ညနေပိုင်းအရပ်ကိုပြောရ မလားလို့ ပြန်မေးလိုက်ပါဦး။
၎။ လက်ရှိသတ္တလောကကြီးတစ်ခုလုံးမှာ ခံစားမှုကြောင့် မျက်ရည်ကျ နိုင်တာ ကျွန်တော်တို့လူသားတွေပဲ ရှိပါတယ်တဲ့။ တိရစ္ဆာန်တွေအနေနဲ့ ၎င်းင်းတို့ရဲ့စိတ်လှုပ်ရှားမှု၊ ချစ်ခင်မှု၊ သစ္စာရှိမှုတို့ကို အမူအရာအမျိုးမျိုးနဲ့ ပြတတ်ပေမယ့် ငိုတာကတော့ စိတ်လှုပ်ရှားမှုကြောင့် မဟုတ်ပါဘူးတဲ့။
၅။ အိပ်မက်များများမက်လေ IQ ပို ကောင်းလေဆိုပဲ။ တစ်ခါတလေ ကိုယ့်အတွေးနဲ့ ကိုယ့်ပတ်ဝန်းကျင်နဲ့ အဆက်သွယ်လွတ်ပြီး ပြုံးမိတာတို့ ဘာတို့လုပ်မိတဲ့အခါ ဘေးလူတွေက ငကြောင်တို့ လွတ်နေလား တို့ပြောရင် ပြိုင်ငြင်းမနေပါနဲ့။ သိပံ္ပနည်းကျ လက်တွေ့တွေ့ရှိချက်တွေမှာ များများတွေးလေ IQ ပိုကောင်းလေဆိုတာပါပဲ။
၆။ ကျွန်တော်တို့တွေဟာ မွေးလာတုန်းမှာ အရိုးပေါင်း ၃၀၀ နဲ့မွေးဖွားလာပြီး သေဆုံးချိန်မှာတော့ အရိုးပေါင်း ၂၀၆ ချောင်းနဲ့ အဆုံးသတ်တယ်ဆိုတာ သိပါသလား။ ဟုတ်ပါတယ်။ ကျွန်တော်တို့ အသက်ကြီးလာချိန်မှာ အရိုးတွေ တဖြည်းဖြည်း ပျောက်ကွယ်သွားပါတယ်။
၇။ အစားအလွန်အကျွံစားမိတဲ့ အချိန်တိုင်း အကြားအာရုံလျော့ကျ စေပါတယ်တဲ့။ အစာစားလွန်ရင် အ၀လွန်တာ လူတိုင်းသိပေမယ့် အစားလွန်ရင် နားထိုင်းစေတယ်ဆိုတာတော့ သိတဲ့လူနည်းပါလိမ့်မယ်။
၈။ ခန္ဓာကိုယ်ရဲ့ဆဲလ်တွေအားလုံးထဲမှာ မမျိုးဥကအကြီးဆုံးဆဲလ်ဖြစ်ပြီး သုက်ပိုးက အသေးဆုံးဆဲလ်ဆို တာရော သိပါရဲ့လား။
၉။ ကျွန်တော်တို့ခန္ဓာကိုယ်ထဲမှာရှိတဲ့ သံဓာတ်တွေအားလုံး စုပေါင်းလိုက်မယ်ဆိုရင် ၃လက်မအရွယ်ရှိတဲ့ သံတစ်ချောင်းရနိုင်ပါတယ်တဲ့။ Iron Man ဖြစ်ဖို့တော့ လုံလောက်တဲ့ သံပမာဏရှိပေမယ့် အနည်းဆုံးတော့ ကျွန်တော်တို့ခန္ဓာကိုယ်က သတ္တုထွက်တယ်လို့တော့ ပြောလို့ရပါတယ်။
အပိန်လေး
ref: Medindia
- (အရှေ့သို့) ကိုယ်အလေးချိန် ရုတ်တရက် ကျဆင်းသည့် အကြောင်းရင်းများ Susten 100 ကိုယ်ဝန်မှာသုံးတဲ့ဆေးတမျိုးလာမယ့် ဧပြီလ (၁၁) ရက်နေ့တွင် မန္တလေးမြို့မှာ ကျင်းပမယ့် Past & Present SOE THU LIVE @ Mandalay စာနယ်ဇင်းရှင်းလင်းပွဲ Acer Aspire E1-510P-2671 Laptop Review ဆုပန်ထွာရဲ့ သတို့သား သဇင်နဲ့လည်း ဘာလိုလို Cytotec (Misoprostol) ဆေးသုံးနည်းJAVA leaning Myanmar (PDF)