နည်းပညာနှင့် ကွန်ပျူတာ တက္ကသိုလ်များကို ကိုယ်ပိုင် အုပ်ချုပ်ခွင့်ပေးမည်
ရန်ကုန်၊ ဇန်န၀ါရီ ၂၅
သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန လက်အောက်ရှိ နည်းပညာ တက္ကသိုလ်များနှင့် ကွန်ပျူတာ တက္ကသိုလ်များကို ကိုယ်ပိုင် အုပ်ချုပ်ခွင့်ပေးရန် ယင်းဝန်ကြီးဌာနက ဆုံးဖြတ်ပြီး ဖြစ်ကြောင်း အဆိုပါ ဝန်ကြီးဌာန၏ ဒုတိယဝန်ကြီး ဒေါက်တာအောင်ကျော်မြတ်က ၂၀၁၄ ခုနှစ် ဇန်နဝါရီ ၂၆ ရက်နေ့တွင် ပြုလုပ်သော အဆင့်မြင့် ပညာကဏ္ဍ ဆွေးနွေးပွဲတွင် ပြောကြားသည်။
“နည်းပညာ တက္ကသိုလ်နဲ့ ကွန်ပျူတာ တက္ကသိုလ်တွေကို တက္ကသိုလ်များ ဗဟိုကောင်စီရဲ့ စီမံခန့်ခွဲမှု အောက်မှာ ထားရှိသွားမယ်” ဟု ၎င်းကထပ်လောင်း ပြောကြားသည်။
တက္ကသိုလ်များကို အဆင့်မြင့် ပညာကဏ္ဍနှင့် သက်မွေး ပညာကဏ္ဍဟူ၍ နှစ်ပိုင်းခွဲကာ ထားရှိသွားမည် ဖြစ်ပြီး အဆင့်မြင့် ပညာကဏ္ဍ လက်အောက်ရှိ တက္ကသိုလ်များသည် ကိုယ်ပိုင် အုပ်ချုပ်ခွင့် ရရှိမည်ဖြစ်ကာ ယင်းအချက်ကိုလည်း နည်းပညာ တက္ကသိုလ်များရှိ ကျောင်းသားများက တောင်းဆိုထားခြင်း ဖြစ်သည်။
သက်မွေးဝမ်းကျောင်း ဆိုင်ရာ ဒီပလိုမာဘွဲ့ ပေးအပ်မည့် ကျောင်းများကို အသက်မွေး ပညာကဏ္ဍအောက် တွင် ထားရှိသွားမည် ဖြစ်ကြောင်း၊ ပညာရေး အဆင့်အတန်း မြှင့်စေရန် ရည်ရွယ်၍သာ ယခုကဲ့သို့ ဆောင်ရွက်ခြင်း ဖြစ်ကြောင်း ပညာရေး မြှင့်တင်မှု ကော်မတီ၏ အကြံပေးအဖွဲ့ဝင် ပါမောက္ခချုပ် (ငြိမ်း) ဦးညီလှငယ်က ပြောကြားသည်။
ယခုလက်ရှိတွင် သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန အနေနှင့် စက်မှုလက်မှု သင်တန်းကျောင်း များကိုလည်း တိုးချဲ့ ဖွင့်လှစ်သွားရန် ရှိပြီး နိုင်ငံတကာ ချိတ်ဆက်ကာ ဖက်စပ် အစီအစဉ်ဖြင့် ကျွမ်းကျင် လုပ်သားများကို မွေးထုတ်သွားမည် ဖြစ်ကြောင်း အဆိုပါ ဝန်ကြီးဌာနထံက သိရသည်။
“တက္ကသိုလ်တွေ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတဲ့အတွက် ဝန်ကြီးဌာနကို အဆင့်ဆင့် တင်ရလို့ အချိန်ကြန့်ကြာ တာတွေ မရှိတော့ဘူး။ နိုင်ငံတကာက လူတွေ မြန်မြန်လာပြီး ဆွေးနွေးရလို့ နိုင်ငံတကာ အတွေ့အကြုံနဲ့ ပညာရပ်ဆိုင်ရာ ပိုပြီး အဆင့်မြင့်လာမှာပေါ့” ဟု ပြည်သူ့ကျန်းမာရေး တက္ကသိုလ်မှ ပါမောက္ခချုပ် ဒေါက်တာနေစိုးမောင်က The Voice သို့ ပြောကြားသည်။
The Voice Daily, 26.1.2014
- (အရှေ့သို့) လူမျိုးအလိုက် သူ့စရိုက်ဓလေ့ထုံးစံ Pregnancy expectation ကိုယ္ဝန္ရခ်င္လို႔စိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... Flibanserin အမျိုးသမီးတွေ အတွက်ဆေးVery little makes it more valuable... Abortion Pills ဖျက်ဆေးတွေအကြောင်း ဘန်နီဖြိုး ရဲ့ 'လူပျိုလှည့်တေး'
- (အနောက်သို့) 2014 Miss International Beauty Pageant Winner (Japan) Pregnancy expectation ကိုယ္ဝန္ရခ်င္လို႔စိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... Flibanserin အမျိုးသမီးတွေ အတွက်ဆေးVery little makes it more valuable... Abortion Pills ဖျက်ဆေးတွေအကြောင်း ဘန်နီဖြိုး ရဲ့ 'လူပျိုလှည့်တေး'