Ice ဆိုတာ ရေခဲမဟုတ်ပါ

သတင်း = အခုပေါ်နေတဲ့ Ice ပါ။ မူးယစ်ဆေးဝါးအဖြစ် ကျန်းမာရေးက ကြေငြာထားပါတယ် (လွင်သန္တာစိုး) Ice ဆိုတာ တရားမဝင်မူးယစ်ဆေးဖြစ်တယ်။ Methamphetamine ဖြစ်တယ်။ Base လို့လဲခေါ်တယ်။ Amphetamine ဆေးအုပ်စုထဲက ဖြစ်တယ်။ အဲဒီထဲမှာ Speed လဲပါသေးတယ်။ ကွာကြတာက ဘယ်လောက်စစ်သလဲ ဆိုတာသာ ဖြစ်တယ်။ Ice ကထိပ်ဆုံး၊ ဒိနောက် Base နဲ့ Speed စဉ်တိုက်ဖြစ်တယ်။ ဆေးစွမ်းခံစားရတာကို High လို့ ခေါ်ကြတယ်။ Ice မှာနည်မည်ခွဲတွေရှိတယ်။ crystal meth, meth, crystal, shabu, batu, d-meth, tina နဲ့ glass တွေဖြစ်တယ်။ Base ကိုလဲ speed dexedrine, dexies, dex, shad, go-ee, glass, tina, paste, oxblood, shabu, yabba နဲ့ crank လို့ခေါ်ကြသေးတယ်။ Crystal meth ကို ကလပ်တွေ၊ လူစီစီရှိရာတွေမှာ အသုံးများလို့ Club drug လို့ခေါ်တယ်။ လမ်းပေါ်မှာသုံးတာကို Ice နဲ့ Glass ခေါ်တယ်။ Crystal meth ကိုသူများတွေဆီမှာ အများအားဖြင့် နှာခေါင်းကနေရှူကြတယ်၊ ဆေးလိပ်လိုလဲသောက်တယ်၊ ဆေးထိုးအပ်နဲ့လဲထိုးတယ်။ တချို့ကဆေးသောက်သလိုလဲ သောက်သေးတယ်။ ဘယ်ကနေလုပ်လုပ် ဆေးအစွမ်းကို ဆက်ရချင်တဲ့ဆေးစွဲမှုနဲ့ မှားယွင်းတဲ့ပျော်ရွှင်မှုကိုရစေတယ်။ သိပ်ပြီးကိုယ့်ကိုယ်ကို အထင်ကြီးလာတယ်။ ဘာလုပ်လုပ် သိပ်တက်ကြွနေမယ်။ အားတွေလဲရှိနေမယ်။ စားချင်စိတ်မရှိဘူး။ ဆေးစွမ်းက ၆-၈ နာရီခံတယ်။ စသုံးသူတွေဆိုပိုကြာလို့ ၂၄ နာရီခံတယ်။ ဆေးသုံးကာစ ပျော်ရသလိုနေပေမဲ့ ဆေးကို လူကိုဖျက်ဆီးလာနေပါပြီ။ မှတ်ဥာဏ်လျော့မယ်။ ကြမ်းတမ်းစိတ်ဝင်မယ်။ စိတ်မမှန်အမူအယာတွေပြမယ်။ နှလုံးနဲ့ ဦးနှောက်တွေ ပျက်စီးစေမယ်။ အလွန်စွဲတယ်။ ဆေးမရရင်မနေနိုင်ဖြစ်လာမယ်။ သူငယ်ချင်းတွေ၊ မိသားစုဝင်တွေ ဆုံးရှုံးတော့မယ်။ အလုပ်ပြုတ်မယ်။ လမ်းပေါ်ကနေ မူးယစ်ဆေးဖြတ်ဆေးရုံ၊ ဒါမှမဟုတ် အချုပ်ထဲ၊ ထောင်ထဲရောက်မယ်။ နောက်ဆုံး ရေခဲတိုက်ထဲရောက်မယ်။
ဒေါက်တာတင့်ဆွေ
၂၈-၁-၂ဝ၁၄
- (အရှေ့သို့) Yabba (ယာဘ).... စိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... Very little makes it more valuable... မှတ်ပြီလား... ဆုပန်ထွာရဲ့ သတို့သား သဇင်နဲ့လည်း ဘာလိုလို ဘန်နီဖြိုး ရဲ့ 'လူပျိုလှည့်တေး' တက်တူးချစ်တဲ့ ပျိုမေများ...
- (အနောကျသို့) လူမျိုးအလိုက် သူ့စရိုက်ဓလေ့ထုံးစံ စိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... Very little makes it more valuable... မှတ်ပြီလား... ဆုပန်ထွာရဲ့ သတို့သား သဇင်နဲ့လည်း ဘာလိုလို ဘန်နီဖြိုး ရဲ့ 'လူပျိုလှည့်တေး' တက်တူးချစ်တဲ့ ပျိုမေများ...