လက်ဆောင်တောင်းတဲ့ ဆရာမကို အလုပ်ဖြုတ်
ဆရာ၊ ဆရာမတွေကို လက်ဆောင်ပေးတဲ့ အလေ့အထရှိတဲ့ ရိုမေးနီးယားနိုင်ငံမှ ဆရာမတစ်ဦး ဟာ ကျောင်းသားတွေဆီက အတင်းအကျပ် လက်ဆောင်တောင်းယူနေတာကို ရိုက်ကူးထားတဲ့ သတင်း ဟာခေါင်းကြီးပိုင်းတွေမှာပါ လာပြီးနောက် ပညာရေးအရာရှိတွေက အဆိုပါဆရာမကို သောကြာနေ့က အလုပ်ဖြုတ်ပစ်ခဲ့ပါတယ်။
ဆရာ၊ ဆရာမတစ်ဦးအနေနဲ့ ငွေကြေးကိုလက်ဆောင်အဖြစ် တောင်းယူတာဟာ တရားမဝင်တာ ကြောင့် အဆိုပါဆရာမ ဒန်နာဘလန်ဒူကို ဖြုတ်ပစ်ခဲ့တာဟာ မှန်ကန်တဲ့ဆုံးဖြတ်ချက်တစ်ခုအဖြစ် ပညာရေးဝန်ကြီး ရီမက်စ်ပရီကိုပီက သဘောတူလက်မှတ်ရေးထိုးပေးခဲ့ပါတယ်။ ဒါပေမဲ့ ဆရာမရဲ့ ရှေ့နေကတော့ အလုပ်ဖြုတ်ပစ်မှုကို တန်ပြန်ခုခံသွားမယ်လို့ ဆိုပါတယ်။
အခုတစ်ပတ်အတွင်းမှာ ဘလန်ဒူနဲ့ ကျောင်းသားမိဘ ၂၀ ကို ရဲတပတ်ဖွဲ့က မေးမြန်းခဲ့ပြီး ဘူခါရက် ကျောင်းရဲ့ ကျောင်းအုပ်ကိုလည်း အလုပ်ကဖြုတ်ပစ်ခဲ့ပါတယ်။
ဒီဇင်ဘာလနှောင်းပိုင်းမှာ လူသိရှင်ကြားဖြစ်ခဲ့တဲ့ သည်ကိစ္စကြောင့် အာဏာပိုင်တွေရဲ့ ပိုမိုကောင်းမွန် တဲ့ဂရုစိုက်မှုရဖို့အတွက် လက်ဆောင်ပေးရမယ့် ဝတ္တရားရှိတယ်လို့ မှတ်ယူထားတဲ့ ရိုမေးနီးယားပြည် သူတွေရဲ့ အာရုံကိုနှိုးဆွပေးခဲ့ပါတယ်။ ဘလန်ဒူက လက်ဆောင်မပေးတဲ့ မိဘတွေကို ကလေးတွေရဲ့ အဆင့်ကို ထိခိုက်စေမယ်လို့ ဗြောင်ကျကျပြောဆိုခဲ့တာကြောင့် ရိုမေးနီးယားပြည်သူတွေ အံ့အားသင့် တုန်လှုပ်ခဲ့ကြရပါတယ်။
ကွန်မြူနစ်ခေတ်ကာလကစပြီး ကျောင်းသားတွေဟာ ဆရာ၊ ဆရာမတွေကို ပန်းစည်းတွေ၊ ချောက လက်တွေ လက်ဆောင်တွေပေးတဲ့ အလေ့အထရှိခဲ့ပြီး ဒါတွေထက် ပိုပြီးကြီးမားတဲ့ လက်ဆောင်တွေ ကိုတော့ မိဘများအသင်းအဖွဲ့က တစ်ဆင့်စီစဉ်ပေးပို့ကြပါတယ်။
ဒါပေမဲ့ လတ်တလော နှစ်ကာလအတွင်းမှာတော့ သည်လက်ဆောင်ပေးတဲ့ အလေ့အထဟာ ပိုမိုလွန် ကဲလာပြီး အပြိုင်အဆိုင်ဖြစ်လာခဲ့ပါတယ်။ အထူးသဖြင့် ငွေကြေးချမ်းသာတဲ့ မြို့ပြဒေသတွေ က ကျောင်းတွေမှာ ပိုမိုဆိုးရွားလာပါတယ်။
ဘလန်ဒူရဲ့ ကျောင်းက သန့်ရှင်းရေးဝန်ထမ်းတွေနဲ့ အစောင့်တွေအတွက် ခရစ္စမတ်လက်ဆောင်ပေး ဖို့ ငွေစုနေတဲ့အကြောင်း ကျောင်းသားမိဘတွေပြောကြားနေပုံနဲ့ ပေးနေကျချောကလက်ဘူးလက်ဆောင် နဲ့ကော်ဖီထုပ်လက်ဆောင်တွေကို လှောင်ပြောင်ပြောဆိုနေပုံတွေကို မိဘတစ်ဦးကဗီဒီယိုရိုက်ကူးထား ခဲ့ပါတယ်။
အဆိုပါလျှို့ဝှက်ရိုက်ကူးခဲ့တဲ့ မိဘကတုံ့ပြန်ပြောဆိုတဲ့အခါ ဘလန်ဒူက သည်ကျောင်းဟာ လူချမ်းသာ တွေအတွက် ဖြစ်တယ်လို့ ဒေါသတကြီး တုံ့ပြန်ပြောဆိုခဲ့ပြီး လက်ဆောင်ပေးတဲ့ အလေ့အထဟာ ရိုမေးနီးယားရဲ့ စနစ်ပဲဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။
[ref;AP,Jan 10, 2014.]
ကုမုဒြာသတင်းဂျာနယ်
အတွဲ(၃)၊ အမှတ်(၄၁)၊ ဇန်နဝါရီ ၁၄၊ ၂၀၁၄
- (အရှေ့သို့) Why coat apple fruits ဖယောင်းသုတ် ပန်းသီး Pregnancy expectation ကိုယ်ဝန်ရချင်လို့Flibanserin အမျိုးသမီးတွေ အတွက်ဆေးAbortion Pills ဖျက်ဆေးတွေအကြောင်းစိတျဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... လာမယ့် ဧပြီလ (၁၁) ရက်နေ့တွင် မန္တလေးမြို့မှာ ကျင်းပမယ့် Past & Present SOE THU LIVE @ Mandalay စာနယ်ဇင်းရှင်းလင်းပွဲ သရုပ်ဆောင် ဆုပန်ထွာ နဲ့ မယားကြီးရဲ့ ကြေငြာချက် ဥက္ကာကျော် ရှင်းလင်း
- (အနောကျသို့) DRIVERS for WIN7 & VISTA & XP (x32 & x64)... Pregnancy expectation ကိုယ်ဝန်ရချင်လို့Flibanserin အမျိုးသမီးတွေ အတွက်ဆေးAbortion Pills ဖျက်ဆေးတွေအကြောင်းစိတျဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... လာမယ့် ဧပြီလ (၁၁) ရက်နေ့တွင် မန္တလေးမြို့မှာ ကျင်းပမယ့် Past & Present SOE THU LIVE @ Mandalay စာနယ်ဇင်းရှင်းလင်းပွဲ သရုပ်ဆောင် ဆုပန်ထွာ နဲ့ မယားကြီးရဲ့ ကြေငြာချက် ဥက္ကာကျော် ရှင်းလင်း