Date Rape Drugs သတိလစ်စေရန် ပြုလုပ်နိုင်သည့်ဆေးဝါးများ

Date rape ကို ချိန်းတွေ့ကျင့်ကြံခြင်းလို့ အသုံးများပေမဲ့၊ ပညာရှင်အများစုကတော့ ဆေးဝါး အသုံးပြု၍ လိင်ပိုင်းဆိုင်ရာ ကျူးလွန်ခြင်း၊ Drug-facilitated sexual assault အသုံးအနှုန်းကို ပိုမိုနှစ်သက်ကြ တယ်။ ဆေးဝါးတွေကို ဓါးပြမှုနဲ့ ရုပ်ပိုင်းအရ တိုက်ခိုက်ခြင်းလို တခြား ရာဇဝတ်မှုများမှာလည်း အသုံးပြုနိုင်ပြီး ကျားမ မရွေး ဆေးအာနိသင်ပြနိုင်စေတယ်။ ဆေးတွေရဲ့ အာနိသင်ကြောင့် ဆေး ခတ်ခံရသူဟာ ရုပ်ပိုင်းဆိုင်ရာ ခုခံနိုင်မှုမရှိတော့ဘဲ လိင်ဆက်ဆံမှုကို ငြင်းပယ်နိုင်စွမ်း ပျောက်ဆုံးပြီး၊ ဘယ်လိုဖြစ်ပျက်ခဲ့တယ်ဆိုတာတောင်မှ မှတ်မိနိုင်စွမ်း မရှိတော့ပါ။ လိင်ပိုင်းဆိုင်ရာ ကျူးလွန်တယ်ဆိုရာမှာ ကာယကံရှင်ရဲ့ သဘောဆန္ဒမပါဘဲ လိင်မှုဆိုင်ရာအပြုအမူတိုင်းကို ဆိုလိုပါတယ်။ အရောင်မရှိ၊ အနံ့မရှိဘဲ အရသာလည်း မရှိကြလို့ တစ်ဖက်သား မရိပ်မိစေဘဲ အချိုရည်ထဲ ထည့်နိုင်တယ်။
Date rape drug အမျိုးအစားအနည်းဆုံး သုံးမျိုး ရှိတယ်။
၁။ GHB (Gamma Hydroxybutyric Acid) = အရောင်အဆင်းနှင့် အနံ့မရှိသော အရည်၊ အဖြူရောင် အမှုန့်နှင့်ဆေးပြား၊ ပုံစံအမျိုးမျိုး ရှိသည်။
၂။ Rohypnol (Flunitrazepam) = ဆေးပြားပုံစံဖြစ်ပြီး အရည်များတွင် ပျော်ဝင်နိုင် သည်။ ဆေးပုံစံအသစ် က အရည်တွေမှာ ပျော်ဝင်တဲ့အခါ အပြာရောင် သန်းသွားတယ်။ အရောင်မရှိတဲ့ ဆေးပုံစံဟောင်းလည်း ရရှိနိုင်တယ်။
၃။ Ketamine (Ketamine Hydrochloride) = အဖြူရောင်အမှုန့်ဖြစ်သည်။ ခန္ဓာကိုယ်မှာ အကျိုး သက်ရောက်ပုံ လျှင်မြန်စွာ အာနိသင်ပြနိုင်တယ်။ ဆေးအာနိသင် မပျယ်ခင်ခံတဲ့အချိန်ကတော့ ကွဲပြားတယ်။ ဆေးဘယ်လောက် အသုံးတယ်ဆိုတဲ့အချက်နဲ့ အရက်လို တခြားရောစပ်တာတွေအပေါ်မှာ မူတည်တယ်။ အရက်ကနေ အဲဒီဆေးတွေရဲ့ အာနိသင်ကို ပိုဆိုးဝါးစေပြီး၊ ကျန်းမာရေးကို ပိုထိခိုက်စေနိုင် တယ်။ GHB အာရုံစူးစိုက်နိုင်မှု လျှော့ကျခြင်း၊ အိပ်ချင်မူးတူးဖြစ်ခြင်း၊ မူးဝေခြင်း၊ မအီမသာနှင့် ပျို့ချင် အန်ချင်စိတ်ဖြစ်ခြင်း၊ အမြင်ဝေဝါးလာခြင်း၊ သတိလစ်ခြင်း၊ လေဖြတ်သကဲ့သို့ဖြစ်ခြင်း၊ ဆေးခတ် ခံရချိန်နှင့် ဆေးအာနိသင် ပျယ်ချိန်အကြားမှ အဖြစ်အပျက်များအား မမှတ်မိခြင်း၊ အသက်ရှူရန် ခက်ခဲခြင်း၊ တုန်တုန်ယင်ယင်ဖြစ်ခြင်း၊ ချွေးထွက်ခြင်း၊ အော့အန်ခြင်း၊ နှလုံးခုန်နှုန်း နှေးကွေးခြင်း၊ အိပ်မက်ကဲ့သို့ ခံစားရခြင်း၊ သတိမေ့မြောခြင်း၊ ဦးနှောက်အလုပ် ရပ်ဆိုင်းခြင်း၊ သေဆုံးခြင်း။ Rohypnol အလတ်စား Benzodiazepine ဆေးဖြစ်တယ်။ အိပ်မပျော်တဲ့ရောဂါအတွက် ရေတိုဆေး အနေနဲ့ သုံးသလို မေ့ဆေးမပေးခင် ကြိုတင်ပေးတဲ့ဆေးအဖြစ်လည့်းသုံးတယ်။ စိတ်ငြိမ်စေမယ်၊ ကြွက်သားတွေကို ပျော့စေမယ်၊ စိုးရိမ်စိတ်နည်းစေမယ်၊ တက်မှာကို တားပေးမယ်။ တခြား Benzodiazepines နဲ့တူတဲ့ဆေးတွေကတော့ Valium (Diazepam), Librium နဲ့ Xanax တွေ ဖြစ်တယ်။ Valium ထက် ၇-၁ဝ ဆ စွမ်းတယ်။ ဆေးပေးပြီးနောက် ၁၅-၂ဝ မိနစ်မှာ အစွမ်းပြပြီး၊ ၄-၆ နာရီအထိခံတယ်။ တကယ်တန်း အစွမ်းကုန်တာကတော့ ၁၂ နာရီကြာမှဖြစ်တယ်။ Rohypnol ဆေးကို Date-rape drug မိန်းကလေးတွေကို အဓမ္မကျင့်ဘို့သုံးတယ်။ ကျောင်းသူတွေ၊ ကောလိပ် ကျောင်းသူတွေ၊ ပါတီနဲ့ ပွဲလမ်းသဘင်သွား မိန်းမတွေကို မသိအောင် သောက်စရာထဲခပ်ပြီး သတိလစ်တဲ့အခါမှာ ပြုချင် ရာပြုနိုင်တယ်။ မိန်ကလေးဟာ မေ့ဆေးပေးနေတုံး ခွဲစိတ်ခံရတာကို မသိခဲ့သလို ဘာမှ မမှတ်မိတော့ဘူး။ အမှုလုပ်လဲ မရဘူး။ တာရှည်သုံးမိရင် ဆေးစွဲတယ်။ ဆေးဖြတ် လက္ခဏာတွေခံစားရမယ်။ ဆုံးဖြတ်နိုင်စွမ်း ကျဆင်းမယ်။ စိတ်+ကြွက်သား အလုပ်တွေနည်းခာမယ်။ ဥပမာ ကားမမောင်းနိုင်ဘူး။ အရက်နဲ့တွဲသောက်ရင် ဗဟိုအာရုံကြောစနစ်ကိုပါ ထိခိုက်မယ်။ Rohypnol ၏ အာနိသင်များ ဆေးခတ်ခံရချိန်နှင့် ဆေးအာနိသင် ပျယ်ချိန်အကြားမှ အဖြစ်အပျက်များအား မမှတ်မိခြင်း၊ သွေးပေါင်ချိန်ကျခြင်း၊ အိပ်ချင်လာခြင်း၊ ကြွက်သားများ အားလျှော့လာခြင်း၊ သို့မဟုတ် ကြွက်သားများအား ထိန်းချုပ်နိုင်စွမ်း မရှိတော့ခြင်း၊ အရက်မူးသလိုဖြစ်ခြင်း၊ မအီမသာနှင့် ပျို့ချင် အန်ချင်စိတ်ဖြစ်ခြင်း၊ စကားမပြောနိုင်တော့ခြင်း၊ လှုပ်ရှားရန် ခက်ခဲလာခြင်း၊ အသိစိတ်ပျောက်ဆုံးခြင်း၊ ဇဝေဇဝါဖြစ်ခြင်း၊ အမြင်ဝေဝါးလာခြင်း၊ မူးဝေခြင်း၊ အစာအိမ်မအီမသာဖြစ်ခြင်း။ Ketamine ၏ အာနိသင်များ စိတ်အာရုံချောက်ခြားခြင်း၊ အချိန်နှင့် အမှတ်အသားများအား မှတ်သားနိုင်စွမ်း ပျောက်ဆုံးခြင်း၊ အမြင်နဲ့ အကြားအာရုံ မမှန်မကန် ဖြစ်လာခြင်း၊ မိမိကိုယ်ကိုမိမိ မထိန်းသိမ်းနိုင်လို့ ခံစားလာရခြင်း၊ လှုပ်ရှားနိုင်စွမ်းအားထိခိုက်ခြင်း၊ အသက်ရှူရန် ခက်ခဲလာခြင်း၊ အူတက်အောင်ရယ်ခြင်း၊ အော့အန်ခြင်း၊ ထိတွေ့ခံစားနိုင်စွမ်း မရှိတော့ခြင်း၊ မှတ်ဉာဏ်ထိခိုက်ခြင်း၊ အိပ်မက်ကဲ့သို့ ခံစားရခြင်း၊ ထုံထိုင်းခြင်း၊ လှုပ်ရှားမှုအား ဟန်ချက်ညီအောင် ထိန်းနိုင်စွမ်း ပျောက်ဆုံးခြင်း၊ အမူအရာ ကြမ်းတမ်းလာခြင်း၊ စကားသံ ဗလုံးဗထွေးဖြစ်ခြင်း။ ဒီဆေးတွေ တရားဝင်သလား တစ်ချို့ဆေးတွေက တရားဝင်ပါတယ်။ ဒါပေမယ့် မထိခိုက်ဟုမဆိုလိုပါ။ ဆရာဝန်လို ပုဂ္ဂိုလ်တွေရဲ့ ညွှန်ကြားချက်မပါဘဲ အသုံးမပြုသင့်ပါ။ Rohypnol က တရားဝင်ဆေးဝါး မဟုတ်ပါ။ ဥရောပနှင့်မက္ကစီကိုတို့မှာ အိပ်မပျော်တဲ့ ရောဂါအတွက် ညွှန်လေ့ရှိပြီး တရားဝင် အသုံးပြုတယ်။ Ketamine ကို အမေရိကမှာ လူနဲ့ တိရိစ္ဆာန်တွေ မေ့ဆေးအဖြစ် တရားဝင် သုံးစွဲတယ်။ တိရိစ္ဆာန်ဆေးခန်းများရှိ Ketamine ဆေးများအား မကြာခဏ လုယက်ခံကြရသတဲ့။ GHB ကို Narcolepsy ခေါ်တဲ့ အိပ်မပျော်သည့်ရောဂါကို ကုသဘို့ အမေရိကမှာ မကြာသေးမီက တရားဝင်ဆေးဝါးအဖြစ် သတ်မှတ်လိုက်တယ်။
ဒေါက်တာတင့်ဆွေ
၂၁-၁-၂ဝ၁၄
- (အရှေ့သို့) Dirty Medicines ညစ်ညမ်းဆေးတွေ Pregnancy expectation ကိုယ်ဝန်ရချင်လို့Flibanserin အမျိုးသမီးတွေ အတွက်ဆေးAbortion Pills ဖျက်ဆေးတွေအကြောင်းဆုပန်ထွာရဲ့ သတို့သား သဇင်နဲ့လည်း ဘာလိုလို စိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... ဘန္နီၿဖိဳး ရဲ့ 'လူပျိုလှည့်တေး'
- (အနောကျသို့) Rape Drungs prevention (1) ညစ်ညမ်းဆေးရန်က ဘယ်လိုကာကွယ်မလဲ (၁) Pregnancy expectation ကိုယ်ဝန်ရချင်လို့Flibanserin အမျိုးသမီးတွေ အတွက်ဆေးAbortion Pills ဖျက်ဆေးတွေအကြောင်းဆုပန်ထွာရဲ့ သတို့သား သဇင်နဲ့လည်း ဘာလိုလို စိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... ဘန္နီၿဖိဳး ရဲ့ 'လူပျိုလှည့်တေး'