3D နည်းပညာသုံး ပလတ်စတစ်ဦးခေါင်းခွံကို အမျိုးသမီးတစ်ဦးတွင် အောင်မြင်စွာ တပ်ဆင်နိုင်ခဲ့
Health Updates Journal No. 114
ပလတ်စတစ်အခြေခံ ဦးခေါင်းခွံတုကို အမျိုးသမီးတစ်ဦးမှာအောင် မြင်စွာ တပ်ဆင်ပေးနိုင်ခဲ့ကြောင်း ဆေး ပညာသတင်းတစ်ပုဒ်မှာ ဖော်ပြထားပါတယ်။ ဒီခွဲစိတ်မှုကို ဟော်လန်နိုင်ငံ၊ Utrecht မြို့မှာပြုလုပ်နိုင်ခဲ့ တာလဲ ဖြစ်ပါတယ်။
ဒါဟာ ဦးခေါင်းခွံပျက်စီးမှုကြောင့် အမြင်အာရုံဆုံးရှုံးနေရတဲ့ ၂၂နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦးကို တပ်ဆင်ပေးနိုင်ခဲ့တာဖြစ်ပြီး 3D နည်းပညာနဲ့ ဦးခေါင်းခွံကို ပုံထုတ်ဖန်တီးခဲ့တာလည်း ဖြစ်ပါတယ်။ “ဦးခေါင်းခွံတုကို လက်မှုနည်းပညာကို အခြေခံပြီး စက်ကိရိယာတွေရဲ့ အကူအညီအရ ဖန်တီးနိုင်ခဲ့ပါ တယ်။ ဦးခေါင်းခွံတုဟာ အထူ ၁.၅စင်တီမီတာ ရှိပါတယ်”” လို့ အာရုံကြောဆေးပညာရှင် Dr.Ben Verweij်က ပြောကြားထားပါတယ်။
ခွဲစိတ်မှုခံယူခဲ့တဲ့ အမျိုးသမီးရဲ့ ဦးခေါင်းခွံ အရွယ်အစားအတိုင်း တိကျအောင်ပြုလုပ်ထားပြီး အလှအပ အတွက်သာမက အမျိုးသမီးရဲ့ဦးနှောက် လုပ်ဆောင်မှုတွေကိုပါ မထိခိုက်ရအောင် ကာကွယ်ပေးနိုင် မှာ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့၃လလောက်က ပြုလုပ်ခဲ့တဲ့ ခွဲစိတ်မှုပြီးနောက်မှာ အမျိုးသမီးငယ်ဟာ နောက် ဆက်တွဲပြဿနာ တစ်စုံတစ်ရာမကြုံတွေ့ ရဘဲ ဆေးရုံက ဆင်းသွားပြီဖြစ်ကြောင်း သိရှိရပါတယ်။
ဦးခေါင်းခွံတစ်ခုလုံးကို လဲလှယ်တပ်ဆင်တဲ့ ခွဲစိတ်မှုဟာ ဟော်လန် နိုင်ငံကပထမဆုံး ပြုလုပ်ခဲ့တယ်လို့ ယူဆနိုင်ပေမယ့် ၇၅%သော ဦးခေါင်းခွံကို အစားထိုးခွဲစိတ်လဲလှယ်မှုတစ်ခုကို ၂၀၁၃ ခုနှစ်က အမေရိကန် အမျိုးသား တစ်ဦးကိုပြုလုပ်ခဲ့ကြောင်း သိရှိရပါတယ်။
သက်ကို
ref;PTI
- (အရှေ့သို့) တစ်နေ့တာမှာ နှလုံးရောဂါ အဖြစ်ပွားဆုံးအချိန် Pregnancy expectation ကိုယ်ဝန်ရချင်လို့Flibanserin အမျိုးသမီးတွေ အတွက်ဆေးAbortion Pills ဖျက်ဆေးတွေအကြောင်းစိတျဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... လာမယ့် ဧပြီလ (၁၁) ရက်နေ့တွင် မန္တလေးမြို့မှာ ကျင်းပမယ့် Past & Present SOE THU LIVE @ Mandalay စာနယ်ဇင်းရှင်းလင်းပွဲ ဘန်နီဖြိုး ရဲ့ 'လူပျိုလှည့်တေး'