အမျိုးသမီးတစ်ဦးနှင့် ဇာတ်လမ်းရှိနေကြောင်း ကင်မရွန်ဒိုင်ယက်ဇ် ဝန်ခံ
သူမ၏ ဘဝထဲတွင် အမျိုးသမီးတစ်ဦး ဝင်ရောက်နေရာယူထားပြီဟု ကင်မရွန်ဒိုင်ယက်ဇ်က ဖွင့်ဟဝန်ခံ ခဲ့သည်။ Other Womanစတား မင်းသမီးသည် Baseball အားကစားသမား အလက်ဇန္ဒား ရိုဒရီဂါ့ဇ်နှင့် (၁)နှစ်မျှ တွဲခဲ့ဖူးပြီး (၂၀၁၀)ပြည့်နှစ်တွင် လမ်းခွဲခဲ့သည်။ သူမသည် မကြာသေးမီ အတောအတွင်းက လိင်တူ အမျိုးသမီးများကို စိတ်ဝင်စားနေမိကြောင်း ဖွင့်ဟခဲ့ပြီး ယခုအခါ အမျိုးသမီးတစ်ဦးနှင့် ဆက်နွယ်မှု ရှိနေကြောင်းပါ ပွင့်ပွင့်လင်းလင်း ပြောဆိုလာခြင်း ဖြစ်သည်။ Watch What Happens Live အစီအစဉ်တွင် ကင်မရွန်က ယင်းကိစ္စကို ထုတ်ဖော် ပြောကြားသွားခြင်းဟု သိရှိရသည်။
အစီအစဉ်မှူး အန်ဒီကိုဟန်က ကင်မရွန်အနေဖြင့် အမျိုးသမီးများကို စိတ်ဝင်စားနေသည်ဆိုသော မှတ်ချက် အပေါ် မေးမြန်းရာ ကင်မရွန်က “ဟုတ်ပါတယ်။ ကျွန်မမှာ အမျိုးသမီးတစ်ယောက် ရှိနေပါပြီ”ဟု ဝန်ခံသွားခဲ့ သည်။ သူမတို့၏ ဆက်ဆံရေး အခြေအနေအပေါ် မှတ်ချက်ပေးရန် တောင်းဆိုသည့်အခါ ကင်မရွန်က “လောလောဆယ်တော့ ကျွန်မတို့ အစီအစဉ်တွေ ရေးဆွဲနေတုန်းပါပဲ”ဟုသာ ရယ်ရယ်မောမောနှင့် မပွင့်မလင်း ဖြေဆိုသွားသည်။ ကင်မရွန်သည် Other Woman ဇာတ်ကားတွင် လက်စ်လီမန်း၊ ကိတ်အပ်တန်တို့နှင့်အတူ အမျိုးသမီး(၃)ဦးအပြိုင် သရုပ်ဆောင်ထားသည်။
Planet Myanmar Network
- (အရှေ့သို့) အချိန်ပိုင်းသင်တန်း ဆရာမ အဖြစ် ကမ်းလှမ်းရင် လုပ်မှာပါဆိုတဲ့ အွန်ဆိုင်း ဆေးစွမ်းထက်သော သလဲသီး...Abortion causes ကိုယ်ဝန်ပျက်စေတဲ့ အကြောင်းတရားတွေ (+18)Syphilis Tests ဆစ်ဖလစ်ရောဂါ စမ်းသပ်နည်းများ (+18)သတိထားရမည့် တို့ဆေးနှင့် မေ့ဆေး အန္တရာယ်မိန်းကလေးတိုင်း သိထားသင့်တဲ့ မိမိခန္ဓာကိုယ်ပေါ်က ယောင်္ကျားလေးများ စိတ်ဝင်စားဆုံးနေရာများ... LG Chromebase All In One Review
- (အနောကျသို့) ကုလသမဂ္ဂ ငြိမ်းချမ်းရေး သံတမန်အဖြစ်မှ ဂျော့ဂ်ျကလူနီးနုတ်ထွက် ဆေးစွမ်းထက်သော သလဲသီး...Abortion causes ကိုယ်ဝန်ပျက်စေတဲ့ အကြောင်းတရားတွေ (+18)Syphilis Tests ဆစ်ဖလစ်ရောဂါ စမ်းသပ်နည်းများ (+18)သတိထားရမည့် တို့ဆေးနှင့် မေ့ဆေး အန္တရာယ်မိန်းကလေးတိုင်း သိထားသင့်တဲ့ မိမိခန္ဓာကိုယ်ပေါ်က ယောင်္ကျားလေးများ စိတ်ဝင်စားဆုံးနေရာများ... LG Chromebase All In One Review