အဆိုတော်တစ်ယောက်အနေနဲ့ ရပ်တည်ဖို့ အစီအစဉ် မရှိပါဘူးလို့ ဖွင့်ဟသွားတဲ့ အေးချမ်းမိုး
ခင်ဆွေသက် on 2014-04-30 12:14
ပညာရေးတစ်ဖက်နဲ့ အနုပညာနှစ်ဖက်စလုံးမှာ ကြိုးစားလျှောက်လှမ်းနေ သူလေးကတော့ မော်ဒယ် အေးချမ်းမိုး ပဲ ဖြစ်ပါတယ်။ သူမဟာ လက်ရှိမှာ ကျောင်းပညာရေး တစ်ဖက်နဲ့ မို့ မော်ဒယ်ရှိုးနဲ့ presenter အလုပ်ကို မျှပီးလုပ်ကိုင်နေရင်း အနုပညာခရီးကိုလျှောက်လှမ်းနေ ရသူပါ။ လက်တလောမှာ စာမေးပွဲ နီးနေတာကြောင့် ပညာရေးဖက်ကို အားစိုက်ကြိုးစားဖြစ်နေတယ်လို့ပြောလာ တဲ့ အေးချမ်းမိုးနဲ့ တွေ့ဆုံခိုက် ‘လတ်တလောကတော့ ပုံမှန်အတိုင်းပဲ မဂ္ဂဇင်း ဓာတ်ပုံတွေရိုက်ဖြစ်တယ်။ presenter လုပ်ဖြစ်တယ်။ နောက်ပြီး ကျောင်းကလဲစာမေးပွဲနီးနေပြီဆိုတော့ စာဖက်ကိုလဲ ဦးစားပေးဖြစ်နေပါတယ်။ ကားရိုက်ဖက်က ကျတော့ ညီမတို့ အချိန်အများကြီးပေးရမယ်။ ကားရိုက်ကတော့ အချိန်ပေးရတယ်လေ။ ညီမ ခု ကျောင်းပြီးအောင် လုပ်နေပါတယ်။ ကျောင်းပြီးမှပဲ စဉ်းစားဖြစ်မယ် ထင်ပါတယ်။ သီချင်းကတော့ ဆိုရတာဝါသနာပါတယ်။ ၀ါသနာအရတော့ ဆိုဖြစ်မယ်ထင်တယ်။ ပရော်ဖက်ရှင်နယ်တစ်ယောက်အနေနဲ့တော့ ရပ်တည်ဖြစ်မယ် မထင်ပါဘူး။’ လို့ သူမက ပြောပါတယ်။
Trend Myanmar
- (အရှေ့သို့) ကမၻာၾကီးကို ပြောင်းလဲပစ်ခဲ့တဲ့ တီထွင်ဖန်တီးမှု ဆယ်ခု (အပိုင်း -၂ ) ပူဒီနာ စားသင့်တဲ့အချက် ခန္ဓာကိုယ်နာကျင်မှု ကင်းဝေးစေရန် ပြုမူနေထိုင်နည်းများ ခူယားကောင်နဲ့ ထိမိတဲ့အခါ ဘာတွေလုပ်သင့်လဲ စိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... မှတ်ပြီလား... ကြေကွဲစရာကောင်းခဲ့တဲ့ လက်ထပ်မင်္ဂလာပွဲ
- (အနောကျသို့) ဒီအပတ်ထဲမှာ တိတ်တဆိတ်လက်ထပ်မယ့် Kanye West နဲ့ Kim Kardashian တို့စုံတွဲ ပူဒီနာ စားသင့်တဲ့အချက် ခန္ဓာကိုယ်နာကျင်မှု ကင်းဝေးစေရန် ပြုမူနေထိုင်နည်းများ ခူယားကောင်နဲ့ ထိမိတဲ့အခါ ဘာတွေလုပ်သင့်လဲ စိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... မှတ်ပြီလား... ကြေကွဲစရာကောင်းခဲ့တဲ့ လက်ထပ်မင်္ဂလာပွဲ