၂၀၁၃-၁၄ ရာသီအတွက် PFA အကောင်းဆုံး ကစားသမားဆုကို ဆွာရက်ဇ်နှင့် လူငယ်အကောင်းဆုံးဆုကို ဟာဇက်တို့ ဆွတ်ခူး

ပရော်ဖက်ရှင်နယ် ဘောလုံးသမားများအဖွဲ့ချုပ်(PFA) မှ ပေးအပ်ချီးမြှင့်သည့် ၂၀၁၃-၁၄ ရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲ၏ အကောင်းဆုံးကစားသမားဆုကို လီဗာပူးလ် တိုက်စစ်မှူး ဆွာရက်ဇ်နှင့် လူငယ် အကောင်းဆုံးဆုကို ချယ်လ်ဆီး ကွင်းလယ်ကစားသမား ဟာဇက်တို့ ဆွတ်ခူးရရှိခဲ့ကြောင်း သိရသည်။
ဆွာရက်ဇ်သည် ပြီးခဲ့သည့်ရာသီကုန်ပိုင်းက ချယ်လ်ဆီးနောက်ခံလူ အီဗန်နိုဗစ်၏ လက်မောင်းကို ကိုက်ခဲ့ သည့်အတွက် ယခုရာသီအစပွဲစဉ်အချို့ကိုလွဲချော်ခဲ့သော်လည်း ၃၁ ပွဲကစားကာ ဂိုး ၃၀ အထိ သွင်းယူနိုင်ခဲ့ သည်။ ထို့ပြင် ဆွာရက်ဇ် သွင်းယူခဲ့သည့် ဂိုးများမှာ ပယ်နယ်တီသွင်းဂိုး တစ်ဂိုးမျှ ပါဝင်ခဲ့ခြင်းမ ရှိသောကြောင့် အသင်းဖော် ဂျရတ်၊ ဆွာရက်ဇ်နှင့် ယာယာတိုရေး၊ ဟာဇက်၊ လယ်လာနာတို့ကို ကျော်ဖြတ် ကာ အကောင်းဆုံးဆု ဆွတ်ခူးနိုင်ခဲ့ခြင်း ဖြစ်သည်။
လူငယ်အကောင်းဆုံးဆုကိုမူ ယခုရာသီတွင် ချယ်လ်ဆီးအတွက် အကောင်းဆုံး ခြေစွမ်းပြကစားခဲ့သည့် ဟာဇက်က ရမ်ဆေး၊ စတာရစ်ခ်ျ၊ စတာလင်၊ ဘာကလေနှင့် လုခ်ရှောတို့ကို ကျော်ဖြတ်ကာ ဆွတ်ခူးနိုင်ခဲ့ သည်။ဆုပေးပွဲ အခမ်းအနားကို ဧပြီ ၂၇ ရက် ညပိုင်းက လန်ဒန်မြို့ရှိ Grosvenor House ဟိုတယ်တွင် ကျင်းပခဲ့ခြင်းဖြစ်ပြီး ဆွာရက်ဇ် နှင့် ဟာဇက်မှာ လီဗာပူးလ်-ချယ်လ်ဆီးပွဲ အပြီးတွင် လက်ခံရယူ ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
PFA သည် ယခုရာသီအတွက် အကောင်း ဆုံးအသင်းကိုလည်း ထုတ်ပြန်ကြေညာခဲ့ရာ လီဗာပူးလ်နှင့် ချယ်လ်ဆီးအသင်းမှ ကစားသမားသုံးဦးစီဖြင့် အများဆုံးပါဝင်ခဲ့ပြီး မန်စီးတီး၊ ဆောက်သမ်တန်တို့မှ နှစ်ဦး စီ နှင့် အဲဗာတန်မှ တစ်ဦး ပါဝင်ခဲ့ကြောင်း သိရသည်။
Ref:AFP
Eleven Daily News
- (အရှေ့သို့) GSM/CDMA 800MHz နှစ်ကတ်သုံး Huawei Y321C ဟန်းဆက် Abortion Pills ဖျက်ဆေးတွေအကြောင်း ဘန်နီဖြိုး ရဲ့ 'လူပျိုလှည့်တေး' စိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... Pregnancy expectation ကိုယ်ဝန်ရချင်လို့Flibanserin အမျိုးသမီးတွေ အတွက်ဆေးJAVA leaning Myanmar (PDF)
- (အနောကျသို့) သန်း ၂၀ ကျော်သော ebooks များကို free ဖတ်နိုင်မယ့် Wattpad Abortion Pills ဖျက်ဆေးတွေအကြောင်း ဘန်နီဖြိုး ရဲ့ 'လူပျိုလှည့်တေး' စိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... Pregnancy expectation ကိုယ်ဝန်ရချင်လို့Flibanserin အမျိုးသမီးတွေ အတွက်ဆေးJAVA leaning Myanmar (PDF)