လူငယ်သုံးဦးကို ကားဖြင့် ၀င်တိုက်ကာ ထွက်ပြေး၊ တစ်ဦးသေဆုံး

စားပွဲထိုး ကလေးငယ်တစ်ဦးပါ စားသောက်ဆိုင်ဝန်ထမ်း သုံးဦးကို လမ်းလျှောက်နေစဉ်အတွင်း မော်တော် ကားတစ်စီးက ၀င်တိုက်မိ၍ မောင်းနှင်ထွက်ပြေးသွားပြီး တစ်ဦး သေဆုံးခဲ့မှုတစ်ခု ဧပြီ ၂၈ ရက် ည ၁၁ နာရီခွဲက ဗဟန်းမြို့တွင် ဖြစ်ပွားခဲ့သည်။
ယာဉ်တိုက်မှုမှာ ဆရာစံလမ်းအတိုင်း ပုလဲကွန်ဒိုဘက်မှ ပြည်ထဲရေးမီးပွိုင့်ဘက်သို့ မောင်းနှင်လာ သည့် တောင်းအေ့ယာဉ် တစ်စီးက ယာဘက်လမ်းစပ်တွင် လမ်းလျှောက်သွားနေသည့် ရွှေထိုင်း စားသောက်ဆိုင်မှ ၀န်ထမ်းသုံးဦးကို ၀င်တိုက်မိခဲ့ခြင်း ဖြစ်သည်။
ထို့နောက် မော်တော်ယာဉ်မှာ ရပ်တန့် ခြင်းမရှိဘဲ မောင်းနှင်ထွက်ပြေးသွားပြီး ယာဉ်တိုက်ခံရသည့် စားပွဲထိုး အောင်ကိုထက် (၁၄)နှစ်မှာ နဖူး ဖူးရောင် ပေါက်ပြဲ၊ နှာတံပေါက်ပြဲ၊ အပေါ်နှုတ်ခမ်းပေါက် ဒဏ်ရာရ ရှိပြီး စားဖိုမှူးဖြစ်သူ ကိုနေလင်းထွန်း (၁၇)နှစ်မှာလည်း နဖူး ဖူးရောင်ဒဏ်ရာ၊ ၀ဲပါးပွန်း၊ ၀ဲလက်ခုံပွန်းပဲ့ ဒဏ်ရာရရှိခဲ့ပြီး ရန်ကုန်ဆေးရုံကြီးတွင် စိုးရိမ်ရသည့် လူနာများအဖြစ်ကုသနေရသည်ဟု ရဲက သတင်း ထုတ်ပြန်ထားသည်။
စားပွဲထိုးဖြစ်သူ မျိုးလှိုင်ဝင်း (၁၇) နှစ်မှာ နောက်စေ့ပွန်း၊ ခါးပွန်း၊ ၀ဲမျက်ခုံစုတ်ပြဲ၊ ယာခြေကျင်းဝတ်ဖူးရောင် ဒဏ်ရာများရရှိပြီး ဆေးရုံအရောက်တွင် သေဆုံးသွားခဲ့သည်။
ထို့ကြောင့် ကားဖြင့် ၀င်တိုက်မိခဲ့သည့် မော်တော်ယာဉ်မောင်းကို အရေးယူပေးရန် ယာဉ်ထိန်းရဲတပ်ဖွဲ့မှ ရဲအုပ်မျိုးဆွေဦးက တရားလိုပြုလုပ် တိုင်တန်းထားသည်။
ယင်းတိုင်တန်းမှုကို ဗဟန်းရဲစခန်းက ယာဉ် (ပ)၄၇/၂၀၁၄ ဖြင့် အမှုဖွင့်ပြီး ပြစ် မှုပုဒ်မ ၃၀၄ က/၃၃၈/ ၂၀၂ ဖြင့် အရေးယူရန် စုံစမ်းရှာဖွေနေသည်ဟု ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။
Mizzima News
- (အရှေ့သို့) သနပ္ခါးရြက္က ငှက်ဖျားရောဂါကို ကုသနိုင်ပါတယ် ဆေးစွမ်းထက်သော သလဲသီး...Abortion causes ကိုယ်ဝန်ပျက်စေတဲ့ အကြောင်းတရားတွေ (+18)Syphilis Tests ဆစ်ဖလစ်ရောဂါ စမ်းသပ်နည်းများ (+18)သတိထားရမည့် တို့ဆေးနှင့် မေ့ဆေး အန္တရာယ်မိန်းကလေးတိုင်း သိထားသင့်တဲ့ မိမိခန္ဓာကိုယ်ပေါ်က ယောင်္ကျားလေးများ စိတ်ဝင်စားဆုံးနေရာများ...Jennifer Lawrence..
- (အနောကျသို့) ကျန်းမာဖို့ ကြံရည်သောက်စို့ ... ဆေးစွမ်းထက်သော သလဲသီး...Abortion causes ကိုယ်ဝန်ပျက်စေတဲ့ အကြောင်းတရားတွေ (+18)Syphilis Tests ဆစ်ဖလစ်ရောဂါ စမ်းသပ်နည်းများ (+18)သတိထားရမည့် တို့ဆေးနှင့် မေ့ဆေး အန္တရာယ်မိန်းကလေးတိုင်း သိထားသင့်တဲ့ မိမိခန္ဓာကိုယ်ပေါ်က ယောင်္ကျားလေးများ စိတ်ဝင်စားဆုံးနေရာများ...Jennifer Lawrence..