တစ်ချိန်တည်းတွင် ဘွဲ့နှစ်ခုပေးအပ်မည့် အစီအစဉ် ဂျပန်နှင့်မြန်မာ လက်မှတ်ထိုး

ပညာသင်ချိန်တစ် ချိန်တည်းတွင် နှစ်နိုင်ငံလုံးထံမှ ဘွဲ့နှစ်ခုရရှိစေမည့် အစီအစဉ်ကို အကောင် အထည်ဖော်ရန်အတွက် ဂျပန်နှင့် မြန်မာအစိုးရတို့ ဧပြီ ၂၈ ရက်တွင် နားလည်မှု စာချွန်လွှာ လက်မှတ်ရေး ထိုးခဲ့ ကြောင်း သတင်းရရှိသည်။
အဆိုပါအစီအစဉ်ကို အ ကောင်အထည်ဖော်ရန်အတွက် မြန်မာနိုင်ငံသိပ္ပံနှင့် နည်းပညာ ၀န်ကြီးဌာနနှင့် ဂျပန်နိုင်ငံမှ မီယာ ဇာကီတက္ကသိုလ်တို့ ၀န်ကြီးရုံး တွင် လက်မှတ်ရေးထိုးခဲ့ကြခြင်း ဖြစ်သည်။
အထက်ပါ အစီအစဉ်အရ ၀န်ကြီးဌာနအောက်ရှိ အဆင့်မြင့် သိပ္ပံနှင့် နည်းပညာဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် ဖွင့်လှစ်ထားသော နည်းပညာတက္ကသိုလ်များ၊ ကွန် ပျူတာတက္ကသိုလ်များမှ ကျောင်း သားများသည် ပညာသင်ချိန်တစ် ခုတည်းတွင် မီယာဇာကီတက္က သိုလ်၌လည်း သင်ယူခွင့်ရှိကာ တက္ကသိုလ်နှစ်ခုလုံးထံမှ ဘွဲ့ရရှိ နိုင်ခြင်းဖြစ်သည်။
‘‘လောလောဆယ်တော့ ဘွဲ့ လွန်မာစတာတန်းကို အရင်ဆုံး စမယ်’’ ဟု အဆိုပါ တက္ကသိုလ်မှ Associate Professor ဒေါက်တာ သီသီဇင်က ပြောကြားသည်။
ထို့ပြင် ပါရဂူတန်းများကို လည်း ဂျပန်နိုင်ငံအစိုးရ၏ ပညာသင်အထောက်အပံ့ဖြင့် ဆက် လက်ဆောင်ရွက် သွားရန်ရှိကြောင်း၎င်းက ပြောသည်။ ယခု အစီအစဉ်အရ မီယာဇာကီ တက္ကသိုလ်မှ ကျောင်းသားများ သည်လည်း မြန်မာနိုင်ငံရှိ အထက်ပါ တက္ကသိုလ်များတွင် လာ ရောက်ပညာသင်ယူနိုင်ကာ မိခင် တက္ကသိုလ်က ပေးသောဘွဲ့နှင့် မြန်မာနိုင်ငံတွင် တက်ရောက် သော တက္ကသိုလ်မှ ဘွဲ့များကို ရရှိနိုင် မည်ဖြစ်သည်။
‘‘ကျောင်းလခကလည်း မူလ တက္ကသိုလ်က လစာပဲပေးရမှာ။ ဒီက ကျောင်းသား ဟိုသွားတက်ရင် ဒီကကျောင်းရဲ့ လစာပဲပေးရ မှာဖြစ်သလို ဟိုကကျောင်းသား ဒီမှာလာတက်ရင်လည်း ဟိုကတက္ကသိုလ် မှာပဲ လစာပေးရမှာ။ နေထိုင်ရေးလည်း စီစဉ်ပေးမယ်’’ ဟု ဒေါက်တာ သီသီဇင်က ဆိုသည်။
ဂျပန်တက္ကသိုလ်သည် ယခု အစီအစဉ်မျိုးကို အင်ဒိုနီးရှား နိုင်ငံမှ တက္ကသိုလ်နှစ်ခုနှင့်လည်း ဆောင်ရွက် လျက်ရှိကြောင်း သိရ သည်။
အဆင့်မြင့်သိပ္ပံနှင့် နည်း ပညာဦးစီးဌာနအောက်တွင် နည်း ပညာတက္ကသိုလ်နှင့် ကွန်ပျူတာ တက္ကသိုလ် ၃၀ ကျော်ရှိကြောင်း ယင်းဦးစီးဌာန၏ ညွှန်ကြားရေးမှူး ချုပ် ဦးကျော်စွာစိုးက ပြောကြား သည်။
အထက်ပါအစီအစဉ်သည် ယခင်က မရှိဖူးသေးသော အစီအ စဉ်ဖြစ်ကြောင်းလည်း ကွန်ပျူ တာတက္ကသိုလ် ပါမောက္ခချုပ် ဟောင်း ပါမောက္ခ ဒေါက်တာ ပိုက်တင်က ပြောကြားသည်။
‘‘နားလည်မှုစာချွန်လွှာ သည် မိမိတို့၏ ဘုံရည်မှန်းချက် ပန်းတိုင်ဆီကို ပိုမိုရင်းနှီးစွာ အတူ ဆောင်ရွက်ရန် အာမခံချက်ဖြစ် စေပါတယ်’’ ဟု ပြည်ထောင်စု ၀န်ကြီး ဒေါက်တာ ကိုကိုဦးက ပြောသည်။
7Day Daily
No.364 Wednesday, April 30,2014
- (အရှေ့သို့) "အာဘွားတေးစီးရီး အမ်တီဗီ ရိုက်ကူးရေးအတွက် ရိုက်ကူးရေးစရိတ်ကို ကန့်သတ်မထားတဲ့ ဝိုင်းစုခိုင်သိန်း" စိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... Flibanserin အမျိုးသမီးတွေ အတွက်ဆေး ဘန်နီဖြိုး ရဲ့ 'လူပျိုလှည့်တေး' Samsung Multipackage Firmware Collection I Mobile I Style 2.8 ကို Offical Firmware ပြန်တင်နည်းJAVA leaning Myanmar (PDF)
- (အနောကျသို့) ရှစ်ရက်အတွင်း မိုးကြိုးပစ်၍ လူဆယ်ဦးသေဆုံး စိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... Flibanserin အမျိုးသမီးတွေ အတွက်ဆေး ဘန်နီဖြိုး ရဲ့ 'လူပျိုလှည့်တေး' Samsung Multipackage Firmware Collection I Mobile I Style 2.8 ကို Offical Firmware ပြန်တင်နည်းJAVA leaning Myanmar (PDF)