တာချီလိတ်တွင် မူးယစ်ဆေး ကျပ်သိန်း ၄,၀၀၀ ကျော်ဖိုး ဖမ်းမိ

တာချီလိတ်မြို့၊ တော်ကော့(အတွင်း) ရပ်ကွက်ရှိ နေအိမ်တစ်လုံးအတွင်းမှ ကျပ် သိန်း ၄,၀၀၀ ကျော်ဖိုးရှိ မူးယစ်ဆေးဝါးများကို ဧပြီ ၂၇ ရက်၊ မွန်းလွဲပိုင်းတွင် မူးယစ် တပ်ဖွဲ့စု(၃၀)မှ တပ်ဖွဲ့ဝင်သည် သက်သေ များနှင့်အတူ ဖမ်းဆီးလိုက်သည်။
ယင်းနေ့ မွန်းလွဲ ၁ နာရီ ကျော်ခန့်က မူးယစ်တပ်ဖွဲ့စု(၃၀)မှ တပ်ဖွဲ့ဝင်များ၊ နယ်မြေခံရဲတပ်ဖွဲ့ဝင်များ ပါဝင် သော အဖွဲ့သည် သက်သေများနှင့်အတူ သတင်းအရ တာချီလိတ်မြို့နယ်၊ တော်ကော့(အတွင်း) ရပ်ကွက်၊ အမှတ်(တကတ ၄၃၃)သို့ ၀င်ရောက် ရှာဖွေရာ အိမ်ပိုင်ရှင် နန်းခမ်းအီး(ခ)အားဟူ(၃၅)နှစ်နှင့် အတူ ညီ ခွား(၂၉)နှစ် တိုကျေးရွာ၊ မိုင်းယွန်းမြို့နယ်၊ မိုင်းဆတ် ခရိုင်နေ မအမ်းလျှန်း(၁၆)နှစ်၊ မအုတ် ဆင်း(၁၆)နှစ် နှင့် ၀မ်ဟုန်ကျေးရွာ၊ မိုင်း ဆတ်မြို့နယ်နေ ညီလုံး(၁၈နှစ်)တို့အား နေအိမ်အတွင်း အသင့်တွေ့ရှိသည်။
ယင်းနောက် နေအိမ်အတွင်း ဆက်လက်ရှာဖွေရာ နန်းခမ်းအီး(ခ)အားဟူ၏ အလုပ်သမား မအမ်လျှန်းနှင့် မအုတ်ဆင်း တို့ အိပ်ခန်းအတွင်းရှိ နန်းခမ်းအီး၏ အ၀တ်ဘီရိုအတွင်းမှ ပန်းရောင်ဖြူနက်ကြား လက်ရှည် အင်္ကျီဝဲဘက်အိတ်ကပ်အတွင်းတွင် အပြာရောင်ပလတ်စတစ်အိတ်များဖြင့် ထည့်လျက် WY စာတန်းပါ နီညို ရောင်စိတ်ကြွဆေးပြား ၂၀၀ ပြားစီပါ ငါးထုပ်၊ အခန်းအတွင်းရှိ GUCCI တံဆိပ်ပါ အဖြူ/ညိုစင်းကြားရောင် ခရီးဆောင်အိတ်အတွင်းမှ ရှမ်းစက္ကူဖြင့် ပတ်ထားပြီး အပြာရောင် ပလတ်စတစ် အိတ်များဖြင့် ထည့်လျက် တစ်စီးလျှင်WY စာတန်းပါ နီညိုရောင်စိတ်ကြွဆေးပြား ၂,၀၀၀ ပြားစီ ပါ ၇၇ စီးနှင့် ၁,၀၀၀ပြားစီပါ တစ်စီး ၊ ညီခွားနှင့် ညီလုံးတို့ အိပ်ခန်းအတွင်းရှိ TV တင်သည့် ဘီရိုဒိုအံဆွဲအတွင်းမှ ရှမ်းစက္ကူဖြင့် ပတ်ထားပြီး အပြာရောင် ပလတ်စတစ်အိတ်များဖြင့် ထည့်လျက် တစ်စီးလျှင်WY စာတန်းပါ နီညိုရောင် စိတ်ကြွဆေး ပြား ၂,၀၀၀ပြားစီပါ နှစ်စီး၊ စုစုပေါင်း စိတ်ကြွ ဆေးပြား ၁၆၀,၀၀၀ ပြား(တန်ဖိုးငွေကျပ် သိန်း ၄,၀၀၀) အား တွေ့ရှိသိမ်းဆည်းရမိခဲ့ခြင်း ဖြစ်သည်။
အဆိုပါ မူးယစ်ဆေးဝါးများနှင့် ပတ်သက်ပြီး စစ်ဆေးမေးမြန်းရာ စိတ်ကြွဆေးပြားများ လာရောက် ပို့ ဆောင် ရောင်းချခိုင်းသူ တာချီလိတ်မြို့၊ ပါဆတ်ရပ်ကွက်၊ အ မှတ်(၀လ-၂၄၀/ ၂)နေ အိုက်ခွေ့၏ နေအိမ် အား ညီခွားမှ လိုက်လံပြသပေးသဖြင့် မွန်းလွဲ ၅ နာရီ ခွဲခန့်တွင် ၀င်ရောက်ရှာဖွေရာ အိုက်ခွေ့အား နေ အိမ်တွင် မတွေ့ရှိဘဲ တိမ်းရှောင်နေသည်ဟု ဆိုသည်။ လက်ရှိတွင် မနန်းခမ်းအီး(ခ) အားဟူး၊ ညီခွား၊ မအမ်းလျှန်း၊ မအုတ်ဆင်း၊ ညီလုံးနှင့် စိတ်ကြွဆေးပြားများ လာရောက်ပို့ဆောင် အပ်နှံထားသူ အိုက်ခွေ့ (တိမ်းရှောင်)တို့ ခြောက်ဦးအား တာချီလိတ်ရဲစခန်း မူးယစ် (ပ)၆၅ /၂၀၁၄၊ မူး/စိတ် ပုဒ်မ ၁၅/၁၉ (က)/၂၁ အရ အရေးယူထားသည်။
Mizzima News
- (အရှေ့သို့) ဖိုင်တွေကို တစ်ကြိမ်တည်းနဲ့ လင့်များစွာတင်နည်း စိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... Flibanserin အမျိုးသမီးတွေ အတွက်ဆေးကြေကွဲစရာကောင်းခဲ့တဲ့ လက်ထပ်မင်္ဂလာပွဲလူမှုဘ၀ သာယာမှုကို ထိခိုက် စေသော အကျင့်ဆိုးများ ခူယားကောင်နဲ့ ထိမိတဲ့အခါ ဘာတွေလုပ်သင့်လဲ Abortion Pills ဖျက်ဆေးတွေအကြောင်း
- (အနောကျသို့) လင်နှင့် မယားအိမ်ခွဲနေရန် ပြောရာမှ ဇနီးက ပိုးသတ်ဆေးသောက်ကာ မိမိကိုယ်ကို သေကြောင်းကြံ စိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... Flibanserin အမျိုးသမီးတွေ အတွက်ဆေးကြေကွဲစရာကောင်းခဲ့တဲ့ လက်ထပ်မင်္ဂလာပွဲလူမှုဘ၀ သာယာမှုကို ထိခိုက် စေသော အကျင့်ဆိုးများ ခူယားကောင်နဲ့ ထိမိတဲ့အခါ ဘာတွေလုပ်သင့်လဲ Abortion Pills ဖျက်ဆေးတွေအကြောင်း