အချို့ကိုယ်ဝန်ဆောင်များတွင် Aspirin ဆေးပုံမှန်သောက်သုံးသင့်ကြောင်း US မှ ထောက်ခံ
Health Updates Journal No. 114
အမေရိကန်မှ ကျန်းမာရေးတာဝန်ရှိသူများက ပြီးခဲ့သည့်အင်္ဂါ နေ့က သွေးကျဲစေရန်နှင့် အကိုက်အ ခဲပျောက်စေရန် သုံးသည့် Aspirin အက်စပရင်ဆေးအား Low dose ဆေးပမာဏလျော့ သောက်ပေးခြင်း က ကိုယ်ဝန်ဆောင်များတွင် ကြုံတွေ့ ရနိုင်သည့် ကိုယ်ဝန်ဆိပ်တက်ခြင်း Pre- eclampsia အား သက် သာစေသည်ဟု ပြောကြားခဲ့သည်။ ဆီးချို၊ သွေးတိုးနှင့် အမြွှာကိုယ်ဝန်ဆောင် ထားရသူများ၊ ပထမ ကိုယ်ဝန်တွင် ကိုယ်ဝန်ဆိပ် တက်ဖူးသူများတွင် Pre-eclampsia ပိုဖြစ်နိုင်ပြီး ကိုယ်ဝန်ဆောင်ချိန် ပထမသုံးလ ပြီးသည့်နောက်တွင် Aspirin အား တစ်ရက်လျှင် ၅၀-၁၆၀ mg ကြား သောက်ပေးခြင်းက ကိုယ်ဝန်ဆိပ်တက်မှု Pre- eclampsia အား ၂၄ရာခိုင်နှုန်း သက်သာစေကြောင်း ပြောကြားခဲ့သည်။ ထို့ပြင် Aspirin အား သတ်မှတ်ထားသည့်အတိုင်း နေ့စဉ်သောက်သုံးခြင်းက အချိန်မတိုင်မီ မွေးဖွားမှုအား ၁၄% သက်သာစေပြီး ကလေးကြီးထွားမှု နှုန်းနှေးစေသည့် အခြားသောရောဂါများမှ ၂၀% ကာကွယ်ပေးကြောင်း သိရသည်။
Aspirin အား အချိန်အပိုင်းအခြားတစ်ခုအထိ သုံးရုံဖြင့် မည်သည့် ကျန်းမာရေးပြဿနာမျှ မကြုံရကြောင်း အခြားသော လေ့လာမှု ၁၉ ခုမှ ထောက်ခံခဲ့သည်။ ယင်းကဲ့သို့ Aspirin့ သောက်သုံး ခြင်းအား ကိုယ်ဝန် ဆိပ်တက်မှု ဖြစ်နိုင်ခြေများသူများတွင် အသုံးပြုရန် ရည်ညွှန်းထားသည်။ ကိုယ်ဝန် အပတ် ၂၀ နောက်ပိုင်း ၌ သွေးပေါင်ချိန်များ ရုတ်တရက်တိုးလာခြင်းက မိခင်၏ကျောက်ကပ်၊ အသည်းနှင့် ဦးနှောက်တို့ကိုသာမက သန္ဓေသားကိုပါ ထိခိုက်စေနိုင်လေသည်။
ဖိုးသောကြာ
ref:Medindia
- (အရှေ့သို့) မိုဘိုင်းဖုန်းနှင့် ချိတ်ဆက် အသုံးပြုနိုင်သည့် မျက်စိကုမှန်ပြောင်း တီထွင်နိုင်ခဲ့ ဆေးစွမ်းထက်သော သလဲသီး...Abortion causes ကိုယ်ဝန်ပျက်စေတဲ့ အကြောင်းတရားတွေ (+18)Syphilis Tests ဆစ်ဖလစ်ရောဂါ စမ်းသပ်နည်းများ (+18)သတိထားရမည့် တို့ဆေးနှင့် မေ့ဆေး အန္တရာယ်မိန်းကလေးတိုင်း သိထားသင့်တဲ့ မိမိခန္ဓာကိုယ်ပေါ်က ယောင်္ကျားလေးများ စိတ်ဝင်စားဆုံးနေရာများ...Jennifer Lawrence..
- (အနောကျသို့) မိုဘိုင်းဖုန်း application တစ်ခုဖြစ်တဲ့ Whats Application ကြောင့်ဖြစ်တဲ့ WhatsAppitis ရောဂါ ဆေးစွမ်းထက်သော သလဲသီး...Abortion causes ကိုယ်ဝန်ပျက်စေတဲ့ အကြောင်းတရားတွေ (+18)Syphilis Tests ဆစ်ဖလစ်ရောဂါ စမ်းသပ်နည်းများ (+18)သတိထားရမည့် တို့ဆေးနှင့် မေ့ဆေး အန္တရာယ်မိန်းကလေးတိုင်း သိထားသင့်တဲ့ မိမိခန္ဓာကိုယ်ပေါ်က ယောင်္ကျားလေးများ စိတ်ဝင်စားဆုံးနေရာများ...Jennifer Lawrence..