လန်ဒန်မြို့ ကောင်းကင်ယံမှာ UFO လို့ ယူဆရတဲ့ ယာဉ်ပျံတစ်စီးကို တွေ့ ရှိ
Angel on 2014-04-29 12:43
အမျိုးအမည်မသိရတဲ့ ယာဉ်ပျံတစ်စီး လန်ဒန်မြို့ ကောင်းကင်ယံမှာ ပျံသန်းနေတာကို မနေ့ က ၂၈ ရက်နေ့  က တွေ့ မြင်ခဲ့ရကြောင်း သိရှိရပါတယ်။ ဒါဟာ UFO တစ်စီးဖြစ်နိုင်ကြောင်း တစ်ချို့ က ခန့် မှန်းပြော ဆိုနေကြပါတယ်။
ဒီထူးဆန်းတဲ့ ယာဉ်ပျံကို လန်ဒန်မြောက်ပိုင်းမှာ နေ့ လည် ၁ နာရီခွဲ ၀န်းကျင်က တွေ့ ရှိခဲ့ရတာဖြစ်ပါတယ်။
မျက်မြင်တွေ့ ရှိသူတွေထဲက တစ်ယောက်က ဒီယာဉ်ပျံကို ဓာတ်ပုံ အမိအရ ရိုက်ကူးခဲ့ပြီး Facebook ပေါ် တင်ခဲ့တာဖြစ်ပါတယ်။ “ ကျွန်တော် နေတဲ့နေရာက လမ်းနည်းနည်းခြားတဲ့နေရာကနေ ဒီအရာဝတ္ထုကို ရိုက်ကူးခဲ့တာပါ” လို့ သူက ဆိုရှယ်နက်ဝေါ့ခ်မှာ ရေးသားခဲ့ပါတယ်။
“ ဒီ ယာဉ်ရဲ့ အရောင်က အနက်ရောင်ပါ။ ယာဉ်က လည်ပတ်ပြီး ပျံသန်းနေတာဗျ။ ဒီယာဉ် ကျွန်တော့်မြင် ကွင်းက ပျောက်ပြီး Highbury နဲ့ Islington ဘက်မထွက်သွားခင် ငါးမိနစ်စာလောက်ကို ကျွန်တော် ဗီဒီယိုရိုက်ထားနိုင်ခဲ့တယ်။ ဒါက ဘာအရာဝတ္ထုလဲတော့ ကျွန်တော်လည်း သေချာမသိပါဘူး။ ပထမတော့ မိုးလေ၀သပူဖောင်းထင်နေတာ။ နောက်တော့ အဲ့ကနေ အလင်းရောင်လေးကို မြင်လိုက်ရတယ်။” လို့ ပြောကြားခဲ့ကြောင်း Mirror သတင်းဌာနမှာ ဖော်ပြထားပါတယ်။
Ref: Mirror.co.uk
Trend Myanmar
- (အရှေ့သို့) လင်နှင့် မယားအိမ်ခွဲနေရန် ပြောရာမှ ဇနီးက ပိုးသတ်ဆေးသောက်ကာ မိမိကိုယ်ကို သေကြောင်းကြံ Abortion causes ကိုယ်ဝန်ပျက်စေတဲ့ အကြောင်းတရားတွေ (+18)Syphilis Tests ဆစ်ဖလစ်ရောဂါ စမ်းသပ်နည်းများ (+18)ဆေးစွမ်းထက်သော သလဲသီး...သတိထားရမည့် တို့ဆေးနှင့် မေ့ဆေး အန္တရာယ်Jennifer Lawrence..ဆရာဝန်နှင့် တွေ့ဆုံချိန်တွင် သိထားသင့်သော အချက် (၇)ချက်
- (အနောကျသို့) တက်တူးထိုးအပြီး သိထားသင့်တဲ့ အချက်များ Abortion causes ကိုယ်ဝန်ပျက်စေတဲ့ အကြောင်းတရားတွေ (+18)Syphilis Tests ဆစ်ဖလစ်ရောဂါ စမ်းသပ်နည်းများ (+18)ဆေးစွမ်းထက်သော သလဲသီး...သတိထားရမည့် တို့ဆေးနှင့် မေ့ဆေး အန္တရာယ်Jennifer Lawrence..ဆရာဝန်နှင့် တွေ့ဆုံချိန်တွင် သိထားသင့်သော အချက် (၇)ချက်