ကမ္ဘာကြီးကို ပြောင်းလဲပစ်ခဲ့တဲ့ တီထွင်ဖန်တီးမှု ဆယ်ခု (အပိုင်း -၂ )
သီဟနိုင် on 2014-04-30 15:53
လူသားတွေနဲ့ တိရစ္ဆာန်တွေ ကွာခြားတဲ့အဓိကအချက်ကတော့ လူသားတွေဟာ တီထွင်ဖန်တီးဥာဏ် ပိုမို မြင့်မားခြင်းဖြစ်တယ်လို့ ဆိုပါတယ်။ အားကြီးသူက အားနည်းသူကို အနိုင်ယူတဲ့ သဘာဝလောကကြီး မှာ ကျွန်တော်တို့ လူသားတွေဟာ တီထွင်ဖန်တီးမှု၊စဉ်းစားဆင်ခြင်ဥာဏ်ရှိမှုတို့ နဲ့ နှစ်ပေါင်းများစွာ အသက်ရှင် နေထိုင်ခဲ့ပြီး ဒီကမ္ဘာကြီးကို ကြီးစိုးနိုင်ခဲ့ကြပါတယ်။
ကျွန်တော်တို့ ကမ္ဘာကြီးဟာ လွန်ခဲ့တဲ့ နှစ် သန်းပေါင်း လေးထောင့်ငါးရာ လောက်က စတင် ဖြစ်တည်လာ ခဲ့ပြီး Homo Sapiens လို့ ခေါ်တဲ့ ကျွန်တော်တို့ လူသားမျိုးနွယ်တွေကတော့ လွန်ခဲ့တဲ့ နှစ်ပေါင်း နှစ် သိန်းကျော် ၀န်းကျင်ကမှ စတင်ပြောင်းလဲဖြစ်တည်လာတယ်လို့ သိပ္ပံပညာရှင်တွေက ခန့် မှန်းထားပါတယ်။
လူသားမျိုးနွယ်နဲ့ ကမ္ဘာကြီးကို ပြောင်းလဲပစ်ခဲ့တဲ့ တီထွင်ဖန်တီးမှု ဆယ်ခု ကို ကြည့်ကြည့်ရအောင်။
၅။ တယ်လီဖုန်း
အီလက်ထရောနစ် အသံလွှင့်စနစ် နဲ့ပတ်သက်ပြီး စွန့်ဦးတီထွင်သူ တချို့ရှိခဲ့ပေမဲ့ အီလက်ထရောနစ် တယ်လီဖုန်းမူပိုင်ခွင့်ကို အလက်ဇန္ဒား ဂရေဟမ်ဘဲလ်ဟာ ၁၈၇၆ခုနှစ်မှာ ဦးဆုံးချီးမြှင့်ခြင်း ခံခဲ့ရပါတယ်။ တယ်လီဖုန်း ပေါ်လာပြီးတဲ့နောက်ပိုင်းမှာ အီလက်ထရောနစ် အသံလွှင့်စနစ်ကို စွန့်ဦးတီထွင်ခဲ့သူ အချို့ဟာ အသိဉာဏ်ပိုင်းဆိုင်ရာပစ္စည်း ခိုးယူသုံးစွဲမှုနဲ့ တရားစွဲဆိုခဲ့ကြပါတယ်။ အလက်ဇန္ဒား ဂရေဟမ်ဘဲလ်ရဲ့ မူပိုင်ခွင့် ပုံကြမ်းကတော့ အောက်က ပုံမှာပြထားတဲ့အတိုင်းပါပဲ။
ဒီတီထွင်မှုဟာ အလျှင်အမြန်ပဲ အ၀ယ်လိုက်လာပြီး ကမ္ဘာ့စီးပွားရေးနဲ့ ဆက်သွယ်ရေး အဖြစ် လုံးလုံးလျားလျား ပြောင်းလဲလာခဲ့ပါတော့တယ်။
၎။ လျှပ်စစ်မီးသီး
ခင်ဗျားတို့မှာ သဘာဝအလင်းရောင်ပဲ ရှိစဉ်အခါက ထုတ်ကုန်ထုတ်လုပ်မှုဟာ နေ့အချိန်တွေမှာပဲ ထုတ်လုပ်လို့ရအောင် ကန့်သတ်ခြင်းခံခဲ့ရပါတယ်။ ညဘက်တွေမှာ ကျွန်တော်တို့ တက်တက်ကြွကြွနေနိုင်ဖို့ လျှပ်စစ်မီးလုံးတွေက အခွင့်ပေးလိုက်ပြီး ကမ္ဘာကြီးကို ပြောင်းလဲပစ်လိုက်ပါတယ်။ သမိုင်းပညာရှင်တွေရဲ့ အဆိုအရ ၁၈၀၀ပြည့်လွန်နှစ်တွေတစ်လျှောက် အပူပေးအလင်းဖြာ မီးအိမ် တီထွင်မှုမှာ လူ ၂ဒါဇင်လောက် အခရာ ဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ Thomas Edison ဟာ မူရင်း တီထွင်သူအဖြစ် ဂုဏ်ပြုမှတ်တမ်းတင် ခံခဲ့ရ ပါတယ်။ သူဟာ မီးစက်၊ မီးကြိုးနဲ့ ကာဗွန်ဖြည့် မီးသီး အပါအ၀င် ပြီးပြည့်စုံအောင် အလုပ်လုပ်တဲ့ အလင်းပေး စနစ်ကို တီထွင်နိုင်ခဲ့လို့ပါပဲ။
၃။ ပင်နီဆီလင်
ပင်နီဆီလင်ဟာ သမိုင်းမှာ အကျော်ကြားဆုံး ရှာဖွေတွေ့ရှိမှုတွေထဲက တစ်ခုပါ။ ၁၉၂၈ ခုနှစ်မှာ စကော့လူမျိုး သိပ္ပံပညာရှင် အလက်ဇန္ဒား ဖလင်းမင်းဟာ သူ့ရဲ့ ဓာတ်ခွဲခန်းထဲမှာ ပက်ထရီဒစ်ရှ် ဘက်တီးရီးယားတွေ ရှိနေတာကို သတိပြုမိခဲ့ပါတယ်။ မှိုရှိနေတဲ့ နေရာတိုင်းက ဘက်တီးရီးယားတွေ ဟာ သေဆုံးနေတာကိုလည်း သိခဲ့ရပါတယ်။ အဲ့ဒီ့ ပဋိဇီဝမှိုဟာ မှိုပင်နီဆီလင် အဖြစ်ကို ပြောင်းလဲ သွားပြီး နောင်ဆယ်စုနှစ် ၂စုကြာတဲ့အခါ ဓာတုဗေဒ ပညာရှင်တွေဟာ အဲ့ဒီ့မှိုကို သန့်စင်လိုက်ပြီး ပင်နီဆီလင်ဆေး အဖြစ်ကို အဆင့်မြှင့်ထုတ်လုပ်နိုင်ခဲ့ ကြပါတယ်။ ပင်နီဆီလင်ဆေးဟာ လူသားတွေဆီမှာ ဘက်တီးရီးယား အမြောက်အမြား ပိုးဝင်ခြင်းတွေကို တိုက်ဖျက်ပေးပါတယ်။ လူသားတွေကိုတော့ ထိခိုက်မှု မရှိစေဘဲနဲပေါ့။
ပင်နီဆီလင်ဆေးကို ၁၉၄၄ခုနှစ်မှာ အမြောက်အများ ထုတ်လုပ်ခဲ့ပြီး ကြော်ညာခဲ့ပါတယ်။
၂။ သန္ဓေတားဆေး (သို့) ကိရိယာ
သန္ဓေတားဆေးတွေ၊ ကွန်ဒုံးတွေအပြင် တခြားသော သန္ဓေတားနည်းတွေဟာ တိုးတက်လာတဲ့ ကမ္ဘာကြီး မှာ လိင်ပိုင်းဆိုင်ရာ ပြုပြင်ပြောင်းလဲမှုအဖြစ် ရိုက်ခတ်ခဲ့ပါတယ်။ အမျိုးသားတွေနဲ့ အမျိုးသမီးတွေကို ကလေး မယူဘဲ အပန်းဖြေမှုသက်သက်အတွက် လိင်ဆက်ဆံခွင့် ရစေခဲ့တာပေါ့။ သန္ဓေတားဆေး၊ ကိရိယာတွေကို အသုံးပြုတဲ့ နိုင်ငံတွေမှာ ငယ်ငယ်ရွယ်ရွယ်နဲ့ ကိုယ်ဝန်ဆောင်ရတဲ့ အမျိုးသမီး အရေအတွက် လဲ တော်တော်လေးကို လျော့ကျသွားစေပါတယ်။ တစ်ကမ္ဘာလုံး အတိုင်းအတာ အရလည်း လူသားဦးရေ ထူထပ်ခြင်းကို ထိန်းရာမှာ သန္ဓေတားဆေး နဲ့ ကိရိယာတွေက အကူအညီပေးခဲ့ပါတယ်။ ကွန်ဒုံးလိုမျိုး သန္ဓေတား ကိရိယာတွေဟာ လိင်ဆက်ဆံမှုအရ ကူးစက်တဲ့ ရောဂါ ပျံ့နှံ့မှုကိုလည်း ဟန့်တားပေးပါတယ်။
၁။ အင်တာနက်
မိတ်ဆက်ပြောပြ နေစရာတောင် တကယ်မလိုတော့ပါဘူး။ အင်တာနက်လို့ သိကြတဲ့ အတွင်းချိတ်ဆက် ထားတဲ့ ကွန်ပျူတာကွန်ယက်ကြီးကို တစ်ကမ္ဘာလုံးမှာ သုံးနေသူ သန်းထောင်နဲ့ချီပြီးရှိပါတယ်။ အင်တာနက်ကြီး တိုးတက်လာအောင် မရေမတွက်နိုင်တဲ့ လူတွေက ၀ိုင်းဝန်းကူညီပေးခဲ့ကြတယ်။ အင်တာနက် တီထွင်မှုနဲ့ပတ်သက်ပြီး ဂုဏ်ပြုမှတ်တမ်းအတင်ခံရသူကတော့ ကွန်ပျူတာသိပ္ပံပညာရှင် Lawrence Roberts ပါပဲ။ ၁၉၆၀ ပြည့်လွန်နှစ်တွေမှာ ကွန်ပျူတာ သိပ္ပံပညာရှင်များ အဖွဲ့တစ်ဖွဲ့ကနေ အမေရိကန် ကာကွယ်ရေး ၀န်ကြီးဋ္ဌာနရဲ့ အဆင့်မြင့် သုတေသန စီမံကိန်း အေဂျင်စီ (ARPA) အတွက် အလုပ်လုပ်ပေးခဲ့ကြပါတယ်။ အေဂျင်စီထဲက ကွန်ပျူတာတွေ ချိတ်ဆက်နိုင်အောင် ဆက်သွယ်ရေး ကွန်ယက်ကြီး တည်ဆောက်ပေးပြီး တော့ပေါ့။ အဲ့ဒါကို ARPANET လို့ ခေါ်ကြပါတယ်။ “Packet Switching” လို့ခေါ်တဲ့ ဒေတာ ထုတ်လွှင့်မှု စနစ်ကို အသုံးပြုထားတာပါ။ အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ Roberts က တခြား ကွန်ပျူတာ သိပ္ပံပညာရှင်တွေထက် စောပြီး တီထွင်ဖန်တီးခဲ့တာပါ။ ARPANET ဆိုတာ အင်တာနက်ရဲ့ အလျင်လူပဲဖြစ်ပါတယ်။
Ref:livescience.com
Trend Myanmar
- (အရှေ့သို့) တစ္နာရီ မိုင်၂၀၀နှုန်းနဲ့ မိုင် ၂၀၀၀ ထိကို အကြော်ခံဆီ တစ်တိုင်ကီနဲ့ မောင်းနိုင်တဲ့ Trident Iceni ဆေးစွမ်းထက်သော သလဲသီး...Abortion causes ကိုယ်ဝန်ပျက်စေတဲ့ အကြောင်းတရားတွေ (+18)Syphilis Tests ဆစ်ဖလစ်ရောဂါ စမ်းသပ်နည်းများ (+18)သတိထားရမည့် တို့ဆေးနှင့် မေ့ဆေး အန္တရာယ်မိန်းကလေးတိုင်း သိထားသင့်တဲ့ မိမိခန္ဓာကိုယ်ပေါ်က ယောင်္ကျားလေးများ စိတ်ဝင်စားဆုံးနေရာများ...Jennifer Lawrence..
- (အနောကျသို့) အဆိုတော်တစ်ယောက်အနေနဲ့ ရပ်တည်ဖို့ အစီအစဉ် မရှိပါဘူးလို့ ဖွင့်ဟသွားတဲ့ အေးချမ်းမိုး ဆေးစွမ်းထက်သော သလဲသီး...Abortion causes ကိုယ်ဝန်ပျက်စေတဲ့ အကြောင်းတရားတွေ (+18)Syphilis Tests ဆစ်ဖလစ်ရောဂါ စမ်းသပ်နည်းများ (+18)သတိထားရမည့် တို့ဆေးနှင့် မေ့ဆေး အန္တရာယ်မိန်းကလေးတိုင်း သိထားသင့်တဲ့ မိမိခန္ဓာကိုယ်ပေါ်က ယောင်္ကျားလေးများ စိတ်ဝင်စားဆုံးနေရာများ...Jennifer Lawrence..