ကုလသမဂ္ဂ ငြိမ်းချမ်းရေး သံတမန်အဖြစ်မှ ဂျော့ဂ်ျကလူနီးနုတ်ထွက်
ကာလရှည်ကြာ တာဝန်ယူခဲ့သည့် ကုလသမဂ္ဂ ငြိမ်းချမ်းရေး သံတမန် ရာထူးမှ ဂျော့ဂ်ျကလူနီး အနေဖြင့် နုတ်ထွက်သွားခဲ့ပြီဟု သိရှိရသည်။ မကြာသေးမီကမှ ချစ်သူ အေမယ်လ် အလာမတ်ဒင်နှင့် စေ့ စပ်ကြောင်းလမ်းခဲ့ကြောင်း သတင်းများ ထွက်ပေါ်ခဲ့သည့် ဟောလီးဝုဒ် နာမည်ကျော် မင်းသားကြီးသည် ကုလသမဂ္ဂထံမှ ၎င်း၏ ရာထူးအတွက် နုတ်ထွက်စာ တင်သွားခဲ့ကြောင်း သတင်းများက ဖော်ပြခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ဂျော့ဂ်ျအနေဖြင့် အလွန်အလုပ်များနေသဖြင့် ယင်းရာထူးအတွက် အပြည့်အဝ အာရုံမစိုက်နိုင်တော့၍ဟု သိရသည်။ ကုလသမဂ္ဂ ပြောရေးဆိုခွင့်ရ အရာရှိ စတီဖန် ဒူဂျာရစ်က အဆိုပါ သတင်းကို အတည်ပြု ကြေညာခဲ့သည်။
“(၆)နှစ်လောက် တာဝန်ယူခဲ့ပြီးတဲ့နောက် ဂျော့ဂ်ျအနေနဲ့ ငြိမ်းချမ်းရေး သတင်းကို ဆောင်ကြဉ်းပေးရတဲ့ အလုပ်ကနေ အနားယူသင့်ပြီလို့ စိတ်ပိုင်းဖြတ်ခဲ့ပါတယ်။ သူ့ရဲ့ အချိန်ဇယားအတွက် ကိစ္စတချို့ အားပြိုင် လာပြီး တောင်းဆိုမှု မြင့်မားလွန်းတဲ့အတွက် ပရော်ဖက်ရှင်နယ်ပီပီ ဆုံးဖြတ်ခဲ့ရတာ ဖြစ်ပါတယ်။ သူ့လိုမျိုး နာမည်ကျော် ပုဂ္ဂိုလ်တစ်ယောက် အနေနဲ့ ကုလသမဂ္ဂရဲ့ သံတမန်တစ်ယောက်အဖြစ် တာဝန်ယူဖို့ဆိုတာ အကျပ်အတည်းတွေ အမြဲတမ်းလိုလို ရှိနေတတ်ပါတယ်”ဟု စတီဖန်က သတင်းထောက်များ အား ပြောကြားခဲ့သည်။ ဂျော့ဂ်ျသည် အဆိုပါ ရာထူးကို (၂၀၀၈)ခုနှစ်က စတင်ထမ်းဆောင်ခဲ့ပြီး ဒါဖာ၊ ဆူဒန်၊ တောင်ပိုင်းဆူဒန်နှင့် ကွန်ဂိုနိုင်ငံများသို့ သွားရောက်ကာ ကုလသမဂ္ဂ လုပ်ငန်းစဉ် တာဝန်များကို ထမ်းဆောင်ပေးခဲ့သည်။
Planet Myanmar Network
- (အရှေ့သို့) အမျိုးသမီးတစ်ဦးနှင့် ဇာတ်လမ်းရှိနေကြောင်း ကင်မရွန်ဒိုင်ယက်ဇ် ဝန်ခံ စိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... Flibanserin အမျိုးသမီးတွေ အတွက်ဆေးကြေကွဲစရာကောင်းခဲ့တဲ့ လက်ထပ်မင်္ဂလာပွဲလူမှုဘ၀ သာယာမှုကို ထိခိုက် စေသော အကျင့်ဆိုးများ ခူယားကောင်နဲ့ ထိမိတဲ့အခါ ဘာတွေလုပ်သင့်လဲ Abortion Pills ဖျက်ဆေးတွေအကြောင်း
- (အနောကျသို့) ဘင်္ဂလားပင်လယ်အော်တွင် MH370 ပျက်ကျခဲ့သည်ဆိုမှု ဩစေၾတးလ် ပယ္ခ် စိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... Flibanserin အမျိုးသမီးတွေ အတွက်ဆေးကြေကွဲစရာကောင်းခဲ့တဲ့ လက်ထပ်မင်္ဂလာပွဲလူမှုဘ၀ သာယာမှုကို ထိခိုက် စေသော အကျင့်ဆိုးများ ခူယားကောင်နဲ့ ထိမိတဲ့အခါ ဘာတွေလုပ်သင့်လဲ Abortion Pills ဖျက်ဆေးတွေအကြောင်း