လင်းဇာနည်ဇော်နဲ့ ရဲကိုကို အိမ်ထောင်ရေးကွာရှင်းခွင့် အမှု

သရုပ်ဆောင် လင်းဇာနည်ဇော်၊ ဓာတ်ပုံ- လင်းဇာနည်ဇော်ရဲ့ ဖေ့စ်ဘုတ်
ရန်ကုန်တိုင်း ဒေသကြီး တရားလွှတ်တော်မှာ ၂၀၁၃ ခုနှစ် တရားမကြီးမှုအမှတ် ၇၈ အရ ကွာရှင်းခွင့်
တောင်းဆိုခဲ့တာကို အစိုးရ သတင်းစာတစောင်ဖြစ်တဲ့ ဧပြီလ ၂၉ ရက်နေ့က ကြေးမုံသတင်းစာမှာ တရားလို လင်းဇာနည်ဇော်က တရားပြိုင် ရဲကိုကိုအား ရှေ့နေကတဆင့် ငြင်းချက်ထုတ် သမ္မာန်စာ ဆင့်ခေါ်ထားပါတယ်။

ဓာတ်ပုံ- ဧပြီ ၂၉ ရက်နေ့ ကြေးမုံသတင်းစာ
ရန်ကုန်တိုင်း ဒေသကြီး တရားလွှတ်တော် လက်ထောက်ညွှန်ကြားရေးမှူး ခင်သန့်ဇင် လက်မှတ်ရေး ထိုးထားတဲ့ သမ္မန်စာအရ လာမယ့် မေလ ၂၃ ရက်နေ့မှာ တရားရုံးမှာ ရဲကိုကို ကိုယ်တိုင် ဒါမှ မဟုတ် ကိုယ်စားထုချေ မယ့်သူအနေနဲ့ မပျက်မကွက်လာရောက်ဖို့ ရေးထားပါတယ်။
ဘယ်လိုအကြောင်းကြောင့် အိမ်ထောင်ရေးကွာရှင်းခွင့်တောင်းထားတယ်ဆိုတာတော့ သေချာမသိရပါဘူး။ နီးစပ်သူတချို့ပြောကြတာကတော့ လတ်တလောမှာ သရုပ်ဆောင် ရဲကိုကိုဟာ ဂျပန်နိုင်ငံမှာ နေထိုင် လျှက် ရှိတယ်လို့ ဆိုပါတယ်။
အာဇာနည်နေ့မှာ မွေးဖွားခဲ့သူ လင်းဇာနည်ဇော်ဟာ ဦးရဲမျိုးသွင် ခေါ် ဦးရဲကိုကို နဲ့ ပေါင်းသင်းနေထိုင်လာ ခဲ့တာ မြူလင်းကိုကို ဆိုတဲ့ သမီးတဦး ထွန်းကားခဲ့ပါတယ်။
လင်းဇာနည်ဇော်ဟာ ပြီးခဲ့တဲ့ ဇန်န၀ါရီလလယ် ပိုင်း ရန်ကုန်- မန္တလေး အမြန်လမ်းမ၊ ပဲခူးမြို့အနီးမှာ ယာဉ်တိမ်းမှောက် မှု ဖြစ်ပွားခဲ့လို့ ဒဏ်ရာရခဲ့ပါသေးတယ်။
အိမ့်သံစဉ် ~
Irrawaddy Blog
- (အရှေ့သို့) စကၤာပူမွာ ဘယ်သူတွေကို ကြိမ်ဒဏ်ပေးသလဲ ဆေးစွမ်းထက်သော သလဲသီး...Abortion causes ကိုယ်ဝန်ပျက်စေတဲ့ အကြောင်းတရားတွေ (+18)Syphilis Tests ဆစ်ဖလစ်ရောဂါ စမ်းသပ်နည်းများ (+18)သတိထားရမည့် တို့ဆေးနှင့် မေ့ဆေး အန္တရာယ်မိန်းကလေးတိုင်း သိထားသင့်တဲ့ မိမိခန္ဓာကိုယ်ပေါ်က ယောင်္ကျားလေးများ စိတ်ဝင်စားဆုံးနေရာများ...Jennifer Lawrence..
- (အနောကျသို့) ကလေးငယ် အပူကြီးခြင်း ဆေးစွမ်းထက်သော သလဲသီး...Abortion causes ကိုယ်ဝန်ပျက်စေတဲ့ အကြောင်းတရားတွေ (+18)Syphilis Tests ဆစ်ဖလစ်ရောဂါ စမ်းသပ်နည်းများ (+18)သတိထားရမည့် တို့ဆေးနှင့် မေ့ဆေး အန္တရာယ်မိန်းကလေးတိုင်း သိထားသင့်တဲ့ မိမိခန္ဓာကိုယ်ပေါ်က ယောင်္ကျားလေးများ စိတ်ဝင်စားဆုံးနေရာများ...Jennifer Lawrence..